သုခကမ္ဘာက ရှီဟောင် - Chapter - 121 အရူးအမူး သင်ယူလေ့လာမယ်
Chapter – 121 အရူးအမူး သင်ယူလေ့လာမယ်
နတ်ဘုရားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရဲတဲ့ ရွှေတောင်ပံ မှော်သားရဲကြီးပါ။ စဉ်းစားကြည့် ။ အမှန်တကယ်ဆိုရင် လူ ဘယ်လောက်များများက သည်လိုမျိုး ပုံရိပ်တွေကို မြင်တွေ့ကြမှာလဲ။ သည်ပုံရိပ်တွေရဲ့ သတင်းတွေသာ ပျံ့နှံ့သွားမယ်ဆိုရင် ကမ္ဘာကြီးဟာ သေချာပေါက် ရှော့စ်အကြီးကြီးကို ရသွားကြပါလိမ့်မယ်။ ဒါက ကျင့်ကြံသူတိုင်းကို အိမ်မက်မက်သွားစေနိုင်တဲ့ ရတနာတစ်ခုဖြစ်ပါတယ်။ သည်လိုမျိုး ရတနာကို လုယက်တိုက်ခိုက်ချင်စိတ်မရှိတဲ့ လူကတော့ လုံး၀ကို သာမန်မဖြစ်နိုင်တော့ပါဘူး။
” အစစ်အမှန် ရှေးဟောင်းမှတ်တမ်း ” က သည်လိုမျိုး ကြောက်စရာကောင်းတဲ့ အရာဖြစ်ပါတယ်။
( PS . ကောင်းကင်အရိုးစာအုပ် လို့ပဲ ရှေ့ဆက်သုံးပါတော့မယ် •••)
ကောင်းကင်အရိုးစာအုပ်ဟာ စွမ်းအားသင်္ကေတွေနဲ့ လျှိုဝှက်ဆန်းကြယ်တဲ့ သဘောတရားတွေကို ရှင်းပြတဲ့အခါမှာ ပင်လယ်သမုဒ္ဒရာကို အခြေခံပြီး လမ်းညွန်ပါတယ်။ သူ့ရဲ့ ရှင်းလင်းချက်ကလည်း အင်မတန် ရိုးရှင်းပါတယ်။ နက်ရှိုင်းလွန်းအပိုင်းကနေ ရေတိမ်ပိုင်းအထိ ၊ ရေတိမ်ပိုင်းကနေ နက်ရှိုင်းလွန်းတဲ့အပိုင်းအထိ အဆင့်ဆင့် ဥပမာ ဥပယ တွေနဲ့ ထုတ်နှုတ်နားလည်စေပါတယ်။ ကောင်းကင် နဲ့ မြေကြီးကြားက အရာတွေကို သိဖို့ဆိုတာ တကယ်တော့ ခက်ခဲတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ လွယ်ကူတယ်ဆိုတာလည်း မဟုတ်ပြန်ပါဘူး။
နက်ပြာရေအိုင်ရဲ့ ကန်အလယ်မှာ လှေလေးတွ မျောပါနေပါတယ်။ ကြည်လင်နေတဲ့ ကန်ရေပြင်ဟာလည်း လှိုင်းကြက်ခွပ်လေးတွေ တဝုန်းဝုန်းထသွားပါတယ်။ တောက်ပတဲ့ အသွေးအရောင်တွေ ရှိလို့နေတဲ့ နဂါးပါးသိုင်းမွေးရွှေငါးတွေကလည်း ကန်ရေပြင်ထက်ကို ခုန်ပေါက်ထွက်လာပါတယ်။
လှေငယ်လေးတစ်စင်းပေါ်မှာတေ့ာ ရှီဟောင်ဟာ အေးဆေးတည်ငြိမ်စွာပဲ သက်သောက်သက်သာနဲ့ ထိုင်နေပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်တခုလုံးကလည်း နတ်ဘုရားဆန်တဲ့ အော်ရာအလင်းတန်းတွေ ဖြာထွက်နေပါတယ်။ သူ့ရဲ့ အရိုးအသားတွေဟာ သူ့့ရဲ့ ခန္ဓာကိုယ်အတွင်းမှာ စွမ်းအားသင်္ကေတအသစ်တွေ ပြန်လည် တည်ဆောက်လို့ပြီးဆုံးသွားတာ ဖြစ်နိုင်ပါတယ်။
ရှီဟောင်ဟာ ကောင်းကင်အရိုးစာအုပ်ကို ဖတ်ရှုတာ ပြီးဆုံးသွားတာနဲ့ တပြိုင်နက် သူ့ရဲ့ အသိဥာဏ်ပညာနဲ့ နားလည်သဘောပေါက်နိုင်စွမ်းက သိသိသာသာကိုပဲ နက်ရှိုင်းလို့လာပါတယ်။ သူဟာ စွမ်းအားသင်္ကေတတွေရဲ့ အခြေခံအကျဆုံးအပိုင်းကို နားလည်သွားခဲ့သလို သွေးဆင့်ကဲပြောင်းလဲခြင်းကလည်း ပိုပိုကြီး သန်မာလာပါတယ်။ အလင်းတန်းအစက်အပြောက်တစ်ခုဟာ မှော်ဆန်တဲ့ နတ်ဘုရားအလင်းတန်းတစ်ခုအလား ရှီဟောင်ရဲ့ ကိုယ်ထဲမှာ အဆက်မပြတ်လှည့်လည် စီးဆင်းလို့နေပါတယ်။ သူတို့က ကောင်းကင်အရိုးစာအုပ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဖိနိပ့်မှုအော်ရာတွေကို ကာကွယ်ပေးနိုင်ကြပါတယ်။ ပြီးတော့ စိတ်ဝိညာဉ်စွမ်းအားတွေကို ပြန်လည် ဖြည့်ဆည်းပေးပြီး ရှီဟောင်ရဲ့ ခန္ဓာကိုယ်ကို အဆက်မပြတ် ကြံ့ခိုင်စေပါတယ်။
ရလာဒ်ကတော့ တုန်လှုပ်စရာကောင်းလှပါတယ်။ ရှီဟောင်ကို ကြည့်ရတာဟာ မီးဖိုတစ်ခုလိုပဲ တောက်ပကြည်လင်လို့ နေပါတယ်။ နောက်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ကနေ စွမ်းအားသင်္ကေတွေဟာ တစ်ခုပြီး တစ်ခု လျှို့ဝှက်ဆန်းကြယ်တဲ့ ပုံစံနဲ့ ထွက်ပေါ်လာပါတယ်။
နတ်ဘုရားဆန်တဲ့အလင်းတန်းတွေဟာ နတ်ဘုရားတောင်ပံတစ်ခုအလား သူ့ရဲ့ ခန္ဓာကိုယ်အပြင်ဘက်မှာ ဖြစ်ပေါ်လာပါတယ်။ သူ့ ခန္ဓာကိုယ်အတွင်းက မူလအမြူ တေ သွေးစွမ်အားတွေကလည်း တဗြစ်ဗြစ် မြည်လာပြီး သွေးစက်တစက်တည်း အဖြစ်ပြောင်းလဲလိုက်ပါတယ်။ မူလအမြူ တေသွေးစွမ်းအားတွေဟာ တဖြည်းဖြည်း သိပ်သည်းလာတာနဲ့အမျှ ပိုပိုပြီး အစွမ်းထက်လာပါတယ်။
သူ့ခန္ဓာကိုယ်ပြင်ပမှာပဲ နတ်ဘုရားဆန်တဲ့ အလင်းတန်းတွေဟာ တောက်ပစွာ သန့်ရှင်းနေခဲ့ပါတယ်။ သူ့ကို ကြည့်ရတာဟာ သူ့ရဲ့ တောင်ပံတွေဟာ ကြီးထွားလာပြီး ပျံသန်းထွက်ခွာသွားတော့မဲ့ အတိုင်းပါပဲ။ သူ့ ခန္ဓာကိုယ်ရဲ့ တောက်ပမှုတွေဟာ ကန်ရေပြင်ထက်မှာ ပိုပိုပြီး ကျယ်ပြန့်လာကာ အရပ်ဆယ်မျက်နှာကို ပြန့်နှံ့သွားပါတယ်။
ရှီဟောင်ကို ၀န်းရံပြီး နက်ပြာရေကန်နားက စောင့်ကြည့်နေကြတဲ့ ရွာသားတွေအားလုံး တုန်လှုပ်ချောက်ခြားသွားကြပါတယ်။ ရွာသားတွေဟာ သူတို့တွေလိုပဲ ရေကန်အလယ်ကိုကြည့်ပြီး အံ့အားသင့်နေပုံရတဲ့ ကြိုးကြာငှက်လေးတွေနဲ့ ထူးဆန်းတဲ့ မှော်သားရဲတွေကို တွေ့လိုက်ရပါတယ်။ နဂါးပါးသိုင်းမွှေး ရွှေငါးတွေဟာ နတ်ဘုရားဆန်တဲ့ အလင်းတန်းတွေရဲ့ ဆွဲဆောင်မှုကြောင် အုပ်စုလိုက်ကြီး ပေါ်ထွက်လာကြပါတယ်။ ပြီးတော့ သူတို့တွေဟာ အလင်းတန်းတွေကို သူတို့ရဲ့ ရွှေရောင်အော်ရာတွေနဲ့ သိပ့်သည်းစေခဲ့ပါတယ်။
ရှီဟောင်ဟာ သူ့ရဲ့ မျက်လုံးတွေကို ပိတ်ထားဆဲပါပဲ။ သူဟာ သွေးဆင့်ကဲ ပြောင်းလဲခြင်း နယ်ပယ်အဆင့်ကို အကြိမ်ကြိမ်အခါခါ ပြန်လည် သုံးသပ်လို့နေပါတယ်။
ကောင်းကင်နဲ့ မြေကြီးကြားက ဝိညာဉ်အနှစ်သာရတွေဟာ သူ့ခန္ဓာကိုယ်ထံကို တသွင်သွင်စီး၀င်လာပါတယ်။ ဝိညာဉ်အနှစ်သာရတွေဟာ သူ့ရဲ့ ခန္ဓာကိုယ်တစ်လျှောက် ဖြတ်သန်းသွားပြီး မြစ်ကြီးတစ်စင်းလို စီးဆင်းနေတဲ့ သွေးအမြူ တေစွမ်းအားတွေနဲ့ ကျယ်လောင်စွာ ပေါင်းစပ်ကာ တူန်ဟီးသွားကြပါတယ်။
ရှီဟောင်ဟာ အရင်တည်းက သွေးဆင့်ကဲပြောင်းလဲခြင်းနယ်ပယ် ကနဦးအဆင့်ကို ရောက်ရှိထားပြီခဲ့ပါပြီ။ ဒီနောက်မှာတော့ သူဟာ မိုးမခနတ်ဘုရားရဲ့ လမ်းညွန်မှုနဲ့အတူ အလယ်အလတ်အဆင့် နဲ့ နောက်ဆုံးအဆင့်နယ်ပယ်တွေကို ချိုးဖြတ်နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ သူဟာ သွေးဆင့်ကဲပြောင်းလဲခြင်း နယ်ပယ် ရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်။
ရှီဟောင်ဟာ ရုတ်တရက်ဆိုသလိုပဲ မျက်လုံးတွေ ပွင့်လာကာ သွေးဆင့်ကဲပြောင်းလဲခြင်းနယ်ပယ်ရဲ့ ပြီးပြည့်စုံခြင်းအဆင့်စွမ်းအားတွေကို ထုတ်ဖော်လိုက်ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ ကျောက်စိမ်းရောင်တလက်လက်တောက်လို့ လာခဲ့ပါတယ်။ နက်ပြာရေကန်ထဲက နဂါးပါးသိုင်းမွေးရွှေငါးတွေဟာလည်း အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်ကြပြီး ချက်ချင်းပဲ ရေအောက်ကို ပြန်လည်ငုတ်လျိုးသွားဖို့ အမြီးခပ်လိုက်ပါတယ်။
” ပလုံ …။”
ရှီဟောင်က ရေကန်ထဲကို လျှပ်တပြတ်ချလိုက်ပါတယ်။ ပြီးတော့ သူ့ရဲ့ လက်တွေဟာ ရေထဲမှာ အရမ်းကို မြန်ဆန်တဲ့ အရှိန်နဲ့ လှုပ်ရှားသွားခဲ့ပြီး ဂျင်သုံးရာလောက်အလေးချိန်ရှိတဲ့ နဂါပါးသိုင်းမွေးရွှေငါးကြီးတစ်ကောင်ကို ဖမ်းမိလိုက်ပါတယ်။ နဂါးပါးသိုင်းမွေးရွှေငါးကြီးရဲ့ တကိုယ်လုံးဟာ အလင်းတန်းတွေ တိုးထွက်နေပြီး သူ့ရဲ့ရေယက်ပါးသိုင်းမွေးတွေကလည်း တောက်ပလို့နေပါတယ်။ တကယ်တော့ နဂါးပါးသိုင်းမွေးရွှေငါးတွေရဲ့ အစိတ်အပိုင်းဆစ်ခုချင်းဆီတိုင်းက ရတနာတွေချည်းပါပဲ။
ရှီဟောင်ဟာ သူ့ရဲ့ လက်မောင်းကို လွဲလိုက်ပြီး အော်ပြောလိုက်ပါတယ်။
” ဆိတ်ပေါက်လေး .. ဖမ်းထားလိုက်စမ်း .. ။”
ဒီ့နောက်မှာတော့ သူဟာ လျှင်မြန်စွာပဲ ရေအောက်ကို နောက်တကြိမ် ငုံ့သွားခဲ့ပြီး တခါး ဂျင်နှစ်ရာလောက်ရှိတဲ့ နဂါပါးသိုင်းမွေးရွှေငါးကြီးကို ကမ်းပေါ်ပစ်တင်ပေးလိုက်ပြန်ပါတယ်။
” ဝိုး … ဒါက ငါးဘုရင်ပါလား .. သူက သအလေးချိန် ဂျင် သောင်းချီရှိတာလေ .. ဘယ်လောက်တောင် ကြီးမားလိုက်သလဲ .. စဉ်းစားလို့ကို မရလောက်သလိုပဲ..။”
” ကလေးလေး .. ငါး အကြီးကြီးတွေ ရှိသေးယ် ..။ ဒီကောင်တွေ အနည်းဆုံး အကောင် နှစ်ဆယ်ကျော်လောက် ရှိတာ ငါ မြင်ထားတယ် .. ။ သူတို့ကို မြန်မြန် ဖမ်းပေးပါတော့ .. ”
ကလေးအုပ်စုကလည်း သံပြိုင်ကို အော်ဟစ်လိုက်ကြပါတယ်။ သည်လိုမျိုး ငါးဘုရင်တွေဆိုတာ သေချာပေါက်ကို အရမ်းကို ကောင်းမွန်တဲ့ ဆေးဖက်၀င်ဂုဏ်သတ္တိတွေ ရှိလို့နေတာပါ။ သူတ်ို့ကို စားသောက်ပြီးတာနဲ့ သိသိသာသာပဲ သွေးစွမ်းအားအော်ရာတွေကို မြင့်တက်စေပြီး အရမ်းကို သန်မာကြံ့ခိုင်စေလာမှာပါ။
ရှီဟောင်ဟာ နက်ပြာရေအိုင်ထဲက ငါးဘုရင်တွေ အကုန်လုံးကို မဖမ်းဆီးခဲ့ပါဘူး။ ငါးဘုရင် တစ်ကောင်က နက်ပြာရေအိုင်လို နေရာမှာ ရှင်သန်နိုင်ဖို့ မလွယ်ကူပဲ အရမ်းကို ခက်ခဲပါတယ်။ သူတို့တွေဟာ ပထမဆုံး ဥချရာကနေ အကောင်ပေါက်လာရင်တောင် ငါးဘုရင်ပါလာဖို့ က မဖြစ်နိုင်သလောက်ပါပဲ။
•••••
” အဘိုး .. ကျွန်တော် ဒီကနေ ခရီးရှည်ကြီး စထွက်တော့မယ် ..။”
ရှီဟောင်ဟာ ညစာစားပြီးချိန်မှာပဲ စတင်ပြောဆိုလိုက်ပါတယ်။
ရွာအကြီးအကဲ ရှီယွီဖန်းရဲ့ ကြမ်းတမ်းတဲ့ လက်ဖဝါးတွေဟာ ရှီဟောင့်ခေါင်းကို ပွတ်သပ်လိုက်ပါတယ်။
” ကလေးလေး .. မင်းတောင် မျက်စိရှေ့မှာပဲ တဖြည်ဖြည်း ကြီးပြင်းလာပြီပေါ့ .. မင်းရဲ့ ကျင့်ကြံခြင်းအတွက် အမှန်တကယ်လည်း မင်းစိတ်ထဲရှိတဲ့ အတိုင်း ဒီနယ်မြေတစ်ခွင်ကို သွားလာနိုင်ပါတယ်.. ဒါနဲ့ မင်းဘယ်ကို သွားမယ်လို့ စဉ်းစားထားသလဲ ..။”
” ကျွန်တော်လည်း ကျောက်ခေတ်ရွာကို စွန့်ခွာမသွားချင်ပါဘူး.. ကျွန်တော့်ကို မိုးမခနတ်ဘုရားက ပြောတယ်..။ ကိုယ့်ကို ကိုယ် တ်ိုးတက်စေချင်ရင် မြန်မြန်အခက်အခဲတွေကို ရင်ဆိုကြရမယ်တဲ့ ..။ ကျွန်တော့်ရဲ့ ခရီးစဉ်ပြီးဆုံးတာနဲ့ ဆက်ဆက် ပြန်လာပါ့မယ် ..။ ”
ရှီဟောင်က ညင်သာစွာ ပြောဆိုလိုက်ပါတယ်။
ရှီဟောင်က သူ့ရဲ့ ပျောက်ဆုံးနေတဲ့ မိဘနှစ်ပါးနဲ့ သူ့ရဲ့ ဆွေမျိုးအရင်းအချာတွေကို ပြန်လည်တွေ့ဆုံလိုစိတ်တွေ တဖွားဖွားဖြစ်ပေါ်နေပါတယ်။ ရှီကျိလောင်တို့ဟာ သူ့အသက်တစ်နှစ်သားလောက်တည်းက သူ့ကို ထားရစ်ခဲ့ပြီး သန့်စင်ခြင်းဆေးဝါးရှာဖွေရေးခရီးထွက်သွားဟာ ဘယ်တော့မှ ပြန်လည်ရောက်ရှိမလာကြတော့ပါဘူး။ ဒါ့ကြောင့်ပဲ သူဟာ မယုံနိုင်လောက်အောင် စိုးရိမ်ပူပန်လို့နေခဲ့ပါတယ်။
” ကလေးလေး .. မင်း ရှေးဟောင်းတိုင်းပြည်ကို ခရီးထွက်မလို့လား …။”
ရွာအကြီးအကဲ ရှီယွီဖန်း ကို အရမ်းကို စိုးရိမ်ပူပန်သွားပါတယ်။ အဲ့သည်မှာက ရှီဟောင်လိုပဲ နတ်ဘုရားတွေကောင်းချီးပေးခံထားရတဲ့ ရှေးဟောင်းတိုင်းပြည်ရဲ့ အစွမ်းထက်ဆုံး ပါရမီရှင်ရှိလို့နေပါတယ်။ ဒါက တကယ့် အမှန်တရားတစ်ခုပါ။
ရှီဟောင်က သူ့ရဲ့ခေါင်းကိုခါပြီး ပြောဆိုလိုက်ပါတယ်။
” ဘယ်လို အန္တရာယ်တွေ ရှိရှိ ကျွန်တော်ရင်ဆိုင်သွားမယ် .. ကျွန်တော်တို့ရဲ့ သည်နယ်မြေက အကျယ်ကြီးပါ .. မိုးမခနတ်ဘုရားပြောတာက သေခြင်းရှင်ခြင်း သွေးစက်တွေရဲ့ အန္တရာယ်အောက်က မှော်သားရဲဆိုးတွေနဲ့ တိုက်ပွဲ၀င်နိုင်မှ တိုးတက်လာမှာတဲ့ … အဲ့ဒါမှပဲ ကျွန်တော့်ရဲ့ သဘောပေါက်နားလည်နိုင်စွမ်းက အရမ်းကို မြင့်မားလာပြီး မြန်မြန်ဆန်ဆန်ကို ရင့်ကျက်ခိုင်မာလာမှာလေ ..။”
လက်ရှိအချိန်မှာ သူဟာ သွေးဆင့်ကဲပြောင်းလဲခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေခဲ့ပါပြီ။
( ပြီးပြည်စုံခြင်းအဆင့် = အထွတ်အထိပ်အဆင့် ) ( PS . နောက်ကို အထွတ်အထိပ်အဆင့်လို့ပဲ ပြောင်းလဲရေးသားသွားတော့မှာ ဖြစ်ပါတယ်။ )
မိုးမခနတ်ဘုရားရဲ့ လမ်းညွန်မှုတွေကို ရရှိထားတာကြောင့်လည်း သူ့ရဲ့ အောင်မြင်မှု လှေကားထစ်ကို မြင်ရလို့နေပါပြီ။ ဒါ့ကြောင့်ပဲ သူဟာ ပိုပြီး တွေ့ကြုံခံစားရမှ ပိုပြီး နားလည်သဘောပေါက်နိုင်စွမ်း မြင့်မားလာပါလိမ့်မယ်။ သူ့ရဲ့ အနာဂတ်ကျင့်ကြံခြင်းလမ်းကြောင်းကို ချောမွေ့စေဖို့အတွက် သူဟာ အဆင့်ကြီးတစ်ခုထပ်တက်ဖို့ကို တစ်လလောက် စောင့်နေလိုက်ပါတယ်။
ရှင်္ီဟောင်ဟာ ပင်မကျောက်ခေတ်ကလန်ကြီးရဲ့ ဒုတိယမြောက် ဘိုးဘွားနယ်မြေကိုလည်း သွားကြည့်ချင်ပါသေးတယ်။ ရှေးဟောင်းအင်ပါယာ တိုင်းပြည်ဘက်က ကြည့်ရင် ကျောက်ခေတ်ကျေးရွာက ပထမဘိုးဘွားပိုင် နယ်မြေဖြစ်ပြီး ကလန်ထဲက အပြစ်သားတွေကို ထိန်းသိမ်းရာနယ်မြေကတော့ ဒုတိယဘိုးဘွားပိုင် နယ်မြေအဖြစ် သတ်မှတ်လို့ထားကြတာပါ။ အာ့သည်မှာ ကလန်ကနေ အပြစ်ပေးပြီး နှင်ထုတ်ခံထားရတဲ့ အစွမ်းထက်ကလန်အကြီးအကဲတွေ ရှိလို့နေပါတယ်။ သူတို့တွေက တချိန်တုန်းက သူ့ရဲ့ မိဘတွေနဲ့ အတော်လေးကို ညီညွတ်တဲ့စိတ်ထားတွေရှိကြပါတယ်။ ဒါက သူ့ရဲ့ မိဘတွေ ဘယ်နေရာမှာ ရှိနေနိုင်လဲဆိူတဲ့ သဲလွန်စကို ရှာတွေ့နိုင်ပါတယ်။
ရှီဟောင်က သူ့ရဲ့ မိဘတွေနဲ့ နှစ်ပေါင်းများစွာ ဝေးကွာလို့နေခဲ့ရပါတယ်။ သူတို့တွေဟာ သူ့အတွက်နဲ့ သန့်စင်ခြင်းဆေးဝါးတွေကို ရှာဖွေဖို့အတွက် ခန့်မှန်းမရလောက်အောင် အန္တရာယ်များတဲ့ နယ်မြေထဲကို ရဲရင့်စွာ၀င်ရောက်သွားကြပါတယ်။ ဒါက သူ့ရဲ့နှလုံးသားတစ်ခုလုံးကို ဘယ်လောက်ထိ စိုးရိမ်ပူပန်မှုတွေ ကြီးစိုးသွားစေသလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။
အခုချိန်မှာတော့ သူဘာမှ လုပ်မပေးနိုင်သေးပါဘူး။ ဒါပေမဲ့ သူက မိဘတွေဘယ်နေရာမှာ ရှိနေမလဲဆိုတာကိုတော့ သိချင်ပါတယ်။ သူဟာ စိတ်ခံစားချက်ပြင်းထန်စွာပဲ နှုတ်ခမ်းကို ပြန်ကိုက်လိုက်မိပါတယ်။ သူ့ရဲ့ မိဘနှစ်ပါးဟာ သူ့့အတွက် အစစ်အမှန်သွေးရင်းသားရင်းတွေ ဖြစ်ကြပါတယ်။ သူက သူတို့တွေကို မမြင်ရဖူးဆိုရင်တောင် သတင်းစကားလေးလောက် ကြာရမယ်ဆိုရင် သူ နည်းနည်လေးတော့ စိတ်ဖြေသာပါဦးမယ်။
နောက်ပြီးတော့ ဒုတိယဘိုးဘွားပိုင်နယ်မြေမှာ သူ့နေရာမှာ အစားထိုးခံထားရတဲ့ ကလေးတစ်ယောက်ရှိနေပါသေးတယ်။ အဲ့သည် ကလေးကလည်း သာသာယာယာပဲ နေရသလား အန္တရာယ်တွေကြားမှာပဲ ကျရောက်နေမလားဆိုတာလည်း သူ မသိရသေးပါဘူး။ သူ့ရဲ့ စိတ်ခံစားချက်သက်သက်နဲ့ ပြောရရင် ရှီဟောင်ဟာ သူ့နေရာမှာ အစားထိုးခံထားရတဲ့ ကောင်လေးကို ဒီလို ကံကြမ္မာဆိုးမျိုး ကြုံရဖို့ မသင့်ဖူးဆိုတာကို ခံစားမိလိုက်ပါတယ်။
” ကလေးလေး .. ဒီခရီးက အရမ်းဝေးလွန်းသွားပြီ .. နောက် အန္တရာယ်လည်း အရမ်းများတယ် ..”
ရွာအကြီးအကဲ ရှီယွီဖန်းက လုံး၀ကို ခွင့်မပြုချင်တော့ပါဘူး။
” ဝေးတာတော့ ဝေးပါတယ် .. ဒါပေမဲ့ ဒီလမ်းကြောင်းကို ကျော်ဖြတ်မသွားနိုင်တာတော့ မဟုတ်ပါဘူး .. ကျွန်တော့်ကို မသိစိတ်မှတ်ဥာဏ်တွေကို မိုးမခနတ်ဘုရားက ကြည့်ခဲ့ပြီဲပြီလေ .. သူ ခန့်မှန်းတာကတော့ ရှေးဟောင်းအင်ပါယာတိုင်းပြည်နဲ့ ဒီနေရာက လီသုံးသိန်လောက်ပဲ ဝေးမှာပါ ..။”
ရှီဟောင်က အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်ပါတယ်။
ဒုတိယမြောက် ဘိုးဘွားပိုင်နယ်မြေဆိုတာ ရှေးဟောင်အင်ပါယာတိုင်းပြည်ရဲ့ နယ်နမိတ်အတွင်းမှာပဲ တည်ရှိနေတာပါ။ ဒါပေမဲ့ အဲ့သည်နေရာက ရှေးကျလွန်းပြီး အေးစိမ့်နေတဲ့ နယ်မြေတစ်ခုပါ။ ဒုတိယ ဘိုးဘွားပိုင် နယ်မြေက ဝေးတယ်ဆိုပေမဲ့လည်း အမှန်တကယ်အကွာအဝေးက လီ သုံးသိန်းမရှိပါဘူး။ ပြောရရင် ကျောက်ခေတ်ကလန်ရဲ့ ကျင့်ကြံသူတွေကလည်း သူတို့ရဲ့ ပထမဘိုးဘွားပိုင် နယ်မြေကို အရင်တည်းက ရှာနေခဲ့တာပါ။
ရှေးဟောင်းအင်ပါယာတိုင်ပြည်ဟာ အဆုံးမရှိတဲ့အလား ကျယ်ပြောလှတာကြောင့် လီ သုံးသိန်းအကွာအဝေးဆိုတာ တကယ့်ကို ဘာမှမဟုတ်တော့ပါဘူး။ ဒါပေမဲ့ ကလေးလေးတစ်ယောက် လီသုံးသိန်အကွာအဝေးရှိတဲ့ နေရာကို သွားမယ်ဆိုတာက အမှန်တကယ်ကို ယုတ္တိကျော်လွန်နေပါတယ်။
” ကလေးလေး .. မင်း .. ခုမတိုင်ခင် အရင်တုန်းက ခရီးဝေးသွားဖူးတာ မဟုတ်ဘူးလေ .. ငါက ဘယ်လို စိတ်အေးလက်အေး ရှိနေနိုင်မှာလဲ ..။”
ရွာအကြီးအကဲ ရှီယွီဖန်းဟာ အကြောက်အကန် ငြင်းဆန်လိုက်ပါတယ်။
အချိန်အတော်လေးအကြာမှာတော့ ကျောက်ခေတ်ရွာသားတွေပါ ထွက်လာပြီး ရှီဟောင်ကို ခိုင်ခိုင်မာမာ တားဆီးလိုက်ကြပါတယ်။ သည် လမ်းခရီးက ရှည်လျှားလွန်းလှပြီး အစ မှ အဆုံးထိ အန္တရာယ်တွေ ပြွတ်သ်ိပ့်နေတဲ့ လမ်းတဝ်ခုလေ။ တစ်ယောက်ယောက်က မမျှော်လင့်ပဲ တောင်တန်းထဲကို ၀င်ရောက်သွားမိရင် သေခြင်းတရားက သူ့ရဲ့ နဖူးမှာ စာလုံးပေါင်းပြသွားပါလိမ့်မယ်။
” မိုးမခနတ်ဘုရားက ဒါဟာ ကျွန်တော်ဘြ၀ရဲ့ အရမ်းကို အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလို့ ပြောတယ် .. ဒီခရီးကြမ်းကို ထွက်ဖို့ သူပဲ ကျွန်တော့်ကို ပြောခဲ့တာ ..။”
ရှီဟောင်က ပြောဆိုလိုက်ပါတယ်။
ရွာသားတွေက ဒါကိုကြားလိုက်တယ်ဆိုရင်ပဲ သူတို့တွေဟာ ချက်ချင်းပဲ အသံတိတ်သွားကြပါတယ်။ တကယ်တော့ မိုးမခသစ်ပင်အိုကြီးဆိုတာ သူတို့နှလုံးသားထဲမှာ အထွဋ်အမြတ်ထားထားကြတဲ့ သုခဘုံကြီးလေ။ ဒီစကားတွေကိုသာ မိုးမခသစ်ပင်အိုကြီးက ပြောခဲ့တာဆိုရင် သူတို့က ဒါကို ဆန့်ကျင်ဖို့ဆိုတာ လုံး၀မဖြစ်နိုင်ပါဘူး။
” ဒီလိုကြမ်းတမ်းခက်ခဲတဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကို မင်း ငြင်းလို့ရပါတယ်..။လက်ခံရမယ်လို့ ငါအတင်းအကျပ်တော့ မပြောလိုဘူး .. ငါ ပြောချင်တာက အစစ်အမှန်ဧကရာဇ်အဆင့်တွေ ရှန်းနီနဲ့ ရှေးဟောင်းသားရဲတွေအားလုံး သူတို့တွေ ငယ်ရွယ်ချိန်မှာ ကျင့်ကြံခဲ့အတိုင်း မင်းကို ကျင့်ကြံသင့်တယ်လို့ လမ်းညွန်ပေးတာ.. အမှန်တကယ်ပြောရရင် လီ သုံးသိန်းဆိုတာ အရမ်းကို ကြောက်စရာကောင်းတယ် .. ဒီ တိတ်ဆိတ်သလိုထင်နေရတဲ့ နယ်မြေထဲမှာတောင် ထူးဆန်းတဲ့မျိုးစိတ်တွေ သားရဲတွေ အများကြီးကို ရှိနေတာ .. မင်းသာ ကြိုတင်ပြကာဆင်မှု အားမကောင်းရင် ရုတ်တရက်ဖြစ်လာမဲ့ အန္တရာယ်တွေက မင်းဆီကို ၀င်လာလိမ့်မယ်..။”
မိုးမခနတ်ဘုရားက ပြောဆိုလိုက်ပါတယ်။
ရှေးဟောင်း ကမ္ဘာဦးခေတ်ကာလတည်းက အရမ်းအရမ်းကို အစွမ်းထက်လွန်ကြတဲ့ သားရဲကြီးတွေဟာ သူတို့ရဲ့ အစွမ်းအစတွေ တိုးတက်လာဖို့အတွက် သက်သောက်သက်သာအခြေအနေကနေ ကြမ်းတမ်းတဲ့ လမ်းစဉ်ကို ရွေးချယ်ကြပါတယ်။ လောကသဘာ၀တရားကြီးက အရမ်းကို မျှတမှုရှိပါတယ်။ ကြမ်းတမ်းခက်ခဲတဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းတဲ့ သက်ရှိတိုင်းကို ရင့်ကျက်မှု . အတွေ့အကြုံကြွယ်၀မှု . အသိအမြင်ကျယ်ပြန့်မှု . တွေးခေါ်စဉ်းစားနိုင်စွမ်း . ကျိုးကြောင်းဆက်စပ် သုံးသပ်နိုင်ခြင်း စတဲ့ အသပြာတွေနဲ့ ပေး၀ယ်လို့ မရနိုင်တဲ့ သဘာ၀ဆုလာဒ်တွေကို ရက်ရက်ရောရော ပေးကမ်းချီးမြင့်ပါတယ်။
သားရဲတွေက နေရာတိုင်းကို စွန့်စားသွားလာခဲ့ပြီး အမြဲတမ်းလည်း တကိုယ်တည်းသာ ရုန်းကန်သွားလာတတ်ကြပါတယ်။ သူတို့တွေဟာ မယုံနိုင်လောက်အောင် အန္တရာယ်များတဲ့ တောင်တန်းတွေကိုလည်း ဖြတ်ကျော်ခရီးနှင်ရပါတယ်။ ဒါက သူတို့အတွက် ကြီးမားလွန်းတဲ့ စမ်းသပ်မှုကြီးပါပဲ။ အဲ့ဒီ အချိန်မှာ ကြုံရတဲ့ ရန်သူတိုင်းက ပြောမပြနိုင်လောက်အောင် ကြောက်စရာကောင်းပြီး ပိုပြီးလည်း အန္တရာယ်များပါတယ်။
မိုးမခနတ်ဘုရားရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ဟာ အခြေခံကျလွန်းတဲ့ နည်းစနစ်တစ်ခုဖြစ်ပြီး ရွာသားတွေက တိုင်းတာဆင်ခြင်နိုင်စွမ်း မရှိပါဘူး။ သည်အရာတွေဟာ ကမ္ဘာပေါ်က တကယ့်ကို အစွမ်းထက်လွန်းကြတဲ့ မျိုးစိတ်တွေသာ လုပ်နိုင်တဲ့အရာတွေ ဖြစ်ပါတယ်။
” ကျွန်တော် တစ်ယောက်တည်း သွားမှာပါ .. ဒါက အမှန်တကယ် အန္တရာယ်များလွန်းတယ်ဆိုရင်တော့ ကျွန်တော် စောစောစီးစီး ပြန်ရောက်လာနိုင်မယ် မထင်ဘူး ..။”
ရှီဟောင်ရဲ့ မျက်လုံးတွေဟာ ရီဝေသွားခဲ့ပါတယ်။ သူ့ရဲ့ မသိစိတ်မှတ်ဥာဏ်ထဲမှာ သူ့ရဲ့ အဖိုးအရင်းဖြစ်တဲ့ အကြီးအကဲဆယ့်ငါးဟာ ကလန်တစ်ရာရဲ့ တိုက်ပွဲနယ်မြေမှာ အရမ်းကို သန့်စင်တဲ့ သွေးအမြူ တွေကို ပိုင်ဆိုင်တဲ့ ဖီးရှုံးသားရဲနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ကြည့်ရတာတော့ သူ့အဖိုးက စပြီး သူ့အဖေထိ အရမ်းကို ကြောက်စရာကောင်းပြီး အစွမ်းထက်နေတာဟာ ခက်ခဲကြမ်းတမ်းတဲ့ လမ်းစဉ်ကို လျှောက်လှမ်းပြီး ကျင့်ကြံခဲ့ကြတာကြောင့် ဖြစ်ပါလိမ့်မယ်။
” ကျွန်တော် သေချာပေါက် လုပ်နိုင်ပါတယ် ..။”
ရှီဟောင်ဟာ သူ့ရဲ့ လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး ရှေးဟောင်းအင်ပါယာတိုင်းပြည်အထိ သွားရမဲ့ သူ့ခရီးကြမ်းအတွက် ကိုယ့်ကိုကိုယ် ပြန်အားပေးလိုက်ပါတယ်။
***