သုခကမ္ဘာက ရှီဟောင် - Chapter - 129 ပျက်သုန်းခြင်း နယ်မြေမှ ထွက်ခွာခြင်း
Chapter – 129 ပျက်သုန်းခြင်း နယ်မြေမှ ထွက်ခွာခြင်း
” ယိုယု .. ဒီတစ်ခါ အနောက်ဘက်နယ်စပ်ကို သွားဖို့ အမိန့်ရထားတာမလား.. ဒီဟာက နောက်ဆုံးတစ်ခုပဲ .. မင်းအခုလိုပဲ ပေးလိုက်တော့တာလား ..။”
သက်လတ်ပိုင်း လူကြီးက မေးမြန်းလိုက်ပါတယ်။
” ဒီတံဆိပ်ပြားကို ကိုင်ဆောင်ထားတဲ့ လူငယ်တစ်ယောက်က ကောင်းကင်ပြုပြင်ခြင်း ခန်းမထဲကို ၀င်နိုင်တယ် .. ဒါက သူ့အနေနဲ့ ကောင်းကင်ကို ခြေတလှမ်းတည်းနဲ့ တက်နိုင်တယ်ဆိုတာကို ပြတာပဲ .. သူက အဖိုးတန်ဆေးဝါးအမျိုးမျိုးနဲ့ စွမ်းအားသင်္ကေတတွေကို သုံးရတဲ့ လျှို့ဝှက်နည်းလမ်းတွေကိုလည်း ဦးစားပေသင်ကြားခံရလိမ့်မယ် .. ဒီ တံဆိပ်ပြားက တကယ်ကို တန်ဖိုးမဖြတ်နိုင်ဘူး .. “
” ဒါအမှန်ပဲ .. ယိုယု .. ကျောက်ခေတ်တိုင်းပြည်ရဲ့ မိုးကလန်မှာ မင်းရဲ့ နောက်ဆုံးသော တံဆိပ်ပြားကို သုံးခဲ့တယ် .. သူတို့က ကောင်းကင်ပြုပြင်ခြင်းခန်းမထဲကို ၀င်ခွင့်ပြုတယ်ဆိုတာ သူတို့ရဲ့ အစွမ်းထက်တဲ့ အမွေခံလမ်းကြောင်းကို ပေးချင်ကြလို့ပဲ .. မင်း ဒါကို ထပ်ပြီး မစဉ်းစားတော့ဘူးလား .. ။”
” သူ့အနေအထား နဲ့ အခြေအနေက အမွေခံလမ်းကြောင်းကို လက်မခံနိုင်စရာမရှိတာ ရှင်းလင်းနေပါတယ် .. ဒါ ကောင်းကင်ပြုပြင်ခြင်း ခန်းမရဲ့ ၀င်ခွင့်စစ်ဆေးခြင်းက ခက်ခဲနေရင်တောင် ပြဿ နာဖြစ်စေမှာ မဟုတ်သေးဘူး .. ဒီလိုမျိူ း တံဆိပ်ပြားကို သူတို့တွေရနိုင်တယ်ဆိုကတည်းက သူတို့ကလန်ကလည်း အဖိုးတန်ဆေးဝါးတွေ ချို့တဲ့နေမှာတော့ မဟုတ်ဘူး ..။”
ရှောင်းယိုယု က ကန့်ကွက်ပြောဆိုလိုက်ပါတယ်။
” မှန်တယ် .. ကလန်တိုင်းက သူတို့ရဲ့ ဂုဏ်သိက္ခာကို ကြည့်ကြတာပါပဲ ..။”
အမျိုးသမီးကြီးက ပြောလိုက်ပါတယ်။
” အဲ့သည်အခါ သူတို့က တစ်ယောက်ယောက်ကို ရှာနိုင်တာပဲ .. အနောက်ဘက်နယ်စပ်ကို သွားပြီး ငါတို့က ပါရမီရှင်တွေ ရှာရတော့မှာပဲ..။”
ရှောင်းယိုယုက ရယ်လိုက်ပါတယ်။
သက်လတ်ပိုင်းလူကြီးက ပြောလိုက်ပါတယ်။
” မိုးကလန်က အင်အားကြီးမားလွန်းတယ်.. လာမဲ့နှစ်တွေမှာ မင်းအနေနဲ့ အထူးသဖြင့် သူတို့နဲ့ ပတ်သက်ပြီး အမှားအယွင်းခံလို့မရဘူး ..။သူတို့ရဲ့ ကလန်ထဲက တစ်ယောက်က ကျောက်ခေတ်ကလန်ရဲ့ ဦးရီးတော်တစ်ယောက်ဖြစ်ပြီး သူတို့က အရမ်းအရမ်းကို ဘုန်းတန်ခိုးကြီးမားနေကြတာ ….။”
အဘိုးအိုတယောက်ကလည်း ဒါကို ကြားပြီး မျက်မှောင်ကြုတ်သွားပါတယ်။ သူတို့တွေအနေနဲ့ နည်းနည်းလေးမှ အမှားအယွင်းခံလို့မရတဲ့ တိုင်းပြည်တွေရှိနေတယ်လေ။
” ဘာပဲဖြစ်ဖြစ် .. အဲ့ဒီကလေးက တကယ်ကို ရှုပ်ထွေးလွန်းတယ် .. အကယ်၍ ငါတို့သာ လက်မဦးထားလို့ မြင့်မြတ်သော နယ်မြေကျောင်းတော်ကသာ သူ့ကိုတွေ့သွားရင် သေချာပေါက် သူ့ကို တပည့်မွေးသွားကြလိမ့်မယ် .. အဲ့ဒီလိုဖြစ်ရင် ကောင်းကင်ပြုပြင်ခြင်း ခန်းမက နောင်တရရလိမ့်မယ် .. “
သူတို့လူစုရဲ့ ရှေးဟောင်းနတ်ငှက်ကြီးရဲ့ သက်တံ့ရောင်ဥကြီးကို ဝိုင်း၀န်းရှာပေးနေတယ်ဆိုတာ ခရီးသွားဟန်လွဲသာဖြစ်ပြီး သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ပါရမီရှင်တွေကို စုဆောင်းဖို့ဖြစ်ပါတယ်။
“ သူကတကယ် ခွန်အားရှိတာလား”
လူတစ်ယောက်က မေးလိုက်ပါတယ်။
” သူ့ရဲ့ အလားအလာက ကြောက်စရာကောင်းလွန်းတယ်..။ သူ့ရဲ့ လက်မောင်းမှာတင် အနည်းဆုံး ဂျင်သောင်းချီတဲ့ ခွန်အားတွေပါ၀င်တယ် ..။”
ရှောင်းယိုယုရဲ့ မျက်နှာပေါ်က အပြုံးတွေဟာ ပျောက်ကွယ်သွားပြီး တည်ကြည်လေးနက်စွာ ပြောဆိုလိုက်ပါတယ်။
” သူ့ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားဆန်ဆန် ခွန်အားတွေ ရှိနေတာလား .. သူက ငယ်လွန်းသေးတယ်လေ ..။”
သူတို့တွေအားလုံးဟာ မယုံချင်ကြပေမဲ့လည်း အဖြူရောင်၀တ်စုံ၀တ် မိန်းမလှလေးဟာ ရုတ်တရက်ဆိုသလို ဘာကြောင့် အဖမ်းခံလိုက်ရသလဲဆိုတာကို သဘောပေါက်သွားကြပါတယ်။
” ဒီကလေးက ဘာမှဖုံးကွယ်မထားပဲ သူ့ရဲ့ လက်နှစ်ဖက်စလုံးနဲ့ အင်ပြည့်အားပြည့်တိုက်ခိုက်မယ်ဆိုရင် အနည်းဆုံး ခွန်အား ဂျင် ၈၀၀၀၀ ကနေ ၉၀၀၀၀အထိ ထုတ်နိုင်မယ်လို့ ငါ ထင်တယ် ..။”
အဘ်ိုးအိုကလည်း အခိုင်အမာ၀င်ရောက်ပြောဆိုလိုက်ပါတယ်။
“ ဘာ?!”
လူအားလုံးက တုန်လှုပ်ချောက်ချားစွာအော်ဟစ်လိုက်ကြပါတယ်။
” ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ..။ လက်နှစ်ဖက်စလုံးနဲ့ ခွန်အားအပြည့်တိုက်ခိုက်လို့ ဂျင် ၈၀၀၀၀ , ၉၀၀၀၀ ခွန်အားတွေရတယ်ဆိုတာ ရှေးဟောင်းသားရဲတွေရဲ့ စမ်းသပ်မှုလိုမျိုးကနေမှ ပါရမီရှင်တွေရောက်နိုင်တဲ့ လွမ်းမိုးနိုင်တဲ့ စစ်ဆေးရေး နယ်နမိတ်နားကို နီးကပ်နေပြီ ..။”
တကယ်ကိုပဲ ရှီဟောင်ဟာ ကမ္ဘာကြီးကို ထိတ်လန့်တုန်လှုပ်စေမဲ့ ပါရမီရှင်တစ်ယောက်လား။
လက်တစ်ဖက်တည်းဟာ ခွန်အားဂျင် ၄၀၀၀၀ မှ ၅၀၀၀၀အထိ ရှိပြီး လက်နှစ်ဖက်စလုံးကနေ ပါ၀င်လာတဲ့ ခွန်အားတွေကတော့ ၈၀၀၀၀ မှ ၉၀၀၀၀ ဂျင်အထိ ရှိပါတယ်။ ဒါဟာ ခန့်မှန်းချေတစ်ခုသာ ဖြစ်ပြီး ရှီဟောင် သို၀ှက်ထားတဲ့ ခွန်အားအတိအကျက ဘယ်လောက်လဲဆိုတာ လုံး၀အတိအကျသိနေတာမျိုး မဟုတ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် သည်လိုမျိုး ခန့်မှန်းချေခွန်အားဂျင်တွေသာ ဖြစ်ပေမဲ့ ဒါက အရမ်းကို မယုံနိုင်စရာကောင်းလောက်အောင် အံ့သြဖွယ်ရာ ဖြစ်နေပြီး လူအားလုံးရဲ့ လေးစားမှုကို ရရှိသွားပါတယ်။
“ ယား …”
သက်လတ်ပိုင်းမိန်းမကြီးဟာ မျက်မှောင်ကြုတ်လိုက်ပြီး သူမဟာ တစ်ခုခုကို သတိမထားမလိုက်သလို ခံစားလိုက်ရပါတယ်။ သူမရဲ့ မျက်လုံးတွေဟာ ကောင်းကင်က သောက်ရှူ းကြယ်တွေအလား ငွေရောင်တလက်လက်တောက်ပသွားပါတယ်။
ရုတ်တရက်ဆိုသလို သူမရဲ့ ခေါင်းကိုမောလြိုက်ပြီး မျက်လုံးတွေကလည်း ထိတ်လန့်ခြင်း အရိပ်အငွေ့တွေ ဖြာထွက်သွားပါတယ်။
” ကျွန်မတို့တော့ အမှားလုပ်လိုက်မိပြီ …။”
“ ငါတို့ ဘယ်လိုအမှားမျို း လုပ်မိခဲ့တာလဲ? “သက်လတ်ပိုင်း မိန်းမကြီးဟာ သက်တံ့ရောင်ဥခွံတစ်ခုကို သူမရဲ့ ရင်ခွင်ထဲနေ ထုတ်ယူလိုက်ပါတယ်။ သူ့မှာ အရမ်းကို လင်းလက်တဲ့ အလင်းအစက်အပြောက်များစွာ ရှိနေပြီး ကျောက်စိမ်းလို အစင်းများနဲ့ အရမ်းကို ထူးကဲတဲ့ ပုံသဏ္ဍာန်ဖြစ်ပါတယ်။ ဒါက ရှေးဟောင်းသားရဲမျိုးဆက်ဖြစ်တဲ့ ဒေါင်းငှက်ကြီးရဲ့ သက်တံ့ရောင် ဥ အပိုင်းအစပဲ ဖြစ်ပါတယ်။
” ငါ လည်း သတိလက်လွတ် နေလိုက်မိတယ် .. အခုတော့ သဘောပေါက်လာပြီ .. အဲ့ဒီကလေးရဲ့ ပုခုံးပေါ်က သားရဲလေးဆီက အော်ရာတွေကို ရင်းနှီးနေသလို ခံစားနေရတယ် .. အစတုန်းကတော့ သူတို့ဆီမှာ ထူးဆန်းတဲ့ အနံ့တွေ ရှိနေတယ်လို့ ထင်နေတာ .. ဘာလို့လဲဆိုတော့ သူတို့မှာ ငှက်မိစ္ဆာတွေ နဲ့ မှော်သားရဲတွေရဲ့ သွေးတွေ ပေကျံနေလို့ပဲ .. အခုသေချာပြန်စဉ်းစားကြည့်မိမှ ငါ သိလိုက်ပြီ .. အာ့ဒါ ရှေးဟောင်းနတ်ငှက်ကြီးရဲ့ သက်တံ့ရောင်ဥကြီးဆီမှာ ရှိတဲ့ အော်ရာတွေပဲ..။”
လူတွေအားလုံးဟာ ပါးစပ်အဟောင်းသားဖြစ်သွားတဲ့အထိ အံ့သြသွားကြပါတယ်။
” ဒါက မဖြစ်နိုင်ပါဘူး .. အဲ့ဒီကလေးက ရှေးဟောင်းနတ်ငှက်ကြီးရဲ့ ဥကိုစားလိုက်တာလား .. ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းနေမလဲ ..။”
လူငယ်တစ်ယောက်ကလည်း သူ့ရဲ့ လက်သီးတစ်လုံး၀င်လို့ရတဲ့ အထိ ပါးစပ်အဟောင်းသားဖြစ်သွားပါတယ်။
” အန္တရာယ်အရမ်းများတဲ့ အလုပ်ကို အဲ့ဒီကလေးက မဆင်မခြင်လုပ်ပါ့မလား .. သူက သက်တံ့ရောင် ဥကြီးကို ခိုးယူဖို့ ရှေးဟောင်းနတ်ငှက်ကြီးရဲ့ အသိုက်ထဲကိုတောင် ၀င်ရဲတာလား ..။”
လူအားလုံးဟာ မယုံနိုင်လောက်အောင် ဖြစ်သွားခဲ့ရပါတယ်။ သူတို့တွေအချိန်အတော်ကြာတစ်ယောက်တပေါက် ပြောဆိုပြီးချိန်မှာ ပြန်တိတ်ဆိတ်သွားပါတယ်။
တစ်ယောက်ယောက်ကသာ ဒီအခြေအနေကိုသာ ပြောရင် ယုံကြည်ဖို့ ခက်ခဲလွန်းပါတယ်။
သူဟာ ကလေးတစ်ယောက်ပဲဖြစ်ပေမဲ့ အံ့သြစရာကောင်းလောက်အောင် ကြီးမားတဲ့ ဒီလိုကိစ္စကို ဖန်တီးဖို့ ရှေးဟောင်းနတ်ငှက်ကြီးရဲ့ အသိုက်ထဲကို ၀င်ရောက်ခဲ့တယ်လား ..။
သူတို့ရဲ့ စိတ်တွေဟာ တစ်ချိန်တည်းမှာ ထိတ်လန့်တုန်လှုပ်နေခဲ့ပေမဲ့လည်း ရုတ်တရက်ဆိုသလိုပဲ နောင်တရသွားကြပါတယ်။ မြင့်မြတ်သော ရှေးဟောင်းနတ်ငှက်ကြီးရဲ့ ဥကြီးဟာ သူတို့အတွက် ဝေးကွာလွန်းသလို ခံစားလိုက်ရလို့ပါ။ သူတို့တွေအနေနဲ့ သက်တံ့ရောင်ဥကြီးသာရှိနေသေးရင် တချိန်မဟုတ် တချိန်တော့ ရှေးဟောင်းနတ်ငှက်ကြီးရဲ့ အဖိုးတန် လျှို့ဝှက်နည်းစနစ်တွေကို အနီးကပ်လေ့လာနိုင်ဦးမှာပါ။
ကလေးတစ်ယောက်နဲ့ သားရဲငယ်လေးတစ်ကောင်က ဒီလိုအဖိုးတန်လွန်းတဲ့ ဥကြီးကို စားသောက်နိုင်ခဲ့တာလား..။
ဒီဟာက ဘယ်လိုဆုံးရှုံးမှုကြီးလဲဟ..။ ဒီလိုမျို း လုပ်နိုင်တဲ့ ကလေးတစ်ယောက်မှာရော သူ့ရဲ့နောက်ကွယ်မှာ ဘယ်လိုအင်အားကြီးကလန်ရှိနေတာလဲ..။”
” တစ်ခုခုတော့ မှားနေပြီ .. အဲ့ဒီသားရဲလေးက သက်တံ့ရောင်ဥကြီးကို စားခဲ့တာလား .. ဒီ့အပြင် ထူးခြားတာတွေရော ..။”
လူတွေအားလုံးထဲကမှ သက်လတ်ပိုင်း လူကြီးတစ်ယောက်က မေးခွန်းထုတ်လိုက်ပါတယ်။
သည်စကားတွေကို ကြားလိုက်တဲ့ တခြားသူတွေလည်း ရုတ်တရက်အံ့သြသွားကြပါတယ်။ သာမန်ကလေးတစ်ယောက်က ရှေးဟောင်းသားရဲမျိုးဆက်က ဆင်းသက်လာတဲ့ စွမ်းအားတွေကို ဘယ်လိုလုပ်ပြီး ခုခံကာကွယ်နိုင်မှာလဲ..။ ကြမ်းတမ်းတဲ့ စွမ်းအားသင်္ကေတတွေရဲ့ ရိုက်ခပ်မှုကြောင့် သေချာပေါက် သေဆုံးသွားကြရမှာလေ။
“လက်သီးဆုပ် အရွယ်အစားရှိတဲ့သားရဲလေး … သူ့ ခြေထောက်ရဲ့အောက်ခြေက အနီရောင်ဖြစ်နေတာကို ကျွန်တော်မြင်လိုက်ရတယ် .. “
သက်လတ်ပိုင်းအမျိုးသမီးကြီးလည်း စိတ်လှုပ်ရှားကာ အံ့အားသင့်သွားပြီး တစ်ခုခုကို စဉ်းစားမိလိုက်သလို ပြောလိုက်ပါတယ်။
” အဲ့ဒါက ဒဏ္ဍာရီထဲက ကျူ ရန် ဖြစ်နေမလား ..။”
ဒဏ္ဍာရီတွေအရတော့ အာ့သည်လို အရမ်းကို ကြောက်မက်ဖွယ်ရာကောင်းအောင် ဆိုးသွမ်းတဲ့ သားရဲတွေဟာ အရာရာတိုင်းကို လုံး၀မငြိမ်မသက်ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာကြီးတစ်ခုလုံးတောင် စစ်မက်ဘေးဒဏ်တွေကျဆင်းလာပြီး မြေပြင်တစ်ခုလုံးကလည်း စစ်မြေပြင်ဖြစ်သွားရပါလိမ့်မယ်။ ဒါဆိုရင် အရမ်းကိုကြောက်စရာကောင်းတဲ့ နိမိတ်ဆိုးတစ်ခုဖြစ်သွားမှာပါ။
သည်လိုမျိုး ထူးဆန်းတဲ့့ ကလေးတစ်ယောက်နဲ့ မမျှော်လင့်ပဲ တွေ့ဆုံခဲ့ကြတာကြောင့် လူအားလုံးဟာ စိတ်ရှုပ်ထွေးနောက်ကျိသွားကြပါတယ်။ သူတို့တွေအားလုံးဟာလည်း အမှားတစ်ခုကျူ းလွန်မိသလို ခံစားနေရပါပြီ။
ရှောင်းယ်ိုယုရဲ့ အနက်ရောင်ဆံနွယ်လေးတွေဟာ လေထဲမှာ တဖျပ်ဖျပ် မျောလွင့်နေလို့ပါ။ သူမရဲ့ အသားအရေတွေကလည်း တောက်ပလွန်းတဲ့ နေရောင်အောက်မှာ ၀င်းလက်လို့ နေပါတယ်။
” ဒါကို ကောင်းမွန်တဲ့ ကံကြမ္မာတစ်ခုလို့ပဲ သဘောထားလိုက်ကြတာပေါ့ ..။”
” သူသာ ကောင်းကင်ပြုပြင်ခြင်းခန်းမကို ၀င်ရောက်မယ်ဆိုရင် ဘယ်လိုနည်းလမ်းပဲ သုံးရသုံးရ ရအောင်သိမ်းသွင်းထားရမယ် …။”
***