သုခကမ္ဘာက ရှီဟောင် - Chapter - 137 မဆင်မခြင် လုပ်တာလား ..
Chapter – 137 မဆင်မခြင် လုပ်တာလား ..
” ငါ .. နက်ကြီးကို တွေ့ချင်တယ် .. ။”
ရှီချင်ဖန်း က ပြောလိုက်ပါတယ်။ သူဟာ အချိန်တိုင်း မျက်လုံးဒေါက်ထောက်ပြီး စောင့်ကြည့်ခံနေရတာပါ။ အခုလို အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ရှိလာချိန်မှာတော့ သူ ထွက်ခွာချင်နေပါပြီ။
ဒီနှစ်ပေါင်းများစွာအတွင်းမှာ သူဟာ သူ့နဲ့သက်တူရွယ်တူ ကစားဖော်တွေတစ်ယောက်မှကို မရှိခဲ့တာကြောင့် သူဟာ အရမ်းကို အထီးကျန်ခဲ့ရပါတယ်။ သူ့မှာ ကစားဖော် ကစားဖက်တွေ မရှိတာကြောင့်လည်း အနက်ရောင်ကျားကြီးကသာ သူ့ကို ရယ်မောနိုင်စေခဲ့တာပါ။ တကယ်တော့ သူဟာ အရမ်းကို သနားစရာကောင်းပါတယ်။
” ကောင်းပြီလေ .. !”
အရုဏ်တက်မိုးသောက်လာခဲ့ပြီး သူတို့တွေ မထွက်သွားခင်လေးမှာပဲ စံအိမ်ခြံ၀င်း ဂိတ်တံခါးကနေ ပဲ့တင်သံတွေ ပေါ်ထွက်လာပါတယ်။
” ကလေးလေး .. မင်း ဘယ်မှာလဲ .. မင်း အနိုင်ကျင့်မခံရအောင် ငါ ဒီနေရာကနေ ခေါ်သွားပေးမယ် .. မင်း .. ဦးလေး ဒီနေရာမှာ ရောက်နေပြီ ..။”
သက်လတ်ပိုင်းလူတစ်ယောက်ဟာ စံအိမ်ခြံ၀င်းထဲကို ၀င်ရောက်လာပါတယ်။ သူ့ရဲ့ မျက်နှာမှာ နဂါးတစ်ကောင်လို မုတ်ဆိတ်မွေးအရှည်ကြီးတွေ ရှိနေပြီး အရပ်မြင့်ပါတယ်။ ရှီဟောင်ဟာ အရိပ်တစ်ခုလို လှုပ်ရှားသွားပြီး ရှီချင်ဖန်းရဲ့ ရှေ့ကနေ ပျောက်ကွယ်သွားပါတယ်။
ချင်ဖန်းဟာ တော်တော်လေးကို ပျော်ရွင်သွားပါတယ်။
ဦလေဟိုင် ဆိုတာက အဘိုးဟိုင်ရဲ့ သားတစ်ယောက်ဖြ၀်ပြီး သူတို့မိသားစုက သူ့ကို အမြဲတမ်းပဲ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးကြပါတယ်။ ပျက်သုန်းခြင်းစံအိမ်ရဲ့ အကျဉ်းစံအကြီးအကဲတွေ တစ်ယောက်ပြီး တစ်ယောက် ကွယ်လွန်သွားပြီးနောက်မှာတော့ အဘိုးဟိုင်နဲ့ သူရဲ့ သားတွေက ဝိုင်းဖွဲ့ ဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ သူတို့တွေဟာ အားနည်းလှတဲ့ ဒီကလေးလေးကို မွေးစားဖို့ အတွက် ဆုံးဖြတ်လိုက်ကြပါတယ်။
” မင်းက ဒီနေရာကနေ ထွက်သွားချင်တာလား .. ဒါက ကောင်းတော့ သိပ်မကောင်းဘူးနော် ..။”
အစေခံတစ်ယောက်က ရှီချင်ဖန်းရဲ့ သွားလမ်းကို ပိတ်ဆို့ထားလိုက်ပါတယ်။
” ငါ့ရဲ့ မြည်းက တော်တော်အိုနေပြီ .. အကယ်၍များ ဒီကလေးလေးက ဒီမှာ ဆက်နေရင် နောက်သုံးလတောင် ခံမှာမဟုတ်တော့ဘူး .. ဒါက သေချာတယ် .. မင်းမသိဘူးလား .. သူ့ရဲ့ ခြေထောက်တွေက အရမ်းကို ချိနဲ့နေပြီ .. အကြီးအကဲဟောင်းသာ ရောဂါပျောက်ကင်းသွားပြီး အသက်ရှင်နေသေးရင်တော့ သူ့ရဲ့ ခြေထောက်ကို ပြန်ကုပေးလို့ရသေးတယ် ..။”
” နက်ကြီး ကို တွေ့ဖို့ ဦးလေးနဲ့ လိုက်ခဲ့မယ် ..။”
ရှီချင်ဖန်းလေးက ပြေးသွားပါတယ်။
ဦးလေးဟိုင်တို့က ပုံမှန်အားဖြင့်တော့ သားကောင်တွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေကို ကျောက်ခေတ်ကလန်ရဲ့ ဒုတိယဘိုးဘွားနယ်မြေကို ပို့ဆောင်ပေးရတဲ့ ကျေးရွာတစ်ရွာကပါ။ သူတို့ဟာ ကြီးမားတဲ့ရွာကြီးတစ်ရွာမဟုတ်ပဲ ရွာသားတစ်ရာလောက်ပဲ ရှိပါတယ်။
” ဝေါင်း …။”
ရှီချင်ဖန်းတို့ ရွာထဲ၀င်လာတာနဲ့ ကျယ်လောင်တဲ့ ဟိန်းဟောက်သံကြီးနဲ့ အတူ ကျားနက်ကြီးတစ်ကောင် ပေါ်ထွက်လာပါတယ်။
၁ ဇန် = ၃.၃ မီတာ
ကျားနက်ကြီးဟာ အကြမ်းအားဖြင့် ၃ဇန်လောက် မြင့်မားပြီး ၆ဇန် ၇ဇန်လောက် ကြီးမားပါတယ်။ သူဟာ လျှင်မြန်စွာပြေးလွားနေပြီး အံ့သြစရာကောင်းတာကတော့ ကျားနက်ကြီးရဲ့ နောက်ကနေ ကျားပေါက်လေး လေးကောင်ကပါ ထပ်ကြပ်မကွာပြေးလိုက်နေကြတာပါ။
“ နက်ကြီး …”
ရှီချင်ဖန်းဟာ ပျော်ရွှင်စွာနဲ့ပဲ သူ့ရဲ့ လက်ကို ဝေ့ရမ်းပြလိုက်ပါတယ်။
ရှီဟောင်ဟာ အတော်လေးကို ဝေးလံတဲ့တောင်ပေါ်ကနေ လှမ်းကြည့်လို့နေပါတယ်။ သူဟာ ကျားနက်ကြီးရဲ့ ခန္ဓာကိုယ်ထဲက သွေးအနှစ်သာရစွမ်းအားတွေနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားသင်္ကေတတွေကို ခံစားမိနေပါတယ်။
ဒါ့ကြောင့်ပဲ ကျားနက်ကြီးဟာ ရိုးရှင်းတဲ့ သားရဲကောင်တစ်ကောင် မဟုတ်မှန် သိလိုက်ရပါတယ်။
ဝေးလံခေါင်းဖျားပြီးအေးခဲနေတဲ့ ကျောက်ခေတ်ဒုတိယဘိုးဘွားပိုင်နယ်မြေကနေ ဦးလေးဟိုင်တို့မိသားစုက ချင်ဖန်ကို မမျှော်လင့်ပဲ ခေါ်ထုတ်လာကြပါတယ်။ အဘိုးဟိုင် နဲ့ သူ့သားတို့နှစ်ယောက်ဟာ ဒီနေရာမှာ သီးခြားနေထိုင်ကြတဲ့ သူတွေဖြစ်ပါတယ်။
ထိုညမှာပဲ တောင်တန်းပေါ်က သားရဲတွေဟာ ဟိန်းဟောက်လာကြပါတယ်။ ရုတ်တရက်ဆိုသလိုပဲ ကြီးမားလှတဲ့ အနက်ရောင်အစက်အပြောက်ဆယ်ခုဟာ ရူးသွပ်သွားတဲ့အလား သတ်ဖြတ်လိုစိတ်အပြည့်နဲ့ ရွာထဲကို ၀င်ရောက်လာကြပါတယ်။
အူး …
” အိုင်းယား .. မကောင်းတော့ဘူးဟ .. ငါတို့ကို သတ်ဖို့ သားရဲကောင်တွေ လာနေကြပြီ .. မြန်မြန်ပြေးကြတော့ဟေ့ ..။”
ရွာသားတွေဟာ ကြောက်လန့်တကြားဖြစ်သွားပါတယ်။
၀ူး .. ဝူး …
…
တုန်ခါနေတဲ့ အသံကျယ်ကြီးတွေဟာ အမှောင်ထုထဲမှာ ပဲ့တင်ထပ်လို့ ထွက်ပေါ်နေပါတယ်။ အနက်ရောင်အစက်အပြောက်ကြီးတွေပေါ်ကို ချက်ချင်းဆိုသလိုပဲ စွမ်းအားသင်္ကေတတွေ ပါ၀င်တဲ့ တောက်တောက်ပပ မြှားတစ်ချို့ ကျရောက်သွားခဲ့ပါတယ်။ သားရဲကောင်တွေရဲ့ အော်ဟစ်သံဟာ ချက်ချင်းပဲ တိတ်ဆိတ်သွသလို အနက်ရောင်အစက်အပြောက်တွေဖြစ်တဲ့ ကျင့်ကြံသူတွေလည်း မြေပေါ်ကို အတုန်းအရုန်းလဲကျကုန်ပါတယ်။
သိပ်မကြာခင်မှာပဲ ရွာသားတွေအားလုံးက ငြိမ်းချမ်းသွားကြပါတယ်။
“ အဘိုးဟိုင်၊ ခင်ဗျားက အသက်ကြီးပေမဲ့ တကယ်ကို သန်စွမ်းတာပဲ၊ ကျားလိုမျိုး သားရဲတွေကိုတောင် တကယ်ပစ်ချနိုင်ခဲ့တယ်။ ”
ရွာသားများက သူတို့ရဲ့ တကယ့်ကို စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါတယ်။
ရှီဟောင်ဟာ တောင်တန်းတွေထဲက အဝေးတစ်နေရာမှာ ရပ်ပြီး ခေါင်းညိတ်လိုက်ပါတယ်။ ဟိုင်မိသားစုက အဖေနဲ့ သားဟာ ဇာတ်မြုပ်နေကြတဲ့ အစွမ်းထက်ကျင့်ကြံသူတွေမှန်း သေချာသွားပါတယ်။ သူတို့တွေဟာ ထူးထူးခြားခြားကို အစွမ်းထက်သူတွေ ဖြစ်နေပါတယ်။
” ဒီလူကြီးက အရမ်းအိုနေပြီ .. အာ့ဒါကိုတောင် စွမ်းအားသင်္ကေတတွေနဲ့ မြှားပစ်တာမှာ အရမ်းကို ကျွမ်းကျင်မှု ရှိနေသေးတယ် .. သူဟာ ကလန်တွေထဲမှာသာဆိုရင် အကြီးအကဲတ်နေရာလောက်တော့ ရသင့်နေပြီမဟုတ်လား …။”
အဘိုးဟိုင်ရဲ့ စွမ်းဆောင်ရည်တွေကို တွက်ချက်သုံးသပ်နေရင်း ရှီဟောင်ရဲ့ မျက်ခုံးတွေ တွန့်သွားခဲ့ပါတယ်။
နောက်ထက်ရက်အနည်းငယ်အတွင်းမှာပဲ ရွသူရွာသားတွေဟာ အဆိပ်ပြင်းတဲ့ အင်းစက်တွေနဲ့ ငှက်မိစ္ဆာတွေကို ရံဖန်ရံခါ ရင်ဆိုင်ကြရပါတယ်။ ရွာကို ကျူ းကျော်လာသမျှ မှော်သားရဲတွေကို ဟ်ိုင်မိသားစုက အဖေနဲ့ သားက သတ်ဖြတ်နိုင်ခဲ့ပေမဲ့ ရွာသားတွေကတော့ ကြောက်ရွံ့တုန်လှုပ်နေဆဲပါပဲ။
” သောက်မအေလိုးကောင်တွေ .. သူတို့က ငါ့ကို ကလေး လွဲပြောင်းခိုင်းနေကြတယ် .. ငါသာ ကလေးကို ပျက်သုန်းခြင်း စံအိမ်ကို ပြန်ပို့ပေးလိုက်ရင် နောက်နှစ်လတောင် သူ အသက်ရှင်နေတာ့မှာ မဟုတ်ဘူး .. ”
အဘိုးဟိုင် က အရမ်းကို ဒေါသထွက်နေပါတယ်။
” ရှိစေတော့ .. ငါတို့ ဒီမှာနေလာတာကြာနေပြီပဲ .. ငါတို့ကလေးကို ခေါ်သွားပြီး တခြားနေရာကို ပြောင်းကြမယ် .. ဟုတ်တယ် .. ငါတို့ ဒီက မထွက်ခင်တော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရလိမ့်မယ် …။”
အဘိုးဟိုင်က ဆက်ပြောလိုက်ပါတယ်။
ညနေခင်းတစ်ခုမှာတော့ သားရဲကောင်နှစ်ကောင်ဟာ တိုက်ခိုက်ဖို့ ပေါ်ထွက်လာပြန်ပါတယ်။ ပြီးတော့ သူတို့တွေဟာ ရွာသားတွေ စောင့်ကြည့်နေစဉ်မှာပဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ အဝေးကြီးကိုရောက်ရှိပျောက်ကွယ်သွားကြပါတယ်။
“ အေး…”
“ အေး…”
ရွာသူရွာသားတွေရဲ့ တောခြောက်သံကြီးတွေကြောင့် ရွာနားကို ကပ်လာတဲ့ ကြောက်မက်ဖွယ်ရာ သားရဲကောင်တွေသာမက အဘိုးဟိုင်တို့သားအဖနှစ်ယောက်သတ်ဖြတ်ထားတဲ့ လူသေတွေပါ ပျောက်သွားကြပါတယ်။ သူတို့တွေဟာ နယ်စပ်ကြီးကြပ်ရေးမှူ းက အရိုးစာသားစွမ်းအားနဲ့ လေ့ကျင့်ပေးထားတဲ့ ကျင့်ကြံသူတွေပါ။ ဒီလိုမှမဟုတ်ပဲ သူတို့တွေသာ သာမန်လူတွေဖြစ်ခဲ့ရင် ရှီကျိလောင်နဲ့ ပတ်သက်တဲ့ သတင်းတွေကို သူတုိ့ဘယ်လိုလုပ်ပြီး ရှာနိုင်ကြမှာလဲ။ ဒါပေမဲ့ သူတို့တွေဟာ ဘာမှမတတ်နိုင်ကြတော့ဘူး။ ရှီချင်ဖန်းကို လုပ်ကြံဖို့ လာရောက်ကြတဲ့ ကျင့်ကြံသူနှစ်ဆယ်စလုံးဟာ တစ်ယောက်မှ အသက်မရှင်ကြတော့ပါဘူး။
“ အရမ်းကို အစွမ်းထက်တာပဲ!”
တောထဲမှာ ရှိနေတဲ့ ရှီဟောင်ဟာ အရမ်းကို အံ့အားသင့်သွားခဲ့ပါတယ်။ သူဟာ တောင်တန်းဒေသထဲမှာ ငှက်မိစ္ဆာတွေနဲ့ သားရဲကောင်တွေကို သတ်ဖြတ်ပြီး ကြီးပြင်းလာရသူပီပီ သူ့ရဲ့ အော်ရာတွေကို ဖုံးကွယ်ပြီး တောထဲတောင်ထဲမှာ ဘယ်လိုနေထိုင်မလဲဆိုတာကို ကောင်းကောင်း နားလည်တတ်ကျွမ်းနေပါပြီ။ ခရီးကြမ်းတစ်ခေါက်ထွက်တာဟာ စာအုပ်တစ်သောင်းဖတ်ရတာနဲ့ ညီမျှတယ် ဆိုတဲ့ စကားလည်း ရှိတယ်မဟုတ်လား .။
***
Perfect World
သုခကမ္ဘာ က ရှီဟောင်
Author – Chan Dong
Translated By Min Satt Arr Narr
Chapter – 137
မဆင်မခြင် လုပ်တာလား .. 2
မျောလွှင့်တိမ်မြို့က နယ်စပ်ဒေသကြီးကြပ်ရေးမှူ းဟာ သတင်းရရှိပြီးသွားတဲ့နောက်မှာပဲ သူ့ရဲ့ မျက်လုံးတွေဟာ မည်းမှောင်သွားပါတယ်။ တစ်ညတည်းနဲ့ သူ့ရဲ့ ကျင့်ကြံသူ အယောက်နှစ်ဆယ်ကို သတ်ဖြတ်သွားနိုင်တဲ့သူဟာ ဘယ်လိုနည်းနဲ့မှ သာမန်လူတစ်ယောက် မဖြစ်နိုင်တော့ပါဘူး။
” ငါ ကိုယ်တိုင် သွားရလိမ့်မယ်လို့ ငါ့ကို မပြောကြနဲ့ ..။”
သူဟာ ခြေတစ်ချက်ဆောင့်လိုက်ပြီး မတ်တပ်ရပ်လိုက်ပါတယ်။ သူ့ရဲ့ အစွမ်းထက်တဲ့ အော်ရာတွေကို ထုတ်လွှတ်လိုက်တာကြောင့် ခန်းမတစ်ခုလုံးနဲ့ နံရံတွေတောင် အက်ကွဲကြောင်းတွေ ဖြစ်ပေါ်သွားပါတယ်။
ယုမင်းဟာ သူ့ရဲ့ ခမ်းနားကြီးကျယ်လှတဲ့ ဥယျာဉ်ကြီးထဲမှာ လှည့်ပတ်လမ်းလျှောက်ရင်း မတ်တပ်ရပ်နေပါတယ်။
” မင်းရဲ့ အင်အားတွေ အတော်လေးနည်းသွားတယ်လို့ ငါ ကြားမိလိုက်သလားပဲ ..။”
နယ်စပ်ဒေသအကြီးအကဲဟာ ချက်ချင်းပဲ ခေါင်းငုံ့သွားပြီး ပြောလိုက်ပါတယ်။
” မှန်ပါတယ် .. မမျှော်လင့်ပဲ အစွမ်းထက်ကျင့်ကြံသူတစ်ချို့ ပေါ်လာတာကြောင့်ပါ… ကျုပ် ဒီကိစ္စကို ချက်ချင်းအရေးယူဖို့ အတွက် အဆင်သင့်ပါပဲ…။”
ယုမင်းက အေးတိအေးစက် ညွန်ကြားလိုက်ပါပြီ။
” ကျင့်ကြံသူတွေလား .. ငါ သဘောကျတယ် .. သိပ်မကြာခင်တုန်းက ငါ သားရဲဆိုးတစ်ကောင်ကို မွေးလိုက်တဲ့အတွက် ကျင့်ကြံသူတွေရဲ့ သွေးတွေ လိုအပ်နေပြီ .. ငါ့လူတွေကို မင်းနဲ့ အတူတူခေါ်သွား .. သူတို့တွေ ဒီကိစ္စကို စိတ်၀င်မှု ရှိကောင်း ရှိမယ်လို့တော့ ငါ ထင်တယ် ..။”
နယ်စပ်ဒေသအကြီးအကဲဟာ တူန်လှုပ်သွားပါတယ်။ အကယ်၍များ မိုးကလန်က ကျင့်ကြံသူတွေသာ အရေးယူတဲ့ လုပ်ဆောင်မှုတွေ လုပ်လာခဲ့ရင် ဘယ်လိုလူတွေက အသက်ရှင်နေနိုင်မှာတဲ့လဲ။ အဲ့သည် သားအဖနှစ်ယောက်က ဇာတ်မြုပ်နေကြတဲ့ ကျင့်ကြံသူတွေဖြစ်တယ်ဆိူရင်တောင် သူတို့ရဲ့ အဆုံးသတ်က ၀မ်းနည်းကြေကွဲစရာကောင်းနေတော့မှာပါ။
ယုမင်အတွက် သည်ကိစ္စရပ်တွေဟာ သိပ်မကြာခင်မှာ ဆိုးကျိုးတွေ တပုံတပင်ပေးတော့မယ်ဆိုတာ သိနေပါတယ်။ ဒါဟာ ပေါက်ကွဲလုနီးပါးအခြေအနေဖြစ်နေပြီး အနောက်ဘက်နယ်စပ်ဒေသအတွက် ကြောက်စရာကောင်းတဲ့ သွေးလွမ်းတိုက်ပွဲတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ရွာအတွင်းမှာတော့ ရှီချင်ဖန်းလေးဟာ ဟိုင်မိသားစု၀င်တွေကို ကျေးဇူးတင်စကားပြောနေပါတယ်။
” အဘိုးဟိုင် .. ကျွန်တော် အဘိုးတို့နဲ့ အတူနေလို့ မဖြစ်တော့ဘူး .. အစ်ကိုလေး နဲ့ ကျွန်တော်လိုက်သွားရတော့မယ် .. သူက ကျွန်တော့်ခြေထောက်ကို ပြန်ကောင်းအောင် ကုပေးနိုင်တဲ့ နည်းလမ်းတွေရှိတယ်လို့ ပြောတယ် .. အဘိုးတို့ကတော့ ဒီနေရာကနေ မြန်မြန်ဆန်ဆန် ထွက်သွားကြရလိမ့်မယ် ..။”
နောက်ဆုံးမှာ ဟိုင်မိသားစု၀င်တွေဟာ တောထဲမှာပဲ ရှီဟောင်နဲ့ တွေ့ဆုံသွားကြပါပြီ။
” ကျေးဇူးတင်ပါတယ် … အဘိုးဟိုင် .. အဘိုးတို့ ဒီရွာကနေ မြန်မြန်ထွက်သွားဖို့ လိုနေပြီ .. မကြာခင် အနောက်ဘက်နယ်စပ်မှာ ကြီးကျယ်တဲ့ တိုက်ပွဲတွေ ဖြစ်လာတော့မယ် ..။”
ရှီဟောင်က ပြောလိုက်ပါတယ်။
” မင်းက အရမ်းကို စိတ်၀င်စားစရာကောင်းတဲ့ ကောင်လေးပဲ .. ငါတို့ကို တွေ့တာနဲ့ ဒီလိုသတင်းမျိုးကို သတိပေးနိုင်တယ် ..။”
အဘိုးဟိုင်က ရယ်မောပြောဆိုလိုက်ပါတယ်။
” ကောင်လေး .. မင်းက ငါတို့ကို ထိတ်လန့်တုန်လှုပ်စရာ စကားလုံးတွေနဲ့ ခြိမ်းခြောက်ချင်နေတာလား ..။”
” အာ့ဒါက အမှန်ပဲ ..။”
ရှီဟောင်က သူ့ရဲ့ မျက်လုံးရွဲကြီးတွေကို ပုတ်ခပ်ပုတ်ခပ်လုပ်လိုက်ပြီး အေးဆေးစွာပြောလိုက်ပါတယ်။ အဘိုးဟိုင်တို့ကလည်း သည်ချစ်စရာကောင်းပြီး ချောမောလှတဲ့ ကလေးရဲ့ နောက်ကွယ်က သူ့ကိုယ်သူ ယုံကြည်စိတ်ချမှုကို မြင်နေရပါတယ်။
” ဘယ်လို ဖြစ်လို့လဲ ..။”
အဘိုးကြီး ဟိုင် က မေးလိုက်ပါတယ်။
” အနောက်ဘက်နယ်စပ်ဒေသက လူဆိုးကောင်တွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးမလို့ ..။”
ရှီဟောင်က လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ပြီး ဖြေလိုက်ပါတယ်။
“ ကလေး၊ မင်း ဘာထပ်လုပ်မှာလဲ”
အဘိုးဟိုင်က မေးလိုက်ပါသည်။
ရှီဟောင်ဟာ အဘိုးဟန်တို့သားအဖ သတ်ဖြတ်ထားခဲ့တဲ့ ကျင့်ကြံသူ အယောက်နှစ်ဆယ်ရဲ့ အလောင်းတွေကို ဖွက်ထားရာကနေ သွားထုတ်ယူလာခဲ့ပါတယ်။ ဒီ ကျင့်ကြံသူတွေရဲ့ အလောင်းတွေကို ကျန်ခဲ့တဲ့ညတွေထဲက သူ သွားယူပြီး ဖွက်ထားတာပါ။ ကျင့်ကြံသူအယောက်နှစ်ဆယ်ဆိုတာ ကလေးတစ်ယောက်အတွက် အတော်လေးကို လေးလံတဲ့ အလေးချိန်ရှိတယ်ဆိုပေမဲ့ သူက သန့်စင်သော ခန္ဓာကိုယ်စွမ်းအားနယ်ပယ်အဆင့်ကို ရောက်နေခဲ့ပါပြီ။ လက်ရှိအချိန်မှာ သူ ထုတ်ဖော်အသုံးပြုနိုင်တဲ့ ခွန်အားက ဂျင် ၁၀၀,၀၀၀ရှိပြီး ခွန်အားတွေကို အစွမ်းကုန်အသုံးပြုမယ်ဆိုရင်တော့ နောက်ထပ် ၅၀၀,၀၀၀ဂျင်လောက် ထပ်တိုးလာဦးမှာပါ။
အဆင့် ၁ ဖြစ်တဲ့ သွေးဆင့်ကဲပြောင်းလဲခြင်းနယ်ပယ်အဆင့်မှာ ခွန်အားဂျင် ၃၀,၀၀၀ ကနေ ၆၀,၀၀၀အထိသာ အသုံးပြုနိုင်ပါတယ်။ အဆင့် ၁ ရဲ့ ပြီးပြည့်စုံခြင်းအဆင့်ဆိုရင်တော့ နောက်ထပ် ခွန်အား ၂၀,၀၀၀ဂျင် ထပ်တိုးလာဦးမှာလေ။
” ဒီမှာ ကျွန်တော့်ကို အားလုံးပဲ စောင့်နေကြဦး ..။”
ရှီဟောင်ဟာ ကျင့်ကြံသူတွေရဲ့ အလောင်းတွေကို ကောက်ထမ်းလိုက်ပြီး ပျက်သုန်းခြင်းစံအိမ်ဘက်ကို ပြေးထွက်သွားပါတယ်။
“သူဘာလုပ်မလို့လဲ?”
အဘိုးဟိုင်တို့သားအဖနဲ့ ရှီချင်ဖန်းတို့ဟာ စိတ်ရှုပ်ထွေးသွားကြပြီး အနောက်ကနေ လိုက်သွားပါတယ်။
မကြာခင်မှာပဲ သူတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားကြပြီး ရုတ်တရက် ထိတ်လန့်တုန်လှုပ်မှုတွေကလည်း သူတို့ကို လွမ်းခြုံသွားပါတယ်။
ပျက်သုန်းခြင်းစံအိမ်တော်ကြီးဆီက မီးညွန့်မီးလျှံတွေဟာ ကောင်းကင်အထိ ဖြာတက်လာပြီး တော်တော်ဝေးဝေးကနေတောင် လှမ်းမြင်နိုင်ပါတယ်။ ကျင့်ကြံသူအယောက်နှစ်ဆယ်နဲ့ ထွက်ပြေးနိုင်စွမ်းမရှိတဲ့ အစေခံတွေဟာ အရှင်လတ်လတ် သင်္ဂြုလ်ခံလိုက်ရပြီး တခြားအစေခံတွေကတော့ အသက်လု ထွက်ပြေးသွားကြရပါပြီ။
ဦးလေးဟိုင် ရဲ့ ခေါင်းတခုလုံး ထုံကျင်သွားခဲ့ပါတယ်။
” ကျောက်ခေတ်အင်ပါယာ ကလန်ကြီးရဲ့ ဘိုးဘွားပိုင် နယ်မြေ .. ဒီနေရာက အချိန်တိုင်း လူသူလေးပါးကင်းမဲ့နေရာဖြစ်တာကြောင့် ဘယ်သူမှ ဂရုမစိုက်ရင်တောင် အရေးမကြီးဘူး .. အခုလိုကတော့ ဒါ .. ဒါ တကယ့်ကို ကောင်းကင်အောက်မှာ ဘေးဆိုးတွေကို ကျရောက်လာစေနိုင်တယ် ..။”
” မြန်မြန် သွားကြရအောင် .. မကြာခင်မှာ ဘုရင်အဆင့်ရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေတောင် ရောက်လာနိုင်တယ် ..။”
အဘိုးဟိုင်ဟာ အကြီးအကျယ် ခေါင်းကိုက်သွားပါတယ်။ ရှီဟောင်လို အသက် ခုနှစ်နှစ်ကျော်လောက်ပဲ ရှိသေးတဲ့ ကလေးတစ်ယောက်က ဒီလိုမျိုး လုပ်ရဲလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး။ ဒါက တကယ်ကို မဆင်မခြင် လုပ်လိုက်တာပဲမဟုတ်လား ..။
” အစ်ကိုလေးက ဒါကို တကယ်လုပ်ရဲတာပဲ ..။”
ရှီချင်ဖန်းလေးလည်း အံ့အားသင့်သွားပါတယ်။
ရှီဟောက်ကတော့ သက်သက်သာသာပဲ ပြန်ရောက်လာခဲ့ပြီး အေးအေးဆေးဆေးပြောလိုက်ပါတယ်။
” ချင်ဖန်း .. မင်းမှာ ဘိုးဘွားပိုင် နယ်မြေတစ်ခုတည်းပဲ ရှိတယ်ဆိုတာကို မှတ်ထား .. အဲ့ဒါက ဒီနေရာမဟုတ်ဘူး .. ငါတို့က ကျောက်ခေတ်အင်ပါယာနဲ့ လုံး၀လုံး၀ကို မသက်ဆိုင်တော့ဘူး .. ။”
ရှီဟောင်ဟာ သူငယ်ငယ်တည်းက သူ့ရဲ့ ထွတ်မြတ်ခြင်းအဆင့် အရိုးစာသားတွေကို ခိုးယူခံလိုက်ရပေမဲ့ ကျောက်ခေတ်အင်ပါယာကလန်က လူတွေက သူတို့မိသားစုကို နည်းနည်းလေးမှ ဂရုမစိုက်ကြပါဘူး .. ရှီချင်ဖန်းကလည်း ဒုတိယ ဘိုးဘွားပိုင်နယ်မြေမှာ ရှီဟောင်ရဲ့ နေရာမှာ အစားထိုးနေခဲ့ရပြီး သူ့ကို ဘယ်သူကမှ ဂရုမစိုက်ခဲ့ပါဘူး။ သည်လို ရက်စက်လှတဲ့ ဖြစ်ရပ်နဲ့ အကြောင်းအရာတွေက သူတ်ုိ့နှစ်ယောက်ဟာ ကျောက်ခေတ်အင်ပါယာကလန်ကြီးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ အသိတွေကို ဆုံးရှုံးသွားစေပါတယ်။
ရှီဟောင်ဟာ ကြင်နာသနားတတ်သူဖြစ်ပေမယ့်လည်း အားနည်းပြီး ဘာမှ မလုပ်ရဲမကိုင်ရဲတဲ့ သူတစ်ယောက်တော့ မဟုတ်ပါဘူး။
” သွားကြရအောင် …။”
အဘိုးဟိုင်ရဲ့ ခေါင်းဟာ ပေါက်ကွဲထွက်မလိုခံစားနေရတာကြောင့် သည်နေရာမှာ သူလုံး၀ကို မနေလိုတော့ပါဘူး။
ပျက်သုန်းခြင်း ဘိုးဘွားပိုင်နယ်မြေကနေ သူတို့တွေဟာ ချက်ချင်းပဲ ပျောက်ကွယ်သွားကြပါတယ်။
•••