သုခကမ္ဘာက ရှီဟောင် - Chapter - 149 ကြိုတင် စမ်းသပ်စစ်ဆေးခြင်း
Chapter – 149 ကြိုတင် စမ်းသပ်စစ်ဆေးခြင်း
နှစ်ရက်အကြာမှာတော့ မိုးကုတ်စက်ဝိုင်းရဲ့ တစ်ဖက်ကနေ အသံကြီးတွေ ကြားလိုက်ရပြီး သားရဲတွေကို စီးနင်းလာကြသူတွေ ထွက်ပေါ်လာပါတယ်။ သူတို့တွေဟာ လူဆယ်ယောက်ကျော်လောက်ပဲ ပါတဲ့ အဖွဲ့ဖြစ်ပေမဲ့ လွမ်းမိုးနိုင်စွမ်းရှိတဲ့ အော်ရာတွေနဲ့ပါ။
တောပုန်းဓားပြတွေဟာ သူတို့သတ်မှတ်ထားတဲ့ ကန့်သတ်ရက်ကို မရောက်သေးပါဘူး။ ဒါပေမဲ့ သူတို့တွေဟာ ကြိုတင်ပြီး ပေါ်ထွက်လာဖို့အတွက် ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့တွေဟာ သတ်ဖြတ်လိုစိတ်တွေ ကြီးစိုးနေကြပြီး သူတို့စီးနင်းလာကြတဲ့ သားရဲကောင်တွေကလည်း လျှာတသပ်သပ်နဲ့ ဖြစ်နေကြပါတယ်။ သားရိုင်းကောင်တွေဟာ အနက်ရောင်ထူပိန်းနေတဲ့ ဦးချိုတွေ ပါရှိတာကြောင့် သားရဲဆိုးတွေမှန်း သိသာထင်ရှားပါတယ်။
တောပုန်းဓားပြတွေဟာ ရှေးပြေးအဖွဲ့ငယ်လေးတစ်ဖွဲ့သာ ရောက်ရှိလာတာဖြစ်ပြီး သူတို့ရဲ့ ဒဏ္ဍာရီလာ အစောင့်အရှောက်သားရဲဆိုးကြီးက လိုက်ပါလာခြင်း မရှိပါဘူး။ သို့တိုင်အောင် သူတို့ရဲ့ နတ်ဆိုးဆန်တဲ့ အော်ရာတွေက ကျောက်ခေတ်ကျေးရွာရဲ့ လေထုကို အေးစက်စက် ခံစားရစေပါတယ်။
” တောထဲက အရိုင်းအစိုင်းကောင်တွေ .. မင်းတို့ အဆင်သင့်ဖြစ်ကြပြီလား ..။”
အနက်ရောင်သံချပ်ကာအကျီ င်္ကို ၀တ်ဆင်ထားတဲ့ တောပုန်းဓားပြတစ်ယောက်ဟာ ကျောက်ခေတ်ရွာသားတွေကို သူ့ရဲ့ လက်ထဲကနှင်တံနဲ့ ညွန်လိုက်ပြီး မေးလိုက်ပါတယ်။
ကျောက်ခေတ်ရွာသားတွေဟာ သူ့ကို စိမ်းစိမ်းကြီး စိုက်ကြည့်လိုက်ပြီး ဘာတစ်ခုမှ မတုန့်ပြန်ပါဘူး။
” မင်းတို့ကောင်တွေ စကားမပြောတတ်ကြဘူးလား .. ဘာဖြစ်လို့ ငါ ပြောတာကို မကြားသလိုနေနေကြတာလဲ .. နောက်ဆုံးရက် ရောက်ဖို့ နှစ်ရက်ပဲ လိုတော့တယ် .. မင်းတို့လက်ထဲမှာ ရွှေတွေ ရှိနေပြီဆိုရင် ငါတို့ နောက်ထပ် နှစ်ရက် ထပ်စောင့်စရာ မလိုတော့ဘူး ထင်တယ် ..။”
ဓားပြခေါင်းဆောင်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အော်ရာတွေဟာ ဖြာထွက်လာပြီး အေးစက်တဲ့ မျက်၀န်းတွေနဲ့ လှည့်ပတ်ကြည့်လိုက်ပါတယ်။
” အမ် .. ဒီမှာ လူတွေ အများကြီး လျှော့နေတာပဲ .. မင်းတို့ကောင်တွေ တကယ်ပဲ ထွက်ပြေးချင်နေတာလား ..။”
ဓားပြတစ်ယောက်ရဲ့ မျက်နှာဟာ မည်းမှောင်သွားခဲ့ပါတယ်။ သူဟာ ဆက်ပြီးတော့ ပြောလိုက်ပါတယ်။
” မင်းတို့က ငါတို့ရဲ့ ခွင့်ပြုချက်မရပဲ တကယ်ပဲ လွတ်မြောက်ချင်နေကြတယ် .. ဘ၀ရဲ့ သေခြင်းရှင်ခြင်းကို မင်းတို့ကောင်တွေ တကယ်နားမလည်သေးဘူးပဲ .. အဲ့ဒီလိုလုပ်လို့ မင်းတို့ကောင်တွေ တကယ်အသက်ရှင်န်ိင်ဦးမယ်လို့ ထင်နေကြတာလား ..။”
” ဟား …. ဟား …။”
တောပုန်းဓားပြတွေဟာ ပြောပြောဆ်ိုဆို နဲ့ သူတို့ရဲ့ သွားတွေပေါ်တဲ့အထိ အော်ကြီးဟစ်ကျယ် ရယ်မောလိုက်ကြပါတယ်။
သူတို့တွေဟာ သနားကြင်နာစိတ်ကင်းမဲ့ကြပြီးတော့ သူတို့ရဲ့ သားရဲတွေပေါ်မှာ ထိုင်နေကြတာပါ။ ဒါ့အပြင် သူတို့ရဲ့ သားရဲတွေကတော့ နှစ်မီတာ သုံးမီတာ အမြင့်ကနေ ငါး မီတာ ခြောက်မီတာအထိကို မြင့်မားကြပါတယ်။ ဆီးနှင်းဖွေးဖွေးတွေနဲ့ တူတဲ့ သွားစွယ်ကြီးတွေကလည်း အရမ်းကို ကြောက်စရာကောင်းပါတယ်။
တောင်တန်းဒေသထဲမှာ မွေးဖွားကြီးပြင်းလာတဲ့ သားရိုင်းကောင်တွေဟာ ရက်က်ကြမ်းကြုတ်တဲ့ စိတ်တွေ ပြည့်နေတာပါ။ ကျောက်ခေတ်ရွာသားတွေဟာ သူတို့ရွာကနေ ထွက်ခွာသွားခဲ့ရင်တောင် သူတို့တွေ အမှန်တကယ် လွတ်မြောက်နိုင်ဖို့ ခက်ခဲပါလိ့မ်မယ်လို့ ဓားပြတွေက ယုံကြည်ထားပါတယ်။
” သူတို့တွေကို ပြန်ဖမ်းမိမယ်ဆိုရင် မင်းတို့တွေက ရှင်ခြင်းထက် သေခြင်းတရားရဲ့ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း နားလည်သွားစေရမယ် ..။”
ဓားပြခေါင်းဆောင်ဟာ အသံကျယ်ကြီးနဲ့ အော်ဟစ်ကျိန်းမောင်းလိုက်ပါတယ်။
” ရီး … ဒါက ..။”
ရုတ်တရက်ဆိုသလိုပဲ ယူနီကွန်သားရဲကြီးတွေဟာ သူတို့ရဲ့ ရှေ့မှာ ပေါ်ထွက်လာပါတယ်။ သူတို့တွေရဲ့ မျက်လုံးတွေဟာ အံ့သြဖွယ်ရာကောင်းတဲ့ မြင်ကွင်းကြောင့် ပြူ းကျယ်ကာ ဆွံ့အလို့သွားကြပါတယ်။
” ဒါ .. ဒါက သန္ဓေ
ပြောင်း ယူနီကွန်သားရဲကြီးတွေရဲ့ မြန်နှုန်းမြင့် မြင်းတွေပါလား .. သူတို့က ကြံ့ခိုင်သန်မာကြပြီး သူတို့ တစ်ကိုယ်လုံးကလည်း ငွေဖြူ ရောင်တွေ တောက်ပနေတာလေ .. သူတို့က တနေ့ကို လီ ၁၀,၀၀၀ လည်း ခရီးသွားနိုင်သေးတယ် ..။”
” တစ်ကောင် ထက် ပိုရှိနေတာလား .. တကယ်ကို အများကြီးပဲဟ..။”
တောပုန်းဓားပြတွေရဲ့ နောက်ဆုံး တစ်ခေါက်တုန်းက ယူနီကွန် သားရဲတွေအားလုံးကို အနီးနားက သစ်တောတွေထဲမှာ ဝှက်ထားခဲ့တာကြောင့် သူတို့တွေ မတွေ့ခဲ့ရပါဘူး။ သို့သော် သူတို့တွေဟာ ဒီတစ်ကြိမ်တော့ သူတို့လက်နဲ့ ဖမ်းဆီးနိုင်တော့မှာပါ။
ဒီ သန္ဓေပြောင်း သားရဲတွေဟာ ကြောက်စရာအကောင်းဆုံးမဟုတ်ပေမဲ့ အရမ်းကို မြန်ဆန်ပြီး အလွန်လည်း ရှားပါးပါတယ်။
အကယ်၍များ သူတို့တွေသာ ယူနီကွန်သားရဲကြီးတွေကို စီးနင်းလိုက်မယ်ဆိုရင် နောင်အနာဂတ်မှာ သူတို့ဟာ လေလိုမျိုး မြန်မြန်ဆန်ဆန် ခရီးသွားလာနိုင်ကြပါလိမ့်မယ်။ သူတို့တွေသာ ဒီကျယ်ပြန့်တဲ့ နယ်နိမိတ်တွေအတွင်းမှာ အတားအဆီးမရှိ သွားလာနိုင်ပြီး သူတို့မျက်စိရှေ့က အရာရာတိ်ုင်းကို ဖယ်ရှားပစ်လိုက်နိုင်မှာပါ။
” ဟူး .. ကလေးတွေက သူတို့ကို စီးနေကြတာလား .. မင်းတို့တွေ ထွက်ပြေးဖို့ တကယ်ပြင်ဆင်နေကြတာလား ..။
ဓားပြခေါင်းဆောင်တစ်ယောက်က ရွာထဲမှာ ရှိတဲ့ လူကြီးတွေကို အေးစက်စက် စိုက်ကြည့်လိုက်ပါတယ်။ နောက်ပြီး သူတို့ဆီကို ယူနီကွန်သားရဲကြီးတွေကို လာအပ်ဖို့ပါ ပြောဆိုလိုက်ပါတယ်။
သို့သော်လည်း ကျောက်ခေတ်ရွာအ၀င်၀က ရွာသားတွေဟာ သူတို့ကိုသာ ကြည့်နေပြီး ဘာတစ်ခွန်းမှ ပြန်မဖြေခဲ့ပါဘူး။
” တောထဲက တိရစ္ဆာန်လို အရိုင်းအစိုင်းကောင်တွေ .. ငါ့ .. စကားကို နားမထောင်ပဲ နေရဲလား … ဒီ ကလေးတွေက်ို ယူနီကွန် သားရဲတွေ လာအပ်ဖို့ ပြောလိုက်စမ်း .. ဒီလိုမှမဟုတ်ရင် မင်းတ်ုိ့ရွာကို အခုပဲ ငါ .. သတ်ပစ်မယ် ..။”
အနက်ရောင် သံချပ်ကာအကျီ င်္ကို ၀တ်ဆင်ထားတဲ့ နောက်ခေါင်းဆောင်တစ်ယောက်က သူ့ရဲ့ဓားမြှောင်တွေလို ကြောက်စရာကောင်းတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ပါတယ်။
သူဟာ သူ့ရဲ့ သားရဲကောင်ကြီးကို ရှေ့တိုးခိုင်းလိုက်တာကြောင့် ရှီလင်းဟူ၊ ရှီဖန်ကျင်းနဲ့ တခြားသူတွေကို သူတို့ရဲ့ လက်တွေကို ချိန်ရွယ်လိုက်ပြီး တိုက်ခိုက်ဖို့ လုပ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ အချိန်တုန်းက ကျောက်ခေတ်ရွာသားတွေဟာ မျက်နှာပေါ်မှာ ŝအရမ်းကို ကြီးမားတဲ့ ဒဏ်ရာတွေ ရသွားအောင် သူတိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း သူဟာ ကျောက်ခေတ်ရွာသားတွေကို ပညာပေးဖို့ ကြာပွတ်နဲ့ ရိုက်ချလိုက်ပြန်ပါတယ်။
” ရွှမ်း …။”
ရှီဟောင်ဟာ ရှီလင်းဟူတို့နဲ့ ဓားပြခေါင်းဆောင်အကြား ချက်ချင်းပဲ ၀င်ရောက်လာကာ တားဆီးပိတ်ဆို့လိုက်ပါတယ်။
” အမ် ..။”
ဓားပြခေါင်းဆောင်ဟာ အံ့သြသွားပါတယ်။ သူ့ရဲ့ ကြာပွတ်ရိုက်ချက်ဟာ ဘယ်လောက်ပြင်းထန်သလဲဆိုတာကို သူ အသိဆုံးဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ကလေးတစ်ယောက်က သူ့ကြာပွတ်ကို လက်တစ်ဖက်တည်းနဲ့ ဆုပ်ကိုင်လိုက်ချိန်မှာတော့ အရမ်းကို အံ့သြသွားခဲ့ပါတယ်။
” ဝုန်း ..။”
ဓားပြခေါင်းဆောင်ဟာ သူ့ရဲ့ လက်ကောက်၀တ်ကို ညင်သာစွာ ခါရမ်းလိုက်ချိန်မှာတော့ စွမ်းအားသင်္ကေတတွေဟာ ကြာပွတ်တစ်လျှောက် စီး၀င်သွားကြပါတယ်။ သို့သော် စွမ်းအားသင်္ကေတတွေဟာ ရှီဟောင်ရဲ့ လက်နဲ့ထိတွေ့လိုက်ချိန်မှာ ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့ပါတယ်။
” ကလေးလေး .. မင်းက လာသားပဲကွ ..။”
သူဟာ ထိတ်လန့်စိတ်တွေ ဖြစ်ပေါ်လာသလို ချက်ချင်းပဲ ရှီဟောင်ရဲ့ မျက်နှာကို ဒေါသတကြီးခြေထောက်နဲ့ ကန်ကျောက်ဖို့ ပြင်လိုက်ပါတယ်။
ရှီဟောင်ရဲ့ မျက်လုံးရွဲကြီးတွေကို ဖြတ်သန်းပြီး အလင်းရောင်တစ်ချက်ဖြစ်ပေါ်လာပါတယ်။ ပြီးတော့ သူဟာ ဓားပြခေါင်းဆောင်ထက်ပိုပြီး မြန်ဆန်စွာ လှုပ်ရှားလိုက်ပါတယ်။ သူ့ရဲ့ မျက်နှာပေါ်ကို ဝဲကျလာတဲ့ ဓားပြရဲ့ ခြေထောက်ကို လျှပ်ပြက်သလို ခွန်အားအနည်းငယ်သုံးပြီး ဖမ်းချုပ်လိုက်ပါတယ်။ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ လှပစွာ ယိမ်းနွဲ့သွားပြီး ဓားပြခေါင်းဆောင်ကို မြေကြီးနဲ့ ကိုင်ရိုက်လိုက်ပါတယ်။
” အူး …။”
ဓားပြခေါင်းဆောင်ဟာ ငယ်သံပါအောင် အော်ဟစ်ညီးတွားလိုက်ပါတယ်။ သူ့ရဲ့ ခေါင်းနဲ့ မျက်နှာဟာ မြေကြီးနဲ့ မိတ်ဆက်သွားကြပြီး ဖုန်အလိမ်းလိမ်း ထသွားပါတယ်။ သူ့ရဲ့ ပါးစပ်နဲ့ နှာခေါင်းကနေ သွေးတွေ ဖြာကျလာပြီး အထူးသဖြင့်တော့ သူ့ရဲ့ ပါးစပ်ဟာ ၀က်နှုတ်ခမ်းလို ထော်တက်သွားခဲ့ပါတယ်။ သူ့ရဲ့ ပါးစပ်ထဲက အံသွားတွေကလည်း ဆယ်ချောင်းထက်မနည်း ကျိုးသွားခဲ့ပါတယ်။
သည်ဖြစ်ရပ် သည်မြင်ကွင်ဟာ အံ့အားသင့်စရာကောင်းလွန်းသွားပါတယ်။ တောပုန်းဓားပြတွေဟာ အင်အားနည်းပါးလွန်းတဲ့ သည်ရွာလေးကနေ သူတို့ကို အမှန်တကယ်ဆန့်ကျင်ရဲတဲ့သူ ထွက်ပေါ်လာမယ်လို့ ထင်မထားခဲ့ပါဘူး။ ဒါ့အပြင် သူတို့တွေကို ဆန့်ကျင်တော်လှန်ရဲတဲ့ သူဟာလည်း ကလေးတစ်ယောက်ပဲ ဖြစ်နေပါတယ်။
ရှီဟောင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ ထွန်းလင်းတောက်ပလာတဲ့အခါမှာတော့ ဓားပြခေါင်းဆောင်ဟာ ကြောက်ရွံ့တုန်လှုပ်သွားပါတယ်။ သူဟာ အသည်းအသန်ရုန်းကန်ကာ စွမ်းအားသင်္ကေတတွေကို ထုတ်ဖော်လိုက်ပါတယ်။ ဒါပေမယ့် ရှီဟောင်ရဲ့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ ခွန်အားတွေနဲ့ ထိန်းချုပ်မှုအောက်မှာ သူ့ရဲ့ ရုန်းကန်မှုတွေဟာ အလဟသဖြစ်သွားခဲ့ပါတယ်။
ရှီဟောင်ဟာ သူ့ကို အ၀တ်တစ်စကို ဝေ့ရမ်းနေသလိုမျိုး ဝေ့ရမ်းလိုက်ကာ မြေကြီးပေါ်ကို နောက်ထပ်တစ်ကြိမ် ကိုင်ရိုက်လိုက်ပြန်ပါတယ်။
” အူး ..။”
အသားတွေ ကွဲကြေစုတ်ပြတ်သွားသလို မြည်ဟိန်းသံကြီးနဲ့အတူ ဓားပြခေါင်းဆောင်ရဲ့ နောက်တကြိမ်အော်ဟစ်သံကြီးပါ ပေါ်ထွက်လာပြန်ပါတယ်။ သည်တစ်ကြိမ်မှာတော့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ ကျောက်တုံးတစ်တုံး ကွဲကြေသွားသလို လဲပြိုကျသွားခဲ့ပါတယ်။
ရှီဟောင်ဟာ လဲပြိုကျသွားတဲ့ ဓားပြကို ခွေးသေကောင်တစ်ကောင်ကို လွှင့်ပစ်သလိုမျိုး ကျောက်ခေတ်ရွာအ၀င်၀ ကို ပစ်ချပေးလိုက်ပါတယ်။ ရှီလင်းဟူဟာ ချက်ချင်းပဲ ရှေ့ကို ထွက်လာကာ ဓားပြခေါင်းဆောင်ရဲ့ ရင်၀ကို ဖနောင့်နဲ့ ဆောင့်ချလိုက်ပါတယ်။
” မင်းတို့က ငါတို့ အကြီးအကဲရဲ့ မျက်နှာကို နှင်တံနဲ့ ရိုက်ရဲတယ်ပေါ့ .. ငါ မင်းကို လုပ်ချင်နေတာ ကြာပြီကွ ..။”
ရွာအကြီးအကဲအုပ်စုလည်း လျှင်မြန်စွာ ရောက်ရှိလာပြီး သူတို့ရဲ့ ခြေထောက်တွေကို မြှောက်ပြီး အရူးအမူးနှိပ့်စက်လိုက်ကြပါတယ်။
” အာ… ”
” အူး …။”
ဒီဓားပြခေါင်းဆောင်ရဲ့ မျက်နှာဟာ ဖရဲသီးတစ်လုံးလို ချက်ချင်းပဲ နှင်းချေခံရကာ ပွဲချင်းပြီး ရုပ်ပျက်ဆင်းပျက်သေဆုံးသွားခဲ့ပါတယ်။
အရာအားလုံးဟာ လျှပ်ပြက်သလို ဖြစ်သွားခဲ့ပါတယ်။ အရာအားလုံးဟာ အရမ်းကို ရုတ်တရက်ဆန်လွန်းသွားတာကြောင့်လည်း ရက်စက်တဲ့ ဓားပြအဖွဲ့ဟာ အရမ်းကို အံ့အားသင့်သွားကြပါတယ်။ ပြီးခဲ့တဲ့အချိန်တွေတုန်းက ဒီရွာသားတွေက သိုးငယိလေးတွေလို အားနည်းနေကြပြီး နည်းနည်းလေးမှ လက်တုန့်မပြန်ရဲခဲ့ဘူးလေ။ ဒါပေမဲ့ ဒီနေ့မှာတော့ ကလေးတစ်ယောက်က ရက်ရက်စက်စက် တိုက်ခိုက်နေပါတယ်။ ဒါက လူကြီးတွေကို ရူးသွပ်သွားစေမတတ်ဖြစ်သွားပါတယ်။
” သူ့ကို သတ်ကြစမ်း ..။”
တခြား ဓားပြခေါင်းဆောင်တစ်ယောက်က အလျှင်အမြန် အော်ဟစ်လိုက်ပါတယ်။ ရွာသားတွေက ရွာ၀င်ပေါက်ကနေ ထွက်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန်မှာပဲ သူတို့တွေက အားလုံးကို သတ်ပစ်ဖို့ အမိန့်ပေးလိုက်ပါတယ်။
” ချွမ် .. ချွမ် ..။”
ကျောက်ခေတ်ရွာသားတွေရဲ့ လက်နက်ထုတ်ယူသံတွေဟာ အဆက်မပြတ် ကျယ်လောင်စွာ မြည်ဟိန်းလာပါတယ်။
ရှီဟောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ရှေ့ကို တဟုန်ထိုး ပြေးတက်လာတဲ့ ဓားပြတစ်ယောက်ဆီ ပြေး၀င်သွားပါတယ်။ သူ့ရဲ့ လက်ဖဝါးထဲကနေ စွမ်းအားသင်္ကေတတွေ ထွက်ပေါ်လာပြီး တဖြည်းဖြည်း ကြီးမားလာပါတယ်။ ဒီနောက်မှာတော့ ဆူညံသံတွေ အဆက်မပြတ်ထွက်ပေါ်လာပြီး ဓားပြတွေဟာ တစ်ယောက်ပြီး တစ်ယောက် လေထဲလွှင့်သွားခဲ့ကြပါတယ်။
ဒါဟာ တောပုန်းဓားပြတွေရဲ့ အရိုးတွေအားလုံးက်ို ကျိုးကြေသွားစေခဲ့တဲ့ အံ့အားသင့်ဖွယ်ရာ ကြီးမြတ်သော စွမ်းအားတွေပဲဖြစ်ပါတယ်။ သူတို့တွေဟာ လွှင့်ထွက်သွားအောင် အရိုက်ခံလိုက်ရတာကြောင့် မတ်တပ်ရပ်ဖို့တောင် ခက်ခဲနေပြီး တစ်လက်မရွေ့ဖို့ တောင် အချိန်အတော်ယူလိုက်ကြရပါတယ်။
ဒါ့အပြင် ရှီဟောင်ဟာ ကြုံသလို ရွေ့လျားပြီး ကျပန်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ထဲက မီးလျှံစွမ်းအားတွေကိုသာ မထိန်းချုပ်ထားဘူးဆိုရင် ကြီးမားတဲ့ သတ်ဖြတ်ခြင်း စွမ်းအားတွေကို ဖြစ်ပွားစေပါလိမ့်မယ်။
တောပုန်းဓားပြတွေထဲက ကျန်ရစ်ခဲ့သူ တစ်ယောက်ကလည်း အော်ဟစ်လိုက်ပါတယ်။ သူဟာ သူ့ရဲ့ မီးလျှံနည်းစနစ်တွေကို သုံးပြီး ကျောက်ခေတ်ရွာထဲကို ၀င်ရောက်နိုင်ဖို့ ကြိုးစားလိုက်ပါတယ်။
သူဟာ မီးရှို့ ၊ လူသတ် ၊ လုယက်ခြင်းတွေကို လုပ်တဲ့အခါမှာ ကျေးရွာတွေကို မီးရှို့ဖို့ အတွက် တာ၀န်ယူထားတဲ့ အဓိကအဖွဲ့၀င်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူဟာ တောပုန်းဓားပြအဖွဲ့ထဲက မီးလျှံနည်းစနစ်ကို ကျင့်ကြံအောင်မြင်ထားသူတွေထဲက ရှားရှားပါးပါး အဖွဲ့၀င်ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီနေ့မှာ သူ့ရဲ့ မီးလျှံနည်းစနစ်တွေဟာ ကောင်လေးတစ်ယောက်ပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုမှ မရှိဘူးဖြစ်နေပါတယ်။ ကောင်လေးဟာ သူ့ရဲ့ လက်ဖဝါးကို ညင်သာစွာဝေ့ရမ်းပြီး လေထုထဲမှာ စွမ်းအားလှိုင်းတွေဖြစ်ပေါ်စေကာ မီးလျှံတွေကို အလွယ်တကူ ချေဖျက်ပစ်လိုက်ပါတယ်။ ဒီနောက်မှာတော့ ဖောင်းခနဲ အသံကြီးနဲ့အတူ တောပုန်းဓားပြဟာ တောင်တစ်လုံးရဲ့ အားနဲ့ အရိုက်ခံရသလို ဆယ်မီတာခန့် လွှင့်စင်ထွက်သွားပါတယ်။
တဗြစ်ဗြစ် .. တဗျောက်ဗျောက် အသံတွေထွက်ပေါ်လာပြီး တောပုန်းဓားပြရဲ့ အရိုးအမြောက်အများဟာ အပိုင်းပိုင်း အစစပြန်တောက်သွားကြပြီး သူဟာ ဘယ်တော့မှ ပြန်မရပ်နိုင်တော့တာလည်း ဖြစ်နိုင်ပါတယ်။
” ဓားပြကောင် .. မင်းက အရင်တုန်းကတော့ မောက်မာထောင်လွှားနေတဲ့ ကောင် မဟုတ်လား .. အခု မင်းရဲ့ မောက်မာမှုတွေ ဘယ်ရောက်သွားတာလဲ ..။”
ရှီဖန်ကျင်းနဲ့ တခြားသူတွေဟာ သူတို့ရဲ့ လက်နက်တွေကို ကိုင်ဆွဲပြီး ပြေးထွက်လာကြပါတယ်။ သိပ်မကြာခင်မှာ သူတို့ရဲ့ သတ်ဖြတ်မှုကနေ သွေးစီးကြောင်းတွေ ပေါ်ထွက်လာပါတယ်။
မြေပြင်ပေါ်မှာ လဲကျနေတဲ့ တောပုန်းဓားပြဆယ်ယောက်ကျော်ဟာ တစ်ယောက်မကျန် သတ်ဖြတ်ခံလိုက်ရပါတယ်။ ပုံမှန်အားဖြင့်တော့ တို့တွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ သူတွေဖြစ်ကြပါတယ်။ အခုတော့ သူတို့တွေ ကြောက်ရွံ့နေကြပါပြီ။ သူတို့တွေရဲ့ မျက်လုံးတွေပြူးကျယ်နေကြပြီး အသနားခံတဲ့ အကြည့်တွေနဲ့ပါ။
ရှီဟောင်ဟာ လျှပ်စီးကဲ့သို့ လျှင်မြန်စွာ ရွေ့လျားသွားပြီး တောပုန်းဓားပြတွေကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အစစ်အမှန်တိုက်ပွဲဟာ ဂါးဒီးယန်းဝိညာဉ်တော်ဖြစ်တဲ့ ဒဏ္ဍာရီလာအစောင့်အရှောက်ကောင်ကြီးနဲ့ဆိုတာ သူ သိနေပါတယ်။
***