သုခကမ္ဘာက ရှီဟောင် - Chapter - 132 သူ ပိုင်ဆ်ိုင်လိုက်တဲ့ တခြားအရာ
Chapter – 132 သူ ပိုင်ဆ်ိုင်လိုက်တဲ့ တခြားအရာ
မျောလွင့်တိမ်မြို့အပြင်ဘက်မှာ သားရဲကောင်တွေဟာ အုပ်စုမကွဲသေးပါဘူး။ သူတို့တွေဟာ ရှေ့ဆက်ဖို့ ချီတုံချတုံဖြစ်နေကြပေမဲ့လည်း သူတို့ရဲ့ အဖွဲ့၀င်သားရဲတွေ သေကျေပျက်စီးကုန်တာကို တွေ့မြင်ပြီးတဲ့နောက်မှာတော့ ချက်ချင်းပဲ ပြန်လည်ဆုတ်ခွာလိုက်ကြပါတယ်။
မျောလွင့်တိမ်မြို့အတွင်းက တောင်ထိပ်မှာရှိတဲ့ ဂါးဒီးယန်းဝိညာဉ်တွေဟာ အရက်လေးမျက်နှာစလုံးကို ဖြန့်ကျက်ကာကွယ်ထားတာပါ။ သူ့ရဲ့ ပင်စည်တစ်ခုလုံးက စိမ်းညို့နက်မှောင်နေပြီး နှင်းပွင့်တွေပုံသဏ္ဍာန်ရှိတဲ့ ကြိတ်ဆုံအရွယ် ပွင့်ချပ်ကြီး သုံးချပ်ကလည်း ရောင်စုံအလင်းတန်းတွေဖြာထွက်နေပါတယ်။ ပွင့်ချပ်ကြီးတွေဟာ အရမ်းကို လှပတင့်တယ်နေသလို သူတို့ဆီကနေ မွေးပျံ့လှတဲ့ ရနံ့တွေလည်း ကြိုင်လှိုင်နေပါတယ်။
ဂါးဒီးယန်းဝိညာဉ်တော်ဟာ အချိန်တိုတိုအတွင်းမှာ ဆက်လက်ပြီး တိုက်ခိုက်ခြင်းမရှိသေးတာကြောင့် မြို့ပြင်က မှော်သားရဲကောင်တွေဟာ ပိုပိုပြီးများပြားလာပါတယ်။ သူတို့တွေဟာ နှစ်ပေါင်းများစွာတည်းက မျောလွင့်တိမ်မြို့မှာ အမြစ်တွယ်နေတာကြာနေပြီဖြစ်တဲ့ ဂါးဒီးယန်းဝိညာဉ်တော်ကို ကြောက်ရွံ့ကြပါတယ်။ သူတို့တွေဟာ ခပ်ဝေးဝေးကို ဆုတ်ခွာသွားကြပေမဲ့လည်း ကြောက်ရွံ့စိတ်ကြောင့် ကိုယ်ကို ကျံု့ထားကြပါတယ်။
ရုတ်တရက်ဆိုသလို ငှက်အော်သံကြီးတစ်ခုဟာ ပဲ့တင်ထပ်လို့ ပေါ်ထွက်လာပါတယ်။ ဒါဟာ သစ်ပင်ကြီးတွေကို လှုပ်ခါသွားစေတဲ့အလား မိုးကြိုးခွင်းသံလို ဆူညံနေပါတယ်။ မီတာ ၅၀ ၆၀ ခန့် ကြီးမားလှတဲ့ အနက်ရောင်ငှက်မိစ္ဆာကြီးတစ်ကောင်ဟာ ပျံသန်းလို့ရောက်ရှိလာပါတယ်။ သူ့ရဲ့ စွမ်းအားအမတေတွေကို ထုတ်ဖော်ထားတာကြောင့် လင်းတလှည့် မှိန်တခါစွမ်းအားလှိုင်းတွေဟာ သူ့ကိုယ်ပေါ်မှာ ဖြစ်ပေါ်နေပါတယ်။ သူ့ရဲ့ မျက်လုံးတွေဟာ လျှပ်စီးတွေအလား ကြည်လင်တောက်ပနေပါတယ်။ သူ့ရဲ့ တောက်ပလွန်းတဲ့ စွမ်းအားသင်္ကေတတွေဟာ ဖိအားအကြီးကြီးကို ဖြစ်ပေါ်စေကာ ကမ္ဘာမြေတစ်ခုလုံးကို လွှမ်းခြုံသွားစေပါတယ်။
” ငှက်မိစ္ဆာတွေနဲ့ သားရဲအုပ်တွေရဲ့ ခေါင်းဆောင် ပေါ်လာတာပဲ .. ဒါက တကယ်ကို ဆိုးသွမ်းတဲ့ ငှက်မိစ္ဆာပေါ့ .. အရမ်းကို ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ စွမ်းအားတွေပါလား ..။”
လူအားလုံးဟာ အံ့သြသွားခဲ့ပါတယ်။
ဒီတစ်ကြိမ်မှာ ငှက်မိစ္ဆာတွေနဲ့ သားရဲအုပ်တွေကို လွမ်းမိုးနိုင်တဲ့ အစွမ်းထက်ပြီး ရက်စက်တဲ့ သားရဲငှက်တစ်ကောင် ရောက်ရှိလာခဲ့ပါပြီ။ သူ့ရဲ့ ကျယ်လောင်လှတဲ့ အသံကြီးတစ်ချက်ပေါ်ထွက်လာတာနဲ့ သူ့ရဲ့ နောက်က သားရဲကောင်အမျိုးမျိုးဟာ မျောလွင့်တိမ်မြို့ကို ကျူ းက်ေတဲ့ သူတို့ရဲ့ တိုက်ခိုက်မှုကို ပြန်လည်စတင်လိုက်ပါတယ်။ သားရဲငှက်ကြီးရဲ့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ စွမ်းအားတွေကြောင့် ဘယ်သားရဲတွေမှ သူ့ရဲ့အမိန့်အာဏာကို လွန်ဆန်ရဲခြင်း မရှိပါဘူး။
” ချွတ် …။”
မျောလွင့်တိမ်မြို့ထဲက တောင်ထိပ်မှာ ဂါးဒီးယန်းဝိညာဉ်တော်ရဲ့ ပင်စည်ဟာ ရောင်စုံအလင်းတန်းတွေနဲ့ နောက်တစ်ကြိမ်ပြန်လည် ပွင့်လန်းလာပါတယ်။ နောက်ဆုံးမှာ နီရဲနေတဲ့ ပွင့်ချပ်ကြီးဟာ အပြည့်အ၀ကို ပွင့်လန်းလာခဲ့ပါတယ်။
ဝူး … , ဝူး …
သားရဲအုပ်ကြီးရှေ့ကနေ ဦးဆောင်ပြီး ချီတက်လာကြတဲ့ ရက်စက်ကြမ်းကြုတ်သော သားရဲကောင်တွေဟာ ရုတ်တရက် ပေါ်ထွက်လာတဲ့ အဝါရောင်ဓားချက်တွေနဲ့ ခုတ်ပိုင်းခံရပြီနောက်မှာ ပြိုလဲကျကုန်ပါတယ်။ သူတို့ရဲ့ ခေါင်းတွေဟာ နီရဲတဲ့သွေးတွေ စိမ့်ထွက်လာခဲ့ပြီး အပိုင်းပိုင်း အပြတ်ပြတ်ဖြစ်အောင် သတ်ဖြတ်ခံလိုက်ရတာကြောင့် ကြောက်ရွံ့စိတ်တွေဖြစ်ပေါ်လာပြီး ပရမ်းပတာအခြေအနေကို ပြန်လည်ဦးတည်သွားခဲ့ပါတယ်။
ကြီးမြတ်သော မျောလွင့်တိမ်ဟာ အပင်တစ်ပင်သာ ဆိုပေမဲ့လည်း သူဟာ ရက်စက်လှတဲ့ အနီရောင်ဓားကို အသုံးပြုနိုင်ပါတယ်။ ဒီ ထက်ရှလှတဲ့ အနီရောင်ဓားကန ပေါ်ထွက်လာတဲ့ ဓားချက်တိုင်းဟာ ဘယ်လိုအတားအဆီးတွေကိုမဆို ကျော်ဖြတ်နိုင်တဲ့ ကမ္ဘာကို တုန်လှုပ်စေသော လက်နက်လို့တောင် ခေါ်နိုင်ပါတယ်။ မှော်သားရဲကောင်တွေနဲ့ ငှက်မိစ္ဆာတွေရဲ့ တိုက်ခိုက်မှုတွေကလည်း နှေးကွေးသွားခဲ့ပါပြီ။
သည်လိုမျိုး အစွမ်းထက်တဲ့ ဂါးဒီးယန်းဝိညာဉ်တော် ကာကွယ်စောင့်ရှောက်နေတာကြောင့် သူဟာ ထောင်နဲ့ချီတဲ့ စစ်တပ်ကြီးတွေကိုတောင် ခုခံတားဆီးနိုင်ပါလိမ့်မယ်။ သာမန်မှော်သားရဲတွေဟာ မျောလွင့်တိမ်မြို့ရဲ့ အခြေခံအုတ်မြစ်ကို မထိခိုက်စေ မချင်း ဘယ်လိုတိုက်ခိုက်မှုတွေကိုပဲ ဖြစ်ဖြစ် ဒီနေရာက လုံခြုံ မှုအပြည့်ရှိနေမှာပါ။
ကောင်းကင်လေဟာပြင်ထဲက မီတာ ၅၀ ၆၀ ခန့်ရှိတဲ့ သားရဲငှက်ကြီးရဲ့ အော်ဟစ်သံဟာ အဆက်မပြတ်ထွက်ပေါ်လာခဲ့ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကလည်း မီးလျှံအလင်းတန်းတွေ မှိန်တုတ်မှိန်တုတ်ဖြာထွက်လာပါတယ်။ သိပ်မကြာခင်မှာပဲ သူ့ရဲ့ပါးစပ်ကြီးထဲကို မီးလျှံတွေ ထွက်ပေါ်လာပြီး ဂါးဒီယန်းဝိညာဉ်တော်ကို တိုက်ခိုက်လိုက်ပါတယ်။ ဒါဟာ သူ့အနေနဲ့ ဂါးဒီးယန်းဝိညာဉ်တော် သစ်ပင်ကြီးကိုသာ ဦးတည်တိုက်ခိုက်လိုက်တာဖြစ်ပြီး အရမ်းအရမ်းကို သတိထားနေပုံရပါတယ်။ မဟုတ်ရင်တော့ သူ မှုတ်ထုတ်လိုက်တဲ့ ပြင်းထန်ကြမ်းတမ်းတဲ့ မီးလျှံတွေဟာ သူ့ရဲ့ နောက်လိုက်သားရဲတွေကို ပြန်လည်ဝါးမြိုသွားနိုင်ပါတယ်။
အနီရောင် ဓားအလင်းတန်းဟာ နောက်ထပ်တစ်ကြိမ်ပျံထွက်လာပြီး မီးတောက်မီးလျှံတွေကို ရင်ဆိုင်ဖို့ စိမ်းညို့မှောင်မိုက်နေတဲ့ အခိုးအလျှံတွေနဲ့အတူ ကောင်းကင်မှာ ပေါ်ထွက်လာပါတယ်။ ချလွတ် .. ချလွတ် အသံတစ်ချို့ ထွက်ပေါ်လာပြီးနောက်မှာ မီးတောက်မီးလျှံတွေဟာ မြန်မြန်ဆန်ဆန်ပဲ အားနည်းသွားကြပါတယ်။
ကောင်းကင်လေဟာပြင်ထဲက အနက်ရောင်ငှက်ဆိုးကြီးမှာ ငွေရောင်အလင်းတန်းတွေလောင်ကျွမ်းနေတဲ့ မျက်လုံးတစ်လုံးရှိမှာပါတယ်။ သားရဲငှက်ဆိုးကြီးရဲ့ မျက်လုံးထဲကနေ ငွေရောင်အမတေစွမ်းအားတွေဟာ အရှိန်အဟုန်နဲ့ လှည့်ပတ်သွားပြီး ကြီးမားလှတဲ့ ငွေဆရာင်မြှားတွေလို အလင်းတန်းတွေ ထုတ်လွှတ်ပစ်ခပ်လိုက်ပါတယ်။ ငွေရောင်မြှားအလင်းတန်းတွေဟာလည်း အရှိန်အဟုန်ပြင်းထန်စွာနဲ့ ဒါဇင်နဲ့ချီပြီး ဂါးဒီးယန်ဝိညာဉ်တော်ဆီကို ၀င်ရောက်သွားပြန်ပါတယ်။
ဘုန်း … , ဘုန်း …
မျောလွင့်တိမ်မြို့ထဲက ဂါးဒီးယန်ဝိညာဉ်တော်သစ်ပင်ကြီးရဲ့ ညို့မှိုင်းနေတဲ့ အစိမ်းရောင်အရွက်တွေကလည်း စတင် တုန်ခါလာပါတယ်။ ကျောက်ကြိတ်ဆုံကြီးတွေလို ကြီးမားလွန်းလှတဲ့ သူ့ရဲ့ ရောင်စုံပန်းပွင့်ကြီးတွေကလည် တစ်ပြိုင်နက်တည်း ပွင့်လန်းလို့လာခဲ့ပါပြီ။ အနီ ၊ အဖြူ ၊ ခရမ်း ဆိုတဲ့ အရောင်သုံးမျိုး လင်းလက်လာခဲ့တာပါ။ တောက်ပလွန်းတဲ့အလင်ရောင်တွေဟာ အခိုးအငွေ့တွေလို တဟုန်ထိုး ထိုးတက်လာပြီးနောက်မှာတော့ တုန်လှုပ်စရာကောင်းတဲ့ စွမ်းအားလှိုင်းတွေ ဖြာထွက်လာကာ ဒါက စိတ်ကျေနပ်စရာကောင်းပြီး အံ့သြစရာလည်း ကောင်းလွန်းနေခဲ့ပါတယ်။
နီရဲနေတဲ့ အလင်းတန်းကနေ တောက်ပတဲ့ဓားချက်တွေရဲ့ တုန်ခါသံတွေဟာ လူအားလုံးရဲ့ နားထဲကို ၀င်ရောက်လာပါတယ်။ သည်နီရဲနေတဲ့ ဓားဟာ ကောင်းကင်ပေါ်မှာ လျှင်မြန်စွာပဲ ပေါ်ထွက်လာကာ သူ့ရဲ့ တောက်ပလွန်းတဲ့ ဓားအလင်းတန်းတွေကြောင့် နေ၀င်ဆည်းဆာချိန်နဲ့ တူတဲ့ မြင်ကွင်းမျိုးကို ဖြစ်ပေါ်စေပါတယ်။ ဒီ့နောက်မှာတော့ အဖြူ ရောင်အလင်းတန်းကနေ လင်းလက်တဲ့ ကျောက်ဖြူ ဓားတစ်စင်းဟာ ကောင်းကင်ပေါ်မှာ ပေါ်ထွက်လာပြန်ပါတယ်။ နောက်ဆုံးမှာ ခရမ်းရောင်အလင်းတန်းနဲ့ အတူ ခရမ်းရောင်ဓားတစ်ချေုင်းဟာလည်း နက်မှောင်နေတဲ့ အခိုးအငွေ့တွေကြားမှာ ထွက်ပေါ်လာခဲ့ပြီလေ။
မျောလွင့်တိမ်မြို့ရဲ့ ကောင်းကင်ထက်မှာ ပျံသန်းနေတဲ့ ဓားသုံးလက်စလုံးဟာ မိုးတိမ်တိုက်တွေကို ဖြတ်ကျော်လာတဲ့ ကြယ်တံခွန်တစ်ခုလို မြေပြင်ပေါ်ကို တစ်ပြိုင်နက်ကျဆင်းလာခဲ့ပါတယ်။ သူတို့ဆီက ပေါ်ထွက်လာတဲ့ စွမ်းအားအလင်းတန်းတွေဟာ မိုးကူတ်စက်ဝိုင်းတစ်ခုလုံးကို လင်းထိန်စေပြီး လှုပ်ခါသွားစေပါတယ်။ ငေ်းကင်နဲ့ မြေကြီးကို ဆက်သွယ်ပေးလိုက်တဲ့အလား ဖြစ်ပေါ်လာတဲ့ ဓားအလင်းတန်းတွေဟာ အံ့သြစရကောင်းလွန်းနေခဲ့ပါတယ်။
သားရဲငှက်ဆိုးကြီးကလည်း အနက်ရောင်တိမ်တိုက်တစ်ခုလို ကောင်းကင်ကို ထိုးတက်သွားပါတယ်။ သူ့ရဲ့ အစွမ်းအစဟာလည်း ကြောက်စရာကောင်းပါတယ်။ သူ့ရဲ့ ငွေရောင်မျက်လုံးတွေထဲကနေ ငွေရောင်အလင်းတန်းတွေက တစ်ခုပြီး တစ်ခုအဆက်မပြတ်ထွက်ပေါ်လာပြီး ပစ်ခပ်တိုက်ခိုက်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ငွေရောင်အလင်းတန်းတွေဟာ ပျံသန်းနေသော ဓားသုံးစင်းရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် ပျောက်ကွယ်သွားကြရပါတယ်။
ပျံသန်းနေသော ဓားသုံးလက်ကနေ ထွက်ပေါ်နေတဲ့ တရွပ်ရွပ်အသံတွေဟာ ကောင်းကင်လေဟာပြင်ထဲမှာ အရှိန်အဝါကြီးမားလွန်းနေပါတယ်။ သူတို့ရဲ့ စွမ်းအားသင်္ကေတတွေဟာ ပိုပိုပွားများလာပြီး သားရဲငှက်ဆိုးကြီးရဲ့ မီးတောက်အကြွင်းအကျန်တွေကို တိုက်စားသွားခဲ့ပါတယ်။
အနက်ရောင်သားရဲငှက်ဆိုးကြီးကလည်း သူ့ရဲ့ တောင်ပံတွေခပ်ထုတ်ပြီး အတတ်နိင်ဆုံး ခုခံကာကွယ်နိုင်ဖို့ ကြိုးစားလိုက်ပါတယ်။ ကောင်းကင်လေဟာပြင်ထဲမှာ တောက်ပတဲ့ စွမ်းအားသင်္ကေတွေဟာ အားကောင်းလာခဲ့ပြီး ပျံသန်နေသော ဓားသုံးလက်ရဲ့ ဓားအလင်းတန်းတွေနဲ့ သားရဲငှက်ဆိုးကြီးဟာ ထိပ်တိုက်ရင်ဆိုင်မိသွားကြပါတယ်။
သူတို့တွေရဲ့ ထိပ်တိုက်ရင်ဆိုင်မှုကြောင့် ပဲ့တင်ရိုက်ခပ်သံတွေအပြင် နောက်ဆုံးမှာတော့ ဝူး ခနဲအသံကြီးနဲ့အတူ အနက်ရောင်သားရဲငှက်ဆိုးရဲ့ ခန္ဓာကိုယ်ဟာ ပွင့်ထွက်သွားခဲ့ပါပြီ။ အနက်ရောင်ငှက်ဆိုးကြီးရဲ့ ခေါင်းဟာ မြေပြင်ပေါ်ကို ပြန်မကျလာခင်မှာပဲ ငိုက်ဆင်းသွားပြီး ကောင်းကင်ကနေ နီးထွေးနေတဲ့ သွေးစက်တွေဟာ မိုးသီးမိုးပေါက်တွေလို ကျဆင်းလာခဲ့ပါတယ်။
မျောလွင့်တိမ်မြို့ရဲ့ အပြင်နားလေးမှာပဲ သားရဲငှက်တွေနဲ့ မှော်သားရဲအုပ်စုတို့ရဲ့ ရှင်ဘုရင်ကြီးဟာ ပျံသန်းနေသော ဓားသုံးစင်းကြောင့် ကျဆုံးသွားခဲ့ပါပြီ။ မှော်သားရဲတွေဟာလည်း သူတို့ရဲ့ ရှင်ဘုရင်ကျဆုံးသွားပြီဖြစ်တာကြောင့် ပရမ်းပတာဖြစ်ကုန်ကြပါတယ်။ သူတို့တွေဟာ ဝေးလံလွန်းတဲ့ တောင်တန်းတွေကြားထဲကို အူယားဖားယား ပြေးလွှားဆုတ်ခွာသွားကြပါတယ်။
” သတ် …! ”
မျောလွင့်တိမ်မြို့ရိုးတံခါးဟာလည်း ကျယ်ပြန့်စွာ ပွင့်လာခဲ့ပြီး ထွက်ပြေးသွားကြတဲ့ မှော်သားရဲကောင်တွေကို ကျင့်ကြံသူလူသားတွေကို လိုက်လံသတ်ဖြတ်ကြပါတော့တယ်။ မြှားအဆင်းပေါင်းများစွာဟာ ၄၅° ဒီဂရီ ထောင့်ချိုးကနေ ကောင်းကင်ပေါ်ကို ပျံတက်သွားကြပြီး သားရဲငှက်ဆိုးတွေကို တစ်ကောင်ပြီး တစ်ကောင်ပြုတ်ကျလာစေသလို မြေပြင်က မှော်သားရဲတွေလည်း အဆက်မပြတ် လိုက်လံသတ်ဖြတ်နှိမ်နှင်းခြင်းကို ခံသွားကြရပါတယ်။
အနောက်ဘက်နယ်စပ်ရဲ့ အခုလို ဝေးလံခေါင်သီလှတဲ့ နယ်မြေမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲကြီးကို ရှီဟောင်ဟာ အရွယ်နဲ့မလိုက်ဖက်စွာပဲ တည်တည်ငြိမ်ငြိမ် ကြည့်ရှုနေပါတယ်။ ဂါးဒီးယန်းဝိညာဉ်တော်တွေဟာ သူ့နည်းသူ့ဟန်နဲ့ အမှန်တကယ်ကို ထူးဆန်းကြပါတယ်။ သူတို့တွေဟာ အသွင်သဏ္ဍာန်အမျိုးမျိုး ရှိကြပြီး တူညီတာတစ်ခုကတော့ သူတို့အားလုံးဟာ အရမ်းကို အစွမ်းထက်ကြတယ်ဆိုတာပါပဲ။
ကြီးမြတ်သော မျောလွင့်တိမ်ဟာ ကြိတ်ဆုံကြီးလို ကြီးမားလှတဲ့ ပန်းပွင့်ကြီး ပွင့်ချပ်သုံးချပ်သာ ရှိပေမဲ့လည်း စွမ်းအားကြီးမားတဲ့ အမတေ၀တ်ဆံသုံးခုကို ပိုင်ဆိုင်ထားပါတယ်။ ဒါက အရမ်းကို ထိတ်လန့်စရာကောင်းလွန်းနေခဲ့ပါပြီ။
သည်တိုက်ပွဲကြီးဟာ ရှီဟောင်ကို အနည်းငယ်သော ဥာဏ်အလင်းတွေကို ဖြစ်ပေါ်သွားစေပါတယ်။
” စွမ်းအား သင်္ကေတတွေဟာ သည်လိုမျိုးလည်း အသုံးချလို့ ရတာကိုး .. အရာအားလုံးသော လမ်းကြောင်းတွေမှာ အောင်နိုင်ဖို့ အတွက် တိုက်ခိုက်ကြရသလို ကိုယ့်ကိုကိုယ် ထက်မြက်နေဖို့လည်း အရည်အသွေးတွေကို အဆက်မပြတ် ဖြည့်စည်းနေရမယ်ပေါ့ ..။”
ရှီဟောင်ဟာ သူတွေ့မြင်ခဲ့ရတဲ့ အရာတွေတိုင်းက အတုယူပြီး ကြိုးစားနိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
***