သုခကမ္ဘာက ရှီဟောင် - Chapter - 153 သတ်ဖြတ်ခြင်း
Chapter – 153 သတ်ဖြတ်ခြင်း
ဂါးဒီးယန်း ဝိညာဉ်တော် သားရဲကြီးရဲ့ ရွှေအမြီးဟာ အရာအားလုံးကို သိမ်းကျုံးဖျက်ဆီးပစ်နေပါတယ်။ အလေးချိန် ဂျင် ရာ ထောင်ချီတဲ့ ကျောက်တုံးကြီးတွေဟာ သူ့ရဲ့ ရွှေအမြီးရိုက်ချက်တွေကို မခံနိုင်ပဲ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့ကြပါတယ်။
ရှီဟောင်ရဲ့ မျက်လုံးအစုံဟာ ၀င်းလက်သွားခဲ့ပြီး သူဟာ အခွင့်အရေးကောင်းကို တွေ့လိုက်ရပါပြီ။ ဒီ့နောက်မှာ သူဟာ ချက်ချင်းပဲ ဝေ့ရမ်းကျရောက်လာတဲ့ ဂါးဒီးယန်း သားရဲကြီးရဲ့ ရွှေအမြီးပေါ်ကို ခုန်တက်ပြီး ဖက်တွယ်ထားလိုက်ပါတယ်။ ဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာ မြင်ကွင်းတစ်ခုပါပဲ။
” ဘာလဲ ဟ ..။”
အခြေအနေကို စောင့်ကြည့်နေကြတဲ့ တောပုန်းဓားပြတွေဟာ ရှီဟောင်က ဂါးဒီးယန်း သားရဲကြီးရဲ့ အမြီးပေါ်ကို ခုန်တက်သွားတာကို မြင်လိုက်ရချိန်မှာ မျက်လုံးတွေ ပြူ းကျယ်သွားကြပါတယ်။
ရှီဟောင်ဟာ ရွှေရောင်အမြီးကြီးကို ဆွဲလှည့်ပ်လိုက်တဲ့အခါမှာ ဝုန်းခနဲ မြည်ဟိန်းသံကြီးနဲ့အတူ တောင်နံရံကို ဖောက်၀င်သွားပါတယ်။ ကျောက်တုံးကျောက်ခဲကြီးတွေဟာ ပြိုကျလာကြပြီး မြေပြင်မှာ နှစ်မြုပ်သွားကြပါပြီ။
ကောင်ငယ်လေးဟာ အခြေအနေနဲ့ အချိန်အခါကို အခွင့်အရေးယူခဲ့တယ်ဆိုပေမဲ့ သူ့ရဲ့ ရူးလောက်ဖွယ်ရာကောင်းတဲ့ မယုံနိုင်စရာခွန်အားကို ပြသခဲ့ပါတယ်။ သူက အသက် ခုနှစ်နှစ် ရှစ်နှစ်အရွယ်ကလေးလေး တစ်ယောက် မဟုတ်ဘူးလား ..။
” သူ .. သူက ရှေးဟောင်း နတ်မိစ္ဆာသားရဲရဲ့ ကလေးလား ..။”
” ရှေးဟောင်းခေတ်တုန်းက နတ်ဘုရားတွေကို တိုက်ခိုက်နိုင်တဲ့ ကျားသစ်နဂါး နဲ့ နတ်မိစ္ဆာသားရဲမျိုးဆက်က ဒီလောက် မများပါဘူး .. ဒီနေရာက သာမန် တောကြုံအုံကြားက ရွာလေးတစ်ရွာပဲလေ .. ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ ကလေးတစ်ယောက်က ပေါ်လာရတာလဲ ..။”
” ဘုန်း …။”
ဂါးဒီးယန်းဝိညာဉ်တော်ဟာ ကျောက်တောင်ကြီးထဲ နှစ်မြုပ်နေတဲ့ သူ့ရဲ့ ရွှေအမြီးကြီးကို ဆွဲနှုတ်လိုက်ချိန်မှာ ထောင် သောင်းချီ အလေးချိန်စီးတဲ့ ကျောက်တုံးတွေဟာ လေထဲမှာ ပလူပျံထွက်သွားပါတယ်။ သူဟာ ဘယ်လိုထိခိုက်မှုမျိုးမှ မရှိခဲ့သလို ဂရုစိုက်ပုံလည်း မရပါဘူး။ သည်လိုမျိုး ကြောက်မက်ဖွယ်ရာစွမ်းအားဟာ ချပ်၀တ်တန်ဆာတွေကိုတောင် ချိုးဖျက်ပစ်နိုင်ပါလိမ့်မယ်။
သူဟာ လ်ျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးမားတဲ့ ဂါးဒီးယန်း ဝိညာဉ်တော်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုလုပ်ပြီး လူသားတစ်ယောက်ဆီမှာ ရှုံးနိပ့်နိုင်ပါ့မလဲ။ အကြီးအကျယ် ထိခိုက်ဒဏ်ရာရဖို့ဆိုတာကတော့ ဝေးလွန်းပါတယ်။
ဂါးဒီးယန်း ဝိညာဉ်တော်က ရှီဟောင်ကို သူ့ကိုယ်ပေါ်ကနေ အပြင်းအထန် ခါချပစ်လိုက်ဖို့ နောက်ထပ်တကြိမ် ပြေးထွက်လာပါတယ်။ သားရဲကြီးရဲ့ ခြေတစ်ချက် ချလိုက်တိုင်း မြေပြင်ဟာ တဘုန်းဘုန်း တုန်ဟီးလာပြီး ပြင်းထန်လွန်းတဲ့ အော်ရာတွေကြောင့် တောင်ငယ်တစ်လုံးကိုတောင် ပြိုလဲသွားစေနိုင်ပါတယ်။
ဒါပေမဲ့ ရှီဟောင်ဟာ အမှန်အကန် ထိုးနှက်ချက်တစ်ချက်ကို ပစ်သွင်းလိုက်နိုင်ပါတယ်။ ပြီးတော့ သူဟာ ချက်ချင်းပဲ ခုန်ဆင်းလိုက်ပြီး ဂါးဒီးယန်း သားရဲကြီးရဲ့ နံဘေးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ပြန်ပါတယ်။ သူတို့ဆီကနေ ထွက်ပေါ်လာတဲ့ အော်ရာတွေဟာ အနီးအနားမှာ ရှိနေတဲ့ လူတွေအားလုံးကို ဖိနှိပ့်သွားခဲ့ပါတယ်။
ရှေးဟောင်းဦးချို နဂါးကြီးရဲ့ မျိုးဆက်ကနေ ဆင်းသက်လာတဲ့ သားစဉ်မြေးဆက်တွေကို ဆန့်ကျင်တိုက်ခိုက်နိုင်တယ်ဆိုတာ ဒဏ္ဍာရီပုံပြင်တစ်ခုပါ။ ရှီဟောင်ဟာ ကလေးတစ်ယောက်အဖြစ်ပဲ ရှိသေးပါတယ်။ တောပုန်းဓားပြအဖွဲ့ရဲ့ အစစ်အမှန်ခေါင်းဆောင်ကြီးကလည်း သူ့ကိုယ်သူ ရူးသွပ်သွားသလို ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ မျက်လုံးတွေနဲ့ မြင်တွေ့နေရတဲ့ အရာတွေဟာ တကယ့်အစစ်အမှန် မဟုတ်ဘူးလို့ ထင်ရတာကြောင့်ပါပဲ။
ကြီးမားလွန်းတဲ့ သားရဲကြီးတစ်ကောင်နဲ့ သက်ရှိကလေးငယ်တစ်ယောက်ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေဟာ ပြတ်သားတဲ့ရလာဒ်တွေ ထွက်ပေါ်လာခြင်း မရှိသေးပဲ ရာနဲ့ ချီတဲ့ ရိုက်ချက်တွေသာ ထွက်ပေါ်လာပါတယ်။ ကလေးငယ်လေးတစ်ယောက်က ဂါးဒီးယန်း ဝိညာဉ်တော် သားရဲကြီးကို ဘယ်လိုလုပ်ပြီး တွန်းလှန်တိုက်ခိုက်နိင်ရတာလဲ။ တကယ်လို့ သူတို့တွေသာ ဒါကို မျက်မြင်ကိုယ်တွေ့ မမြင်ရရင် ယုံကြည်နိုင်ကြမှာ မဟုတ်ပါဘူး။
ရုတ်တရက်ဆိုသလို ဂါးဒီးယန်း ဝိညာဉ်တော်သားရဲကြီးဟာ မက်တပ်ထရပ်လာပါတယ်။ သူ့ရဲ့ အစွမ်းထက်တဲ့ အော်ရာတွေဟာ သူ့အတွက် ခြံရံပြီး ခွန်အားဖြစ်စေပုံရပါတယ်။ ဒါဟာ တကယ်တော့ လူသားတစ်ယောက်လို ပြုမူလိုက်တာဖြစ်ပါတယ်။ သူ့ရဲ့ ခြေတွေ လက်တွေဟာ သွက်လက်လှပြီး ခြေထောက်တွေဟာလည်း လူသားတွေရဲ့ ခြေထောက်တွေလို ရွေ့လျားနိုင်စွမ်း ရှိနေပါတယ်။
” ရှစ် …။”
သားရဲကြီးရဲ့ လက်သည်းတွေဟာ ကုတ်ဆွဲချလာတာကြောင့် ရှီဟောင်ဟာ ရှောင်တိမ်းလိုက်ပါတယ်။ သို့သော် သားရဲကြီးရဲ့ ခြေထောက်တစ်ဖက်ဟာ ချက်ချင်းပဲမြောက်တက်လာပါတယ်။ ကြီးမြတ်သော အရှင်သခင်တစ်ပါးက သူ့ရဲ့ ကြောက်မက်ဖွယ်ရာ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုကို အသုံးပြုလိုက်သလိုပါပဲ။
ရှီဟောင်ဟာ တိုက်ပွဲစည်းအလယ်ကို ရောက်ရှ်ိနေတာကြောင့် ရှောင်တိမ်းဖို့ မလွယ်ကူတော့ပါဘူး။ ဒါကြောင့် သူဟာ သူ့ရဲ့လက်နှစ်ဖက်ကို ခြေထောက်ပေါ်တင်လိုက်ပြီး ခုန်ပျံထွက်လိုက်ပါတယ်။
ဒါပေမဲ့ ဂါးဒီးယန်း ဝိညာဉ်တော်ဟာ လျှပ်စီးလက်သလို လှည့်ပတ်လှုပ်ရှားနေခဲ့တာပါ။ သူ့ရဲ့ ဦးချို နဂါးတစ်ကောင်ရဲ့ အမြီးလို ကြီးမားကျယ်ပြန့်လှတဲ့ ရွှေအမြီးကြီးဟာ ကောင်းကင်ကို ထိုးတက်သွားပါပြီ။
” ဘုန်း …။”
ရှီဟောင်ဟာ သူ့ရဲ့ လက်တွေကို ရင်ဝရှေ့မှာ ကာလိုက်ပြီး ရွှေအမြီးကြီးကို ခုခံလိုက်ပေမယ့် ပြင်းထန်တဲ့ တိုက်ခိုက်မှုကြောင့် တောင်နံရံဘက် လွှင့်စင်ထွက်သွားပါတယ်။
တောင်နံရံကြီးပေါ်မှာ ချက်ချင်းပဲ လူတစ်ယောက်ပုံစံ ထင်ထင်ရှားရှားဖြစ်ပေါ်လာပါတယ်။ အံ့သြစရာကောင်းတာကတော့ ကျောက်နံရံကြီးက ကျောက်မှုန်စတွေ ပြိုဆင်းလာတာပါပဲ။
” ဝေါ့ ..။”
ရှီဟောင်ဟာ သွေးတဝ်လုပ် အန်ထုတ်လိုက်ပါတယ်။ သူဟာ ပြန်လည် ကုန်းရုန်းထလာပြီး ပိုပြီး သတိရှိရှိ ဂရုစိုက်လာတာကြောင့် သူ့မျက်လုံးတွေဟာ တောက်ပလာခဲ့ပါတယ်။
ရွှေရောင် ဂါဒီးယန်းဝိညာဉ်တော်ကြီးရဲ့ ခန္ဓာကိုယ်ဟာ ကြီးမားလှပေမဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေဟာ လေးလံခြင်းမရှိပဲ အရမ်းကို မြန်ဆန်နေပါတယ်။ ဒီလိုမျိုး သွက်လက်လှတဲ့ လှုပ်ရှားမှုတွေဟာ သူ့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံနဲ့ အတ်ာလေးကို ကွာခြားလို့ နေပါတယ်။
” ချွစ် …။”
သားရဲကြီးဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ချက်ချင်းပဲ ရှီဟောင်ကို ခုန်အုပ်လိုက်ပါတယ်။ သူဟာ ဒီတကြိမ် ကုတ်ဆွဲမှုကို ခံလိုက်ရရင် အသားခြမ်းဖြစ်သွားပါတော့မယ်။
ဂါးဒီယန်း ဝိညာဉ်တော်ကို သူ အမှန်တကယ် လျှော့တွက်မိလိုက်တာကြောင့် ရှီဟောင်ဟာ အရမ်းကို အံ့အားသင့်သွားခဲ့ရပါတယ်။ သူဟာ ဂါးဒီးယန်း ဝိညာဉ်တော်ရဲ့ တိုက်ခိုက်ဖို့ ကို ရှောင်တိမ်းဖို့အတွက် တောင်ပေါ်ကို မြန်မြန်ဆန်ဆန် တက်ပြေးလိုက်ပါတယ်။
ရွှေရောင် ဂါးဒီးယန်း ဝိညာဉ်တော်ဟာ ရက်စက်ကြမ်းတမ်းတဲ့ သူ့ရဲ့ တိုက်ခိုက်မှု လွဲချောသွားတာကြောင့် အရမ်းကို ဒေါသထွက်လာပါတယ်။ သူဟာ ရုတ်တရက် အရှိန်မြင့်လိုက်ပြီး ရှီဟောင်ကို တောင်နံရံကြီးထဲမှာ အမြီးနဲ့ ထိုးစိုက်ထားဖို့ ကြံစည်လိုက်ပါတယ်။ ဒါဟာ တကယ့်ကို ရက်စက်လွန်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဂါးဒီးယန်းဝိညာဉ်တော်ကြီးရဲ့ လှုပ်ရှားမှုတွေဟာ လျှပ်စီးလက်သလို မြန်ဆန်ပြီး ရွေ့လျှားတိုက်ခိုက်မှုတွေကလည်း မိုးသက်လေပြင်းလို ကြမ်းတမ်းလှပါတယ်။
တောင်နံရဲပေါ်ကို တွယ်တက်ပြီး ပြေးလွားနေတဲ့ ရှီဟောင်ရဲ့ ခန္ဓာကိုယ်ဟာ ရုတ်တရက်ဆိုသလို စွမ်းအားသင်္ကေတတွေ ဖုံးလွှမ်းလာပါတယ်။ ဒီအချိန်မှာတော့ သူဟာ တောက်တဲ့ တစ်ကောင်လို မြန်ဆန်စွာ ရွေ့လျားသွားပြီး ဆယ်မီတာ အကွာအဝေးက်ို ရောက်ရှိသွားပါတယ်။
” ဟူးလား ..။”
ဂါးဒီးယန်း ဝိညာဉ်တော် သားရဲကြီးရဲ့ ချွန်ထက်လှတဲ့ အမြီးရိုက်ချက်တွေဟာ တောင်နံရံကြီးကို အပေါက်တွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။
ရှီဟောင်ဟာ အရမ်းကို ဆုံးဖြတ်ချက်တွေ မြန်မြန်ဆန်ဆန် ချပြီး တစ်နေရာပြီး တစ်နေရာခုန်ကူးကာ ရှောင်တိမ်းနေရပါတယ်။ ပြီးတော့ ရုတ်ချင်းပဲ သူဟာ တောင်နံရံပေါ်မှာ ပြေးလွှားနေရာကနေ ဂါးဒီးယန်း သားရဲကြီးဆီကို ခုန်ချလိုက်ပါတယ်။
” ဝုန်း …။”
ရှီဟောင်ရဲ့ ပြင်းထန်လှတဲ့ လက်သီးချက်ဟာ သားရဲကြီးရဲ့ ဦးခေါင်းကို တည့်တည့်မတ်မတ် ထိမှန်သွားခဲ့ပါတယ်။ သူ့ရဲ့ ခွန်အားဟာ အရမ်းကို ကြီးမားလွန်းလှပါတယ်။ သူဟာ အရင်တုန်းက ခွန်အား ဂျင် ၁၀၈,၀၀၀ ရှိပါတယ်။ သူ့ရဲ့ အားပါလှတဲ့ လက်သီးချက်ကြောင့် ဂါးဒီးယန်း သားရဲကြိးရဲ့ အကြေးခွံတစ်စ ကျွတ်ထွက်လာခဲ့ပါတယ်။
ဒီ ဂါးဒီးယန်း ဝိညာဉ်တော် သားရဲကြီးဟာ အရမ်းကို အစွမ်းထက်လွန်းတယ်လို့ ၀န်ခံရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိပါဘူး။ သူ့ရဲ့ အသားအရေတွေဟာ ထူထဲလွန်းပါတယ်။ သားရဲကြီးနေရာမှာ တခြားကျင့်ကြံသူ လူသားတစ်ယောက်ယောက်သာ ဖြစ်နေရင် ရှီဟောင်ရဲ့ လက်သီးချက်ကြောင့် ဦးဏှောက်ပွင့်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သားရဲကြီးကတော့ ဘာမှမဖြစ်ပဲ ရွှေရောင်မီးပွားလေးတွေသာ ဖြစ်ပေါ်သွားခဲ့ပါတယ်။
“ အရမ်းအစွမ်းထက်လွန်းတယ်”
ရှီဟောင်ဟာ အရမ်းကို အံ့အားသင့်သွားပါတယ်။ ဂါးဒီးယန်း သားရဲကြီးဟာ အရမ်းကို ကြောက်မက်ဖွယ်ရာကောင်းပြီး သူ ထင်ထားတာထက်ကို ပိုပြီး အဆင့်မြင့်နေပါတယ်။
အဖိုးတန်နည်းစနစ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ စွမ်းအားသင်္ကေတတွေဟာ အပြန်အလှန် ထိပ်တိုက်ရင်ဆိုင်မိသွားကြပါတယ်။ မျက်စိတစ်မှိတ် လျှပ်တပြက်အတွင်းမှာပဲ တိုက်ကွက်ပေါင်း တစ်ရာကျော်သွားခဲ့ပါပြီ။ ဂါးဒီးယန်း သား ရဲကြီးရဲ့ ကျောပြင်ဟာ ရှီဟောင်ရဲ့ အဆက်မပြတ်တဲ့ တိုက်ခိုက်မှုတွေကြောင့် ကျိုးထွက်လုမတတ်ဖြစ်လာသလို ရှီဟောင်လည်း သွေးအလူးလူး ဖြစ်လာပါတယ်။
ဂါးဒီးယန်း သားရဲကြီးဟာ ရက်စက်ကြမ်းကြတ်ပြီး စွမ်းအားကြီးမားတာကြောင့် ကိုင်တွယ်ဖြေရှင်းရတာ အရမ်းခက်ခဲပါတယ်။ ဒါ့အပြင် ရှီဟောင်ဟာ ဂါးဒီးယန်း သားရဲကြီးရဲ့ ကိုယ်ခန္ဓာထဲမှာ ပြဿ နာတစ်စုံတစ်ရာရှိနေတာကို သတိထားမိလိုက်ပါတယ်။ မဟုတ်ရင်တော့ သူ့အတွက် အကြီးအကျယ်ကို အခက်အခဲဖြစ်စေမှာပါ။
ဂါးဒီးယန်း ဝိညာဉ်တော်ရဲ့ ကိုယ်ပေါ်မှာ အပင်သေးသေးလေးတွေ ဖြစ်ပေါ်လို့နေပြီး ဖြစ်နိုင်တာက သေးငယ်တဲ့ နွယ်ပင်လေးတွေလိုပါပဲ။ ဒါဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ အသွင်သဏ္ဍာန်ရှိတဲ့ သွေးကြောတွေကလွဲပြီး တခြားဘယ်လိုအရာမှ မဖြစ်နိုင်ပါဘူး။
” သားရဲကောင်ကြီးက အတွင်းဝေဒနာတစ်ခုခု ခံစားနေရတာ သေချာတယ် .. ဒီလိုမှ မဟုတ်ရင် ငါ .. ထွက်ပြေးဖို့ကလွဲပြီး ရွေးချယ်စရာ ရှိမှာ မဟုတ်ဘူး ..။”
ဂါးဒီးယန်းသားရဲကြီးဟာ လျှပ်စီးလို မြန်ဆန်ပေမဲ့လည်း သူ့ရဲ့ ခန္ဓာကိုယ်ဟာ မသိမသာ တုန်ခါနေခဲ့ပါတယ်။ သူ့ရဲ့ တိုက်ခိုက်မှုတွေဟာ အမှန်ကို အင်အားကြီးမားပြီး တခြား နာမည်ကျော် ဂါးဒီးယန်း သားရဲတွေထက်ကို ပိုပြီး အားကောင်းနေပါတယ်။ ရှီဟောင်ဟာ သူ့ရဲ့ အကြေးခွံတွေကို တော်တေ်ာများများ ခွာချလိုက်နိုင်ပေမဲ့ ဒဏ်ရာရရှိစေဖို့ ခက်ခဲနေဆဲပါပဲ။
” ဝုန်း …။”
ရုတ်တရက်ဆိုသလိုပဲ အသံတစ်ခုဟာ တုန်လှုပ်ချောက်ခြားဖွယ်ရာ လှိုင်းတစ်ခုနဲ့အတူ ရွှေရောင်မိုးစက်တွေဟာ ကောင်းကင်မှာ ပြည့်နှက်လာပါတယ်။ လေထုဟာ အရမ်းကို ကြောက်စရာကောင်းလွန်းလာပြီး လူအားလုံးကို တုန်လှုပ်စေခဲ့ပါတယ်။
ရှီဟောင်ရဲ့ မွေးညှင်းတွေဟာ ချက်ချင်းပဲ ထောင်ထကုန်ကြပါတယ်။ ဒါဟာ ရွှေရောင်မိုးစက် နှင်းပွင့်တွေမဟုတ်ပဲ ဂါးဒီးယန်း ဝိညာဉ်တော် သားရဲကြီးရဲ့ ရွှေအကြေးခွံတွေသာ ဖြစ်ပါတယ်။ သားရဲကြီးဟာ မမျှော်လင့်ပဲ သူကိုယ်ပေါ်က ရွှေရောင်အကြေးခွံတွေကို ခါချပြီး တိုက်ခိုက်လိုက်တာပါ။
” ဒါက အဖိုးတန် ရှေးဟောင်း ပစ္စည်းတစ်ခုလား ..။”
ဂါးဒီးယန်း သားရဲကြီးရဲ့ ကိုယ်ပေါ်က အကြေးခွံတွေဟာ အရမ်းကို အဖိုးတန်ပုံရတာကြောင့် ရှီဟောင်က အရမ်းလန့်နေပါတယ်။ ဒါဟာ ရွှေရောင်မိုးစက်တွေနဲ့ ဆင်တူပြီး လှပပါတယ်။ ဒါပေမဲ့ သတ်ဖြတ်နိုင်တဲ့ စွမ်းအားကတော့ အရမ်းကို အံ့သြစရာကောင်းပြီး သူဟာ အမှန်တကယ် ကြောက်စရာကောင်းလွန်းတဲ့ ရွှေရောင် မုန်တိုင်းတခု ဖြစ်ပါတယ်။
ရှီဟောင်ဟာ လေထဲမှာ အလျှားလိုက် ပြောင်းလဲပြီး အလျှင်အမြန် ရှောင်တိမ်းလိုက်ပါတယ်။ အဖိုးတန် ရှေးဟောင်းပစ္စည်းတွေဟာ သူတို့ရဲ့ စွမ်းအားအစစ်အမှန်တွေကို ထုတ်ပြနိုင်စွမ်းရှိကြပါတယ်။
ရွှေရောင် အလင်းတန်းမိုးတွေ ရွာချလိုက်တဲ့အခါမှာ တောင်တန်းတွေနဲ့ ချောက်ကမ်းပါးတစ်ခွင်ကို ပြန့်ကျဲသွားပြီး တိတ်ဆိတ်သွားခဲ့ပါတယ်။ ဒီ့နောက်မှာတော့ သူတို့တွေဟာ ထင်ထင်ရှားရှားပြန်တွေ့လိုက်ကြရပါတယ်။
ရှီဟောင်ဟာ အရမ်းကို မြန်ပေမဲ့လည်း လေထဲမှာသာ ခုန်ပျံနေခဲ့ပြီး မြေပြင်ပေါ်မှာတော့ မပြေးနိုင်တော့ပါဘူး။ ထူထဲလှတဲ့ အကြေးခွံတွေဟာ ကောင်းကင်ကနေ အဆက်မပြတ်ကျလာပြီး သူ့ရဲ့ လမ်းကို ပိတ်ဆို့ထားလိုက်တာကြောင့်ပါ။
” အသက်၀င်လာစမ် း ..။”
ရှီဟောင်ဟာ ကျယ်လောင်စွာအော်ဟစ်လိုက်ချိန်မှာ သူ့ရဲ့ လက်တွေဟာ လင်းလက်လာပါတယ်။ သူ့ကို ကာကွယ်ဖို့ အတွက် ငွေရောင်အလင်းတန်းနှစ်ခုဟာ ပေါ်ထွက်လာပြီး လျှင်မြန်စွာပဲ စက်၀န်းပုံစံပေါင်းစည်းသွားကြပါတယ်။
ငွေရောင်စက်၀န်းကြီးဟာ ရှီဟောင်ရဲ့ တစ်ကိုယ်လုံးကို လှည့်ပတ်နေပြီး အစွမ်းထက်လှတဲ့ စုပ်ယူနိုင်စွမ်းတွေနဲ့ ရွှေအကြေးခွံတွေကိုပါ ဖြတ်တောက်ပစ်လိုက်ပါတယ်။
ဒါပေမဲ့ ဒါဟာ တကယ့်ကို အဖိုးထက်တန်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် သူတို့ကို အဖိုးထိုက်တယ်လို့ ဘယ်လိုလုပ်ပြီး ခေါ်နိင်ပါတော့မလဲ..။ ရွှေရောင်အကြေးခွံတွေရဲ့ အစိတ်အပိုင်းတွေဟာ ခဏတဖြုတ်ပဲ တားဆီးခံလိုက်ရပါတယ်။
ရွှေရောင်အကြးခွံတွေဟာ မိုးရွာသွန်းသလို အဆက်မပြတ် ကျလာတာကြောင့် တဖောက် ဖောက် အသံတွေ ပေါ်ထွက်နေပါတယ်။ နောက်ဆုံးမှာတော့ ရှီဟောင်ဟာ ရွှေအကြေးခွံတိုင်းကို မရှောင်ရှားနိုင်တော့ပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ရွှေအကြေးခွံသုံးခုဟာ ထိုးဖောက်သွားပြီး သွေးစီးကြောင်း သုံးခုဖြစ်ပေါ်လာပါတယ်။
***