သုခကမ္ဘာက ရှီဟောင် - Chapter - 151 တစ်ယောက်တည်း ကျူးကျော်၀င်ရောက်ခြင်း
Chapter – 151 တစ်ယောက်တည်း ကျူးကျော်၀င်ရောက်ခြင်း
” ဝှစ်..။”
ကောင်လေးဟာ သူ့ရဲ့ ဘယ်ဘက်ကို စက်ဝိုင်းသဏ္ဍာန်တစ်ခုကို ရေးဆွဲလိုက်ချိန်မှာ ရုတ်တရက် စွမ်းအားအမှတ်အသားပေါ်ထွက်လာပါတယ်။ စက်၀န်းသဏ္ဍာန်စွမ်းအားကြီးဟာ တဖြည်းဖြည်း ဝဲဂယက်ကြီးတစ်ခုလို ကြီးမားကျယ်ပြန့်လာပြီး မြှားတွေအားလုံးကို စုပ်ယူသွားခဲ့ပါတယ်။ ဒီ့နောက်မှာတော့ မြှားတံတွေဟာ အမှုန့်တွေအဖြစ် ပြောင်းလဲသွားပြီး မြေကြီးပေါ်ကို ကျရောက်သွားပါတယ်။
” ဘုရားရေ .. ဘယ်လိုတောင် ထိတ်လန့်တုန်လှုပ်စရာ ကောင်းလိုက်လဲ ..။”
ဓားပြတွေအားလုံးဟာ အရင်တုန်းက သွေးပျက်စရာကောင်းတဲ့တိုက်ပွဲပေါင်းများစွာကို ကြုံခဲ့ရပေမဲ့ ဒီလိုငယ်ရွယ်ပြီးကြောက်စရာကောင်းတဲ့ ကလေးတစ်ယောက်ကိုတော့ တစ်ခါမှ မတွေ့ဖူးခဲ့ပါဘူး။
ကောင်လေးဟာ သူ့ရဲ့လက်ကို ဆန့်ထုတ်လိုက်ပြီး စွမ်းအားသင်္ကေတတွေကို စုစည်းလိုက်ပါတယ်။ ပြီးတော့ ဓားပြစခန်းအတွင်းထဲကို သတင်းသွားပေးဖို့ ပြေးထွက်သွားတဲ့ လူဆယ်ယောက်ရဲ့ နောက်ကျောကို စွမ်းအားသင်္ကေတတွေဟာ ဖောက်ထွင်းသွားပြီး ကျောက်တုံးတွေကိုတောင် ထိမှန်သွားပါတယ်။ ဓားပြတွေရဲ့ ခန္ဓာကိုယ်ထဲက သွေးတွေပန်းထွက်လာခဲ့ပြီး လဲပြိုကျသွားကာ ပြန်မထလာနိုင်တော့ပါဘူး။
” ရန်သူ .. ရန်သူ ၀င်တိုက်နေပြီ .. တိုက်ပွဲအတွက် အသင်ပြင်ထားကြ ..။”
ဓားပြတွေရဲ့ တောင်ပေါ်စခန်းဟာ ရုန်ရုတ်သဲသဲ အခြေအနေတွေ ဖြစ်ပေါ်သွားပြီး ဓားပြတွေအားလုံး မတ်တပ်ရပ်သွားကြပါတယ်။
ကောင်လေးဟာ လုံးဝကြောက်ရွံ့ဟန်မရပဲ သူ့ရဲ့ လမ်းတစ်လျှောက်က တွေ့ရသမျှ ဓားပြတွေကို သတ်ဖြတ်နေပါတယ်။ သူဟာ သူ့ရဲ့ အစစ်အမှန်စွမ်းအားတွေကို အသုံးမပြုသေးပဲ လက်ချည်းဗလာသက်သက်နဲ့ တောပုန်းဓားပြတွေကို တိုက်ခိုက်ခဲ့ပါတယ်။ တောပုန်းဓားပြအယောက်နှစ်ဆယ်ကျော်ရဲ့ အရိုးတွေဟာ ကျိုးပဲ့သွားကြပြီး သူတို့တွေဟာ ဆက်ပြီး မတိုက်ခိုက်နိင်ကြတော့ပါဘူး။
” တကယ်ကို အံ့သြဖို့ ကောင်းတာပဲ .. သူက ကလေးပဲ ရှိသေးတာ ..။”
ဓားပြခေါင်းဆောင်တစ်ယောက် ပေါ်ထွက်လာပါတယ်။ သူဟာ ကောင်လေးကို စူးစိုက်ကြည့်လိုက်ပြီး ထူးဆန်းတဲ့စကားတွေကို ပြောလိုက်ပါတယ်။
ရှီဟောင်ဟာ ဘယ်သူ့ကို သနားညာတာခြင်းမရှိပဲ သူ့ရှေ့မှာ ရှိနေတဲ့ ဓားပြတွေကို တစ်ယောက်ပြီးတစ်ယောက် မြေပေါ်ကို လဲသိပ့်ပေးလိုက်ပါတယ်။ ဓားပြခေါင်းဆောင်ဟာ ရှီဟောင်ရဲ့ ကြောက်မက်ဖွယ်ရာ အခြေအနေကို သိလိုက်တာကြောင့် ချက်ချင်းမြန်ဆန်စွာ ပြေး၀င်သွားပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း ကိုယ်ကျပ်၀တ်စုံပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို တောက်ပလင်းလက်စွာ ဖုံးလွှမ်းသွားခဲ့ပါတယ်။
” အမ် .. မိကျောင်း ချပ်၀တ်တန်ဆာလား .. မဟုတ်သေးဘူး .. ဒီ ချပ်၀တ်တန်ဆာက သင်ခွေချပ်ရဲ့ အကြေးခွံတွေနဲ့ လုပ်ထားတာနေမယ် ..။”
ဓားပြခေါင်းဆောင်ရဲ့ ခန္ဓာကိုယ်ဟာ ချပ်၀တ်တန်ဆာကြောင့် မိကျောင်းကြီးတစ်ကောင်နဲ့ တူနေပါတယ်။ သူ့ကိုယ်ပေါ်မှာ ရှိနေတဲ့ ချပ်၀တ်တန်ဆာကလည်း အရောင်တလက်လက်တောက်ပနေတာပါ။
” ဟုန်း ..။”
ရှီဟောင်ဟာ သူ့ရဲ့လက်တွေကို ဆန့်ပြီး ရိုက်ထုတ်လိုက်ပြန်ရာ ဓားပြတွေရဲ့ နဲရိုးင်္တေကျိုးကြေကုန်ကာ လေထဲလွှင့်စင်ထွက်သွားပြန်ပါတယ်။ ဓားပြခေါင်းဆောင်ဟာ သူ့ရဲ့ ကြီးမားလှတဲ့ စွမ်းအားတွေကို မသုံးပဲ ပုံမှန်အတိုင်းပဲ ပြေးလွှားလာခဲ့တာပါ။
” ဒီဟာ က အဖိုးတန်ရှေးဟောင်းပစ္စည်း ဖြစ်နိုင်လား ..။”
ရှီဟောင်ဟာ ဓားပြခေါင်းဆောင်ရဲ့ ရှားပါးလှတဲ့ ချပ်၀တ်တန်ဆာကို အနီးကပ်မြင်လိုက်ရချိန်မှာ သူ့ရဲ့ မျက်လုံးတွေဟာ အရောင်လက်သွားပါတယ်။ ဒါ့ကြောင့် သူလည်းပဲ ဓားပြခေါင်းဆောင်ဆီကို လျှင်မြန်စွာ ပြေး၀င်သွားလိုက်ပါတယ်။
” မင်းလာတော့ ပိုကောင်းတာပေါ့ ..။”
ဓားပြခေါင်းဆောင်ဟာ ရှီဟောင်ရဲ့ ပြေး၀င်တိုက်ခိုက်လာမှုကို ရင်ဆိုင်ဖို့ ပြင်ဆင်လိုက်ပါတယ်။ သူဟာ သူ့ရဲ့ လက်နှစ်ဖက်ကို ဝေ့ရမ်းလိုက်ပြီး ကြီးမြတ်တဲ့ စွမ်းအားတွေကို ထုတ်ဖော်လိုက်ချိန်မှာ သူရဲ့ လက်ချောင်းတွေဟာ သားရဲလက်သည်းတွေလို တောက်ပသွားကြပါတယ်။
” ဘုန်း …။”
ဓားပြခေါင်းဆောင်ဟာ အရပ်မြင့်ပြီး ခွန်းအားကြီးမားပုံရပေမဲ့ ကောင်လေးဟာ တည့်တည့်ပဲ ထိုးချလိုက်ပါတယ်။ သို့သော် ဓားပြခေါင်းဆောင်ရဲ့ ချပ်၀တ်တန်ဆာကြီးက အစက်ပြောက်တွေဖြစ်ပေါ်လာကာ ကျံ့၀င်သွားပါတယ်။ အဆိုပါ ချပ်၀တ်တန်ဆာဟာ အတော်လေးကို ကောင်းမွန်ပေမဲ့လည်း သူ့တစ်ကိုယ်လုံးကို ထိထိရောက်ရောက်ကာကွယ်ပေးဖို့ ခက်ခဲပုံရကာ သူ့ရဲ့ အရိုးတော်တော်များများ ကျိုးကျေသွားခဲ့ပါတယ်။
” မင်း … ”
ဓားပြခေါင်းဆောင်ငယ်ဟာ ဒီဖြစ်ရပ်တစ်ခုလုံးကို လုံး၀ကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပါတယ်။ သူ့ရဲ့ ပြိုင်ဘက်ဟာ အရမ်းကို ငယ်ရွယ်နေသေးပေမဲ့လည်း သူစိတ်ကူးနိုင်တာထက်အောင် ကျော်လွန်ပြီး အစွမ်းထက်နေပါတယ်။ သူ့ရဲ့ အသက်အရွယ်လေးနဲ့ သာမန်ကလေးတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီအဆင့်ထိ ရောက်အောင် အောင်မြင်နိင်မှာတဲ့လဲ။
” နောက်တစ်ခါပေါ့ ..။”
ရှီဟောင်ဟာ နောက်တစ်ကြိမ်ရှေ့တိုးသွားပြီး တိုက်ခိုက်လိုက်ပြန်ပါတယ်။ သူဟာ ချပ်၀တ်တန်ဆာရဲ့ အစွမ်းအစကို စမ်းသပ်ကြည့်ချင်တာပါ။ ဒါဟာ အဖိုးတန်ချပ်၀တ်တန်ဆာ တစ်ခု ဟုတ်မဟုတ်ဆိုတာကို သိချင်စိတ်ပြင်းပြလွန်းနေခဲ့ပါတယ်။
” ဗုန်း ..။”
သည်တစ်ကြိမ်မှာ ကံမကောင်းလှတဲ့ ဓားပြခေါင်းဆောင်ငယ်ဟာ သု့ရဲ့ လက်မောင်းတစ်ဖက်ပြတ်ထွက်သွားကာ လွှင်စင်ထွက်သွားခဲ့ပါတယ်။ သူဟာ ရှီဟောင်ရဲ့ ကြီးမားခွနအားအပြည့်တိုက်ခိုက်မှုတွေကို မခုခံနိုင်ပဲ ချပ်၀တ်တန်ဆာကလည်း အပိုင်းပိုင်းအစစ ကျိုးပဲ့သွားပါတယ်။
” ဒီနေ့ ကံမကောင်းပါလား .. အဖိုးတန် ရှေးဟောင်းပစ္စည်း မဟုတ်ဘူးပဲ .. ချပ်၀တ်တန်ဆာထဲက စွမ်းအားသင်္ကေတတွေလည်း ကျိုးပဲ့သွားကြပြီ ..။”
တောပုန်းဓားပြတွေအားလုံးဟာ စကားမပြောနိုင်လောက်အောင် ဆွံအသွားကြပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်ငယ်ဟာ အရမ်းကို အင်အားကြီးမားပါတယ်။ ဒီကလေးရဲ့ မျက်နှာပေါ်မှာ ဒဏ်ရာလေးတစ်ချက်တောင် မဖြစ်စေသေးပဲ ကောင်လေးရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရကာ ပြန်လည်နိုးထလာနိုင်ခြင်း မရှိတော့ပါဘူး။
” အမှိုက်တွေ .. မင်းတို့ ဒီလောက် လူများတာ ကလေးတစ်ယောက်ကိုတောင် မတားနိုင်ဘူးလား ..။”
ဒီအခိုက်အတန့်မှာပဲ သက်လတ်ပိုင်းလူကြီးတစ်ယောက်ရဲ့ အသံဟာ လေထုထဲကနေ ပဲ့တင်ထပ်လို့ ထွက်ပေါ်လာပါတယ်။ သူ့ရဲ့ အသံဟာ ရွှေနာရီချိန်သီးတစ်လုံးလို ကျယ်လောင်ပြီး တုန်ခါမှုတွေကို ဖြစ်ပေါ်သွားစေပါတယ်။
သူဟာစစ်မှန်တဲ့ကျင့်ကြံသူတစ်ယောက်နဲ့တွေ့နေခဲ့ပြီဆိုတာသိလို့ကောင်လေးကရပ်လိုက်တယ်။ သူ့ရဲ့ ရှေ့မှာ အရမ်းကို အစွမ်းထက်တဲ့ စွမ်းအားသင်္ကေတတစ်ခုဖြစ်ပေါ်လာတာပါ။ ဒါက သားရိုင်းကောင်တွေ ဆောင်းခိုရာကနေ အင်ပြည့်အားပြည့်နဲ့ နိုးထလာခဲ့သလိုပါပဲ။
သက်လတ်ပိုင်းလူကြီးရဲ့ အနက်ရောင်ဆံပင်တွေဟာ ထူထဲလွန်းလှပြီး အဖြူ ရောင်မျက်လုံးထဲမှာတော့ စွမ်းအားတွေ ပြည့်နှက်နေပုံရပါတယ်။ သူ့ရဲ့ ခြေလှမ်းတဝ်လှမ်းချင်းဆီတိုင်းက တောင်တန်းဒေသထဲမှာ ကြီးမားတဲ့ သားရဲကောင်က ဖြတ်လျှောက်သွားသလို တုန်ခါမှုတွေ ဖြစ်ပေါ်သွားစေပါတယ်။
ဒါဟာ တောပုန်းဓားပြတစ်ရာကျော်ကို ထိန်းချုပ်ထားတဲ့ ရက်စက်ကြမ်းတမ်းတဲ့ ဓားပြအဖွဲ့ကြီးရဲ့ အစစ်အမှန်ခေါင်းဆောင်ကြီးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အဖိုးတန်နည်းစနစ်တွေက အရမ်းကို ကောင်းမွန်ပါတယ်။ သူ့နဲ့အတူတူ အစွမ်းထက်လှတဲ့ ဂါးဒီးယန်း ဝိညာဉ်တော် ဒဏ္ဍာရီလာ အစောင့်အရှောက်ရှိနေပါတယ်။ သူဟာ သာမန် ဓားပြအဖွဲ့ခေါင်းဆောင်တစ်ယောက် မဟုတ်ပါဘူး။
” ချွစ် .. ချွစ် ..။”
ကောင်းကင်နဲ့ မြေကြီးကို ဖုံးလွှမ်းသွားစေမတတ် မီးတောက်မီးလျှံတွေဟာ ထွက်ပေါ်လာပါတယ်။ ဒါဟာ တောင်ထိပ်တစ်ခုလုံးကို မီးလျှံတွေက ချက်ချင်းပဲ မီးပင်လယ်တစ်ခုအဖြစ် အသွင်းပြောင်းလဲသွားစေပြီး ကောင်လေးကို နှစ်မြုပ်ပစ်လိုက်ပါတယ်။
သက်လတ်ပိုင်းအရွယ်လူကြီးဟာ ဘာတစ်ခွန်းမှ ပြေညဆိုမနေပဲ ချက်ချင်းပဲ အရေးယူတိုက်ခိုက်ပစ်လိုက်ပါတယ်။ ဒီ မီးတောက်မီးလျှံတွေဟာ ကျောက်ခေတ်ရွာအ၀င်၀မှာ အသုံးပြုခဲ့တဲ့ ဓားပြခေါင်းဆောင်ငယ်ရဲ့ မီးတောက်မီးလျှံတွေထက် ဘယ်လိုမှကို မနှိုင်းယှဉ်သာအောင် ပြင်းထန်လွန်းပါတယ်။
ချလစ် ချလစ် အသံတွေနဲ့အတူ သူတို့ရဲ့ ဘေးမှာ စီးဆင်းနေတဲ့ ရေတွေဟာ ချက်ချင်းပဲ အငွေ့ပျံသွားကြပါတယ်။ အနီးအနားမှာ ရှိနေတဲ့ ကျောက်ဆောင်ကျောက်တုံးတွေတောင် အရည်ပျော်ကျမတတ် ဖြစ်လာပါတယ်။ သည်နေရာဟာ ပြင်းထန်ပူလောင်တဲ့ မီးတောင်တစ်လုံးလို ဖြစ်လာပြီး ခုခံကာကွယ်ဖို့ ခက်ခဲတဲ့ အပူရှိန်တွေ ဖြစ်ပေါ်လာတာပါ။
ရှီဟောင်ဟာ တုန်လှုပ်သွားခဲ့ပါတယ်။ ဒါက သူမျှော်လင့်ထားတာထက် သာလွန်နေတဲ့ အစစ်အမှန်ကြီးမြတ်သော ကျင့်ကြံသူတစ်ယောက်ဖြစ်ပါတယ်။ ဂါးဒီးယန်းဝိညာဉ်တော်ဖြစ်တဲ့ ဒဏ္ဍာရီလာ အစောင့်အရှောက် ကသာ ကြောက်စရာအကောင်းဆုံးလို့ သူထင်ထားခဲ့ပေမဲ့ တောပုန်းဓားပြတွေရဲ့ အစစ်အမှန်အကြီးအကဲကလည်း ထူးခြားနေမယ်လို့ သူမထင်ထားခဲ့ပါဘူး။
” ဝူး ..။”
ရှီဟောင်ဟာ သူ့ရဲ့လက်တွေကို စုစည်းလိုက်တဲ့အခါမှာ ငွေရောင်အလင်းတန်းစွမ်းအားတွေ ထွက်ပေါ်လာခဲ့ပါပြီ။ ဒါက သူ့ကို ဖုံးလွှမ်းဝါးမြိုချင်နေတဲ့ မီးတောက်မီးလျှံတွေကို စုပ်ယူဖို့ မြန်ဆန်စွာ လှည့်ပတ်လာပါတယ်။ ငွေရောင်အလင်းတန်းစွမ်းအားတွေဟာ သူ ဇီယန် ၊ အားဖုန် နဲ့ ရှောင်းရောင်တို့ရဲ့ ခန္ဓာကိုယ်ထဲကနေ ရရှိလာတဲ့ အရိုးစာသားအဖိုးတန်နည်းစနစ်တွေပဲ ဖြစ်ပါတယ်။
” မင်းက ဟ်ိုရွာလေးက ကလေးမဟုတ်လား .. ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး မင်းက ဒီလောက် အစွမ်းထက်လာတာလဲ ..။”
သက်လတ်ပိုင်းလူကြီးဟာ သူ့ရဲ့ မီးလျှံနည်းစနစ်တွေ ချက်ချင်းပဲ ဖယ်ထုတ်ခံလိုက်ရတာကြောင့် ထိတ်လန့်သွားခဲ့ပါတယ်။ သူဟာ မှတ်ဥာဏ် အရမ်းကောင်းမွန်သူပီပီ သူ ကောင်လေးနဲ့ တွေ့ခဲ့ဖူးတဲ့ နေရာကို တကယ်ပဲ ပြန်သတိရလိုက်ပါတယ်။
သူဟာ နောက်ဆုံးတစ်ခေါက် ကျောက်ခေတ်ရွာကို ရောက်ခဲ့ချိန်မှာ သားရဲကြီးပေါ်ကနေ တစ်ရွာလုံးကို စောင်ကြည့်နေခဲ့တာပါ။ ဒါ့ကြောင့်ပဲ သူဟာ စိတ်၀င်စားသွားပြီး ကျောက်ခေတ်ရွာကို အရောက်သွားခဲ့တာပါ။
ရှီဟောင်ဟာ ဒီလိုမျိုး ကြောက်မက်ဖွယ်ရာကောင်းတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ရတဲ့အခါမှာ ပေါ့ပေါ့ဆဆ မလုပ်ရဲခဲ့ပါဘူး။ သူ့ရဲ့ တကိုယ်လုံးဟာ စွမ်းအားသင်္ကေတတွေ လှည့်ပတ်စီးဆင်းလာပြီး နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ဖို့ အဖိုးတန်နည်းစနစ်ကို အသက်သွင်းလိုက်ပါတယ်။
သည်အခိုက်အတန့်မှာပဲ သက်လတ်ပိုင်းလူကြီးရဲ့ ခန္ဓာကိုယ်ဟာလည်း လင်းလက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတယ်။
” ဂါးဒီးယန်းဝ်ိညာဉ်တော် ဒဏ္ဍာရီလာ အစောင့်အရှောက် .. ကျုပ်ကို စွမ်းအားတွေပေးပါ …။”
***