သုခကမ္ဘာက ရှီဟောင် - Chapter - 130 ပျက်သုန်းခြင်း နယ်မြေမှ ထွက်ခွာခြင်း 2
Chapter – 130 ပျက်သုန်းခြင်း နယ်မြေမှ ထွက်ခွာခြင်း 2
ဝေးလံလွန်းတဲ့တောင်တန်းတွေကြားမှာတော့ ရှီဟောင်ဟာ ရူးသွပ်သွားတော့မဲ့အလား ယူနီကွန်သားရဲကြီးကို တဟုန်ထိုးပြေးခိုင်းနေပါတယ်။ ယူနီကွန်သားရဲကြီးကလည်း ငွေရောင်အလင်းတန်းတစ်ခုပမာ ပြောင်းလဲသွားပြီး တောင်တန်းများကြားမှာ ပြေးလွှားနေပါတယ်။ သူ့ရဲ့ လျှင်မြန်လှတဲ့ ပြေးလွားနှုန်းကြောင့် ဘေးနှစ်ဖက်က သစ်တောတွေဟာ ရိပ်ခနဲ ရိပ်ခနဲကျန်ရစ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူတို့တွေဟာ ရှောင်းယိုယုတို့အဖွဲ့နဲ့ လီပေါင်းရာချီကွာဝေးတဲ့ နေရာကို ရောက်ရှိသွားပါတယ်။
လက်သီးဆုပ်အရွယ် ကျူ ရန်မျောက်လေးကလည်း ပြန်လည် နိုးထလာပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ မီးခိုးရောင်အမွေးဖြူ တွေဟာ လည်း ချက်ချင်းပဲ ပြန်လည်တောက်ပလာပြီး ရွှေရောင်တောက်ပလာပါပြီ။ ကြီးမားပြီး အရည်တွေလဲ့နေတဲ့ သူ့ရဲ့ မျက်လုံးတွေကလည်း အရောင်တွေတလက်လက်တောက်ပလာပြန်ပါတယ်။ ပြီးတော့ သူဟာ ရှီဟောင်ရဲ့ ပုခုံးပေါ်ခုန်တက်လိုက်ပါတယ်။
ရှီဟောင်ကလည်း ကျူ ရန်မျောက်လေးရဲ့ အမြီးကို နောက်ကိုပြန်ဆွဲလိုက်ပြီး ပြောဆိုလိုက်ပါတယ်။
” ငမွေသီးကောင် .. ဘယ်မှ လျှောက်မသွားနဲ့တော့ .. မင်း ငါ့အနားမှာပဲ နေရမယ် ..။”
သူတို့ဟာ ကျောက်ခေတ်ကျေးရွာကနေ ထွက်လာခဲ့တာဟာ ၂၁ ရက်ရှိနေခဲ့ပြီး သည်အဆုံးမဲ့တောင်တန်းရဲ့ ကြီးမားတဲ့အစိတ်အပိုင်းတွေကို ကျော်ဖြတ်ပြီးပါပြီ။ သူတို့ဟာ ကျောက်ခေတ်ကလန်ရဲ့ ဒုတိယမြောက် ဘိုးဘွားပိုင်နယ်မြေက လီ ၁၀၀,၀၀၀ အတွင်းကို ၀င်ရောက်လာပြီဖြစ်တာကြောင့် ရက်အနည်းငယ်အတွင်းမှာပဲ ရောက်ရှိသွားကြတော့မှာပါ။
သည်ရက်အနည်းငယ်အတွင်းမှာလည်း ရှီဟောင်ဟာ တောကြီးမျက်မည်းတစ်လျှောက်က ဆူတောကြီးကို ဖြတ်သန်းရင်း ရက်စက်ကြမ်းကြုတ်တဲ့ မှော်သားရဲကြီးတစ်ကောင်နဲ့ တွေ့ဆုံခ့ဲ့ရပါတယ်။ သူဟာ ကျောက်ခေတ်အင်ပါယာတိုင်းပြည်ကြီးရဲ့ နယ်စပ်ဒေသကို မရောက်ခင်စပ်ကြားမှာပဲ ရာနဲ့ချီတဲ့ အသက်လုပွဲပေါင်းများစွာကို ကြုံတွေ့လိုက်ရပါတယ်။
သူဟာ ကလေးတစ်ယောက်ဘ၀မှာပဲ တစ်လအတွင်း အဆုံးမဲ့တောင်တန်းတွေကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ သူဟာ လီ ၃၀၀,၀၀၀ ခရီးကြမ်းကို ဖြတ်သန်းနေချိန်မှာပဲ ငှက်မိစ္ဆာတွေအပြင် ထူးဆန်းတဲ့ သားရဲတွေနဲ့ပါ တိုက်ပွဲကြီးတွေ ဆင်နွဲခဲ့ရပါတယ်။ ဒါက အရမ်းကို တုန်လှုပ်စရာကောင်းတဲ့ အရာပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေဟာ သတင်းစကားတွေအဖြစ် ထွက်ပေါ်လာရင် နှစ်ပေါင်းများစွာ ငြိမ်သက်နေတဲ့ ရှေးဟောင်းကလန်ကြီးတွေတောင် တုန်လှုပ်သွားကြပါလိမ့်မယ်။
မူလအစစ်အမှန် ဖီးရှုံးသားရဲကြီးနဲ့ တခြားအင်အားအကြီးမားဆုံး ရက်စက်တဲ့ ရှေးဟောင်းသားရဲကြီးတွေဟာ သူတို့ရဲ့ ကလေးတွေကို လေ့ကျင့်သင်ကြားပေးတယ်ဆိုပေမဲ့ သည်လိုမျိုး ခက်ခဲတဲ့ လေ့ကျင့်ပေးမှုတွေဟာ ပြောရတာသာ လွယ်ပါတယ်။ ဒါပေမဲ့ အဲ့ဒါကို လက်တွေ့အကောင်အထည်ဖော်ဖို့အတွက်ကတော့ ဆယ်ယောက်မှာ ကိုးယောက်က သေနိုင်ပါတယ်။
တစ်ယောက်တည်း ခရီးကြမ်းသွားရမဲ့ သာမန်ကလေးတစ်ယောက်အတွက် လီ ၃၀၀,၀၀၀ ကို အသာထား လီ ၃၀၀ ဒါမှမဟုတ် လီ ၃,၀၀၀ ဆိုတာတောင် အန္တရာယ်များလွန်းပြီး ရက်စက်ကြမ်းကြုတ်တဲ့ မှော်သားရဲတွေရဲ့ ပါးစပ်ထဲကို ရောက်ရှိသွားနိုင်ပါတယ်။
အနောက်ဘက် နယ်စပ်ဒေသ ..။
အနောက်ဘက်နယ်စပ်ဒေသမှာ တောင်ရိုင်းသားရဲတွေအများကြီး နေထိုင်ကြတဲ့ နက်နဲလှတဲ့ ရှေးဟောင်းသစ်တောကြီးတွေ အများကြီးကို ရှိနေပါတယ်။ အဲ့သည်နေရာတွေဟာ လူသားတွေ နေထိုင်ရာ မူလဘူတနေရာမဟုတ်တာကြောင့် ရှေးဟောင်းသားရဲမျိုးဆက်တွေအပြင် ကြမ်းကြုတ်လှတဲ့ သားရဲကောင်တွေနဲ့ ပြည့်နှက်နေသလို ငှက်မိစ္ဆာတွေလည်း အများကြီးကို ရှိနေပါတယ်။
ကလေးတစ်ယောက်ကို မဆိုထားနဲ့ အရွယ်ရောက်ပြီးတဲ့ ကျင့်ကြံသူအုပ်စုတစ်စုတောင် သည်နယ်မြေကို ကျော်ဖြတ်နိုင်ဖို့ဆိုတာ ခဲယဉ်းလွန်းပါတယ်။ အချိန်မရွေး ပေါ်ထွက်လာနိုငတဲ့ ရှေးဟောင်းသားရဲမျိုးဆက်တွေဟာ အရိုးပါ မကျန်အောင် စားသောက်ပစ်နိုင်ပါတယ်။
ကောင်လေးဟာ သူ့မှာ ထက်မြက်လှတဲ့ အာရုံတွေ ရှိပါတယ်။ ဒါ့ကြောင့်လဲ ဒီခရီးစဉ်မှာ ကြောက်စရာကောင်းတဲ့ ဘေးအန္တရာယ်ပေါင်းများစွာကို ရှောင်ရှားနိုင်ခဲ့ပါတယ်။ သူဟာ လမ်းခရီးတစ်လျှောက်လုံးမှာ ဒဏ်ရာဒဏ်ချက်တွေအကြီးအကျယ်ခံစားရတဲ့ အချိန်တွေရှိခဲ့ပေမဲ့လည်း နောက်ဆုံးမှာတော့ သူဟာ ကျော်လွားနိုင်ခဲ့ပါတယ်။
သူဟာ လက်ရှိမှာ ခုနှစ်နှစ်ကျော်ပဲ ရှိပါသေးတယ်။
လူတွေသာ ဒီအကြောင်းကို သိသွားခဲ့ရင် ဒါက သေချာပေါက် ရင်သပ်ရှုမောဖွယ်ရာကောင်းတဲ့ သတင်းဖြစ်လာပါလိမ့်မယ်။ ဒါဟာ နယ်မြေပေါင်းများစွာကို လှုပ်ခါသွားစေပြီး ကမ္ဘာမြေ အနှံ့ပြန့်နှံ့သွားပါလိမ့်မယ်။ အကယ်၍ မြင့်မြတ်သော နယ်မြေ ကျောင်းတော်ကြီးရဲ့ အမူအကျင့်တွေအရ ရှီဟောင်ရဲ့ သတင်းစကားတွေကို ကြားမိရင် သူတို့ရဲ့ အစွမ်းထက်ကျင့်ကြံသူတွေကို ချက်ချင်းစေလွှတ်ပြီး သူတို့ရဲ့ အကယ်ဒမီကို ၀င်ရောက်စေပါလိမ့်မယ်။
ရှီဟောင်ဟာ နောက်ဆုံးမှာတော့ အဆုံးမဲ့တောတန်းကြီးထဲကထွက်လာပြီး ယူနီကွန်သားရဲကြီးပေါ်ကနေ ရွာတစ်ရွာကို တွေ့လိုက်ရပါတယ်။
ရှီဟောင်ဟာ ရွာငယ်လေးမှာ ခေတ္တခဏ ရပ်နားလိုက်ပြီး သူ့ရဲ့ လမ်းကြောင်းကို မေးမြန်းစုံစမ်းလိုက်တဲ့အခါမှာတော့ ကယ်ကူရာမဲ့သလို ခံစားလိုက်ရပါတယ်။ သူ့ရဲ့ ဦးတည်ရာ လမ်းခရီးစဉ်ဟာ အမှားအယွင်းလုံး၀မရှိဘူး ထင်ခဲ့ဲတာပါ။ ဒါပေမဲ့ လီ ၂၀ , ၀၀၀ကျော်လောက် သူ မှားယွင်းပြီး ရောက်လာမိခဲ့ပါပြီ။
” လခွီး .. ငါ မိုးမခနတ်ဘုရား ညွန်လိုက်တဲ့ လမ်းကြောင်းအတိုင်း လာခဲ့တယ်ပဲ ထင်နေတာ .. ဒါပေမဲ့ နောက်ဆုံးတော့ ပိုပြီးတောင် ဝေးသွားသေးတယ် .. ငါ မြစ်ထဲပြုတ်ကျသွားတုန်းက တစ်နေရာရာမှာ မှားပြီး အလှည့်အပြောင်း ဖြစ်သွားတာ နေမယ် ..။”
ရှီဟောင်ဟာ ခေါင်းကုတ်လိုက်ပြီး နောက်ထပ်လမ်းကြောင်းတစ်ခုကို ဦးတည်ပြီး ထွက်ခွာသွားလိုက်ပြန်ပါတယ်။
အဆုံးမဲ့တောင်တန်းတွေထဲကနေ ထွက်ခွာလာပြီးနောက်မှာ ရက်စက်တဲ့ ငှက်မိစ္ဆာတွေနဲ့ မှော်သားရဲတွေဟာ အရမ်းကို နည်းပါးလာပါတယ်။ နှိုင်းယှဉ်ပြောရရင် လက်ရှိနေရာက အများကြီးကို လုံခြုံမှု ရှိနေပါတယ်။ နှစ်ရက်အတွင်းမှာပဲ ရှင်္ီဟောင်ဟာ ကျောက်ခေတ်အင်ပါယာနိုင်ငံရဲ့ အရေးကြီးတဲ့ နယ်စပ်မြို့ တစ်မြို့ကို ရောက်ရှိသွားခဲ့ပါတယ်။
ရှေးဟောင်းကျောက်ခေတ်အင်ပါယာတိုင်းပြည်ဟာ သန်းနဲ့ချီတဲ့မြစ်တွေအပြင် တောင်တန်းဒေသတွေပါ ပေါများလှတာကြောင့် အရမ်းကို ကျယ်ပြန့်လှပါတယ်။ ဒါဟာ အင်အားကြီးမားလွန်းလှတဲ့ တိုင်းပြည်ကြီးတစ်ခုပီသစွာပဲ လူသန်းပေါင်းများစွာဟာ ရာနဲ့ချီသလို ဒါမှမဟုတ် ဘီလီယံပေါင်းများစွာတောင် ရှိနိုင်ပါတယ်။ ရှေးဟောင်းကျောက်ခေတ်အင်ပါယာတိုင်းပြည်ရဲ့ နယ်နိမိတ်ဟာ ကျယ်ပြန့်လွန်းလှပါတယ်။
သည်လိုမျိူ း ကျယ်ပြန့်လှတဲ့ နယ်မြေတွေကို သဘာ၀အားဖြင့် ကြီးကြပ်အုပ်ချုပ်ဖို့ အရမ်းကိုခက်ခဲပါတယ်။ သူတို့ကို ထိန်းချုပ်ဖို့ ဒေသကြီးတစ်ခုစီရဲ့ အလယ်ကနေ ကြီးမားလွန်းတဲ့ မြို့တစ်မြို့ကို တည်ထောင်ထားခဲ့ပါတယ်။ အဲ့သည်ဒေသအတွင်းမှာ ဆူပူအုံကြွမှုတွေဖြစ်ပွားလာတဲ့အခါမျိုးတွေမှာ ထိုအုပ်ချုပ်ခွင့်ရဒေသကို ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေဟာ ဆူပူသောင်းကျန်းမှုတွေကို ငြိမ်းအေးစေဖို့ အစွမ်းထက်ကျင့်ကြံသူတွေကို အလျှင်အမြန်စေလွှတ်လေ့ရှိပါတယ်။
အမှန်တကယ်တော့ ကျောက်ခေတ်အင်ပါယာတိုင်းပြည်ဟာ အထွတ်အထိပ်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဆူပူထကြွမှုတွေကို လျှော့ချဖို့အတွက် အကူအညီတော့ မလိုအပ်ပါဘူး။ အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်ရာစုအနည်းငယ်အတွင်းက အင်ပါရီယာပြည့်ရှင်ဟာ ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်ကို ရောက်ရှိသွားပြီး ပြိုင်ဘက်ကင်းနတ်ဘုရားစွမ်းအားတွေကို ရရှိသွားခဲ့ပါတယ်။ ကျောက်ခေတ်အင်ပါယာတိုင်းပြည်ကြီးရဲ့ အင်အားကလည်း ပိုပိုပြီး ကြီးမားသွားပါတယ်။ အဲ့သည်အချိန်တည်းက ဘယ်သူကမှတော့ ဆူပူပုန်ကြွဖို့ စိတ်မကူးရဲကြတော့ပါဘူး။
တစ်ခါတစ်ရံတော့ နယ်စပ်ဒေသတွေမှာသာ မငြိမ်မသက်မှု အနည်းငယ်လောက် တွေ့ကြုံရတာမျိုး ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မျိူ းနွယ်စုလေးတွေဟာ သူတို့ရဲ့ မျိုးနွယ်တွေအတွက် တခြားမျိုးနွယ်စုတွေဆီကနေ စားနပ်ရိက္ခာတွေကို လုယက်ရာကနေ တိုက်ပွဲတွေဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ အရမ်းကိုကြီးမားကျယ်ပြန့်လွန်းတဲ့ ကျောက်ခေတ်အင်ပါယာတိုင်းပြည်အတွက်တော့ သေးငယ်လွန်းတဲ့ တိုက်ပွဲလေးတွေက အကျိုးသက်ရောက်မှု ကြီးကြီးမားမား မရှိပါဘူး။
မျောလွှင့်တိမ်မြို့ကြီးဟာ လူဦးရေ ၈၀,၀၀၀ ရှိတာကြောင့် အမှန်တကယ်မြို့တော်တစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ ပြီးတော့ မျောလွှင့်တိမ်မြို့ဟာ အရမ်းကို အရေးကြီးတဲ့ ပထဝီအနေအထားမှာ တည်ရှိနေတာကြောင့် အနောက်ဘက်ဒေသမှာတော့ အရေးပါတဲ့ မြို့တမြို့ ဖြစ်နေတာပါ။ မျောလွှင့်တိမ်မြို့ဟာ ဒေသတွင်း ဗဟိုမြို့ကြီးရဲ့ ခုခံကာကွယ်စစ်ဆေးရေး ဂိတ်မြို့တစ်ခုလည်း ဖြစ်ပါတယ်။
လွန်ခဲ့သောအနှစ် ၁၀၀ အတွင်းက တခြားကလန်တစ်ခုရဲ့ အစွမ်းထက်ကျင့်ကြံသူတွေက အခါအားလျှော်စွာ ကျူ းကျော်တိုက်ခိုက်မှုတွေကို ခံကြရပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ကြီးမားတဲ့ အင်အားစုတွေမဟုတ်တာကြောင့် ဘယ်တုန်းကမှတော့ အောင်မြင်မှုမရခဲ့ပါဘူး။
ရှီဟောင်ဟာ လမ်းခရီးမှာ ဆက်တိုက်ဆိုသလိုပဲ လူပေါင်းများစွာနဲ့ တွေ့ဆုံခဲ့ရပါတယ်။ သူတွေ့ခဲ့ရတဲ့ သူတွေဟာ များသောအားဖြင့်တော့ ရှေးဟောင်းသစ်တောတွေထဲက သားရဲအရေခွံတွေ၊ အစွမ်းထက်ဆေးဝါးတွေနဲ့ တခြားမျိုးနွယ်စုတွေက ပစ္စည်းတွေကို ၀ယ်ယူကြတဲ့ စီးပွားရေးသမားတွေသာ ဖြစ်ကြပါတယ်။ သည်ခရီးဟာ အရမ်းကို အန္တရာယ်များလှပေမဲ့လည်း သူတို့တွေ ရရှိတဲ့ အကျိုးအမြတ်ကလည်း မြင့်မားလွန်းလှပါတယ်။
**