သုခကမ္ဘာက ရှီဟောင် - Chapter - 158 မိုးမခသစ်ပင်ကြီးရဲ့ ကောင်းကင်ကို စူးစမ်းခြင်း
Chapter – 158 မိုးမခသစ်ပင်ကြီးရဲ့ ကောင်းကင်ကို စူးစမ်းခြင်း
မျက်စိတမှိတ်လျှပ်တပြက်အတွင်းမှာပဲ နှစ်၀က်အချိန်ဟာ ကုန်ဆုံးသွားခဲ့ပါတယ်။ ကြီးမားလှတဲ့ ဂါးဒီးယန်း ဝိညာဉ်တော်သားရဲကြီးရဲ့ အသားတွေကို ရွာသားတွေက သန့်စင်ပစ်လိုက်ကြပါပြီ။
ဂါးဒီးယန်း ဝိညာဉ်တော်ရဲ့ အမတေစွမ်းအားတွေကြောင့် ကလေးတွေရဲ့ ကျင့်ကြံခြင်းအဆင့်ဟာ ခုန်ပျံကျော်တက်လာကြပြီး အရိုးစာသားကို နက်ရှိုင်းစွာနားလည်မှုကလည်း မြှင့်တက်လာပါတယ်။ အဆိုပါ ရလာဒ်က ရွာအကြီးအကဲတွေကို ထိတ်လန်တကြားဖြစ်သွားစေပေမဲ့ နောက်ဆုံးမှာ သူတို့မျက်နှာပေါ်က အပြုံးတွေဟာ ရပ်တန့်လို့မရတော့ပါဘူး။
ကလေးတွေက လွဲရင် ရှီလင်းဟူ နဲ့ ရှီဖန်ကျင်းတို့လို အရွယ်ရောက်ပြီး သူတစ်ချို့တောင် အဆင့်တက်မှုတွေ ဖြစ်ပေါ်လာပါတယ်။ အမှန်တကယ်တော့ သူတို့တွေဟာ ကလေးတွေထက်ပိုပြီး အရိုးစာသားတွေဖြစ်ပေါ်လာအောင် လေ့ကျင့်ချိန်ကြာမြင့်ခဲ့ပါတယ်။ ရွာအကြီးအကဲ ရှီယွီဖန်းဟာ ပြင်ပကမ္ဘာကနေ ပြန်လည်ရောက်ရှိလာချိန်မှာ သူတို့တွေကို အရိုးစာသား ကျင့်ကြံခြင်း နည်းစနစ်ကို သင်ကြားပေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ရွှေရောင်နေ့ရက်တွေကို လက်လွှတ်ခဲ့ရတာကြောင့် သူတို့ရဲ့အောင်မြင်မှုက စံပြတော့ ဖြစ်မလာနိုင်တော့ပါဘူး။
နှစ်အနည်းငယ်အတွင်းမှာပဲ ကမ္ဘာကို ထိတ်လန့်တုန်လှုပ်စေနိုင်တဲ့ ရှန်းနီသားရဲကြီးကို ရရှိခဲ့တဲ့ အပြင် ထူးခြားလှတဲ့ ဂါးဒီးယန်း ဝိညာဉ်တော်ပါ ထပ်မံပိုင်ဆိုင်နိုင်တာကတော့ ကျောက်ခေတ်ကျေးရွာအတွက် ကံမ္မကံကောင်းမှုကြီးပါပဲ။ သားရဲကြီးတွေဟာ သူတို့ခန္ဓာကိုယ်စွမ်းအားတွေကို အများကြီးတိုးတက်စေနိုင်တဲ့ ကြီးမြတ်သော အမတေစွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့အတွက် ဖြစ်ပါတယ်။
ဒါကြောင့်ပဲ သူတို့ရဲ့ နှစ်ပေါင်းများစွာ ကျင့်ကြံလာခြင်းတွေနဲ့ စုဆောင်းထားတဲ့ အတွေ့အကြုံတွေက အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။ ရှီလင်းဟူ နဲ့ ရှီဖန်ကျင်းတို့ဟာ သွေးဆင့်ကဲ ပြောင်းလဲခြင်း နယ်ပယ်ကို ၀င်ရောက်သွားနိုင်ခဲ့ကြပါပြီ။ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေဟာ ဒီ့ထက်နိပ်ကျစရာ မရှိတော့ပါဘူး။
ရွာသားတွေဟာ နည်းနည်းလေးမှ ညီးညူ သံတွေ မထွက်လာပါဘူး။ ရှေးဟောင်းသားရဲမျိုးဆက် ရှန်းနီနဲ့ အနောက်ပိုင်း ကောင်းကင်နယ်မြေက ဂါးဒီးယန်း ဝိညာဉ်တော်သားရဲကြီးတို့က အမှန်တကယ်ကို ရှားပါးပြီး အဖိုးတန်တဲ့ သူတွေအဖြစ် ခေါ်ထိုက်ပါပေတယ်။ တခြားကလန်ကသူတွေဟာ သူတို့အတွက်နဲ့ အလဲအလှယ်လုပ်ဖို့ ဘယ်လောက်ပဲ ကြိုးစားလာပါစေ ကျောက်ခေတ်ရွာသားတွေက ငြင်းပယ်ပစ်မှာပါ။
နောက်ထပ် လအနည်းငယ်ကုန်ဆုံးသွားချိန်မှာ မိုးမခနတ်ဘုရားဟာ ပြန်လည်နိုးထလာတော့မဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာပါတယ်။ ဒီနေ့မှာတော့ ရှီဟောင်ဟာ အသက်ရှစ်နှစ်ခွဲ ရှိပါပြီ။
ရှီဟောင်ဟာ နောက်ပိုင်းမှာ ဂါးဒီးယန်း ဝိညာဉ်တော် သားရဲကြီးရဲ့ အသားတွေကို ဆေးဝါးတွေနဲ့ သန့်စင်ပြီး သူ့ရဲ့တိုးတက်မှုအတွက် အသုံးချခဲ့ပါတယ်။ ဒီ့နောက်မှာတော့ သူဟာ သူ့ရဲ့ လေးခုမြောက် မီးလျှံ တွင်းနက် ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ အမတေ စွမ်းအားတွေဟာ သူ့ရဲ့ မီးလျှံ တွင်းနက်အောက်ခြေမှာ အရှိန်အဟုန်ပြင်းပြင်း စီးမျောကာ လှိုင်းထန်ပြီး အဆမတန် မြင့်တက်လာပါတယ်။
” ဒါက အရမ်းကို နှေးလွန်းတယ် .. ငါ နောက်ထပ် မီးလျှံ တွင်းနက်တစ်ခုကို ထပ်ရလာပေမဲ့ တစ်နှစ်လောက်တောင် ကြာသွားတယ် ..။”
ရှီဟောင်ဟာ သူ့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ဟာ တဖြည်းဖြည်း ခက်ခဲလာတယ်လို့ ခံစားနေရတာကြောင့် ထုတ်ဖော်ညီးတွားလိုက်ပါတယ်။
ရွာအကြီးအကဲဟာ ရှီဟောင်ရဲ့ စကားတွေကြောင့် ဆွံ့အသွားခဲ့ပါတယ်။ ခဏအကြာမှာတော့ သူဟာ သူ့ရဲ့ နဖူးပေါ်က ချွေးတွေကို သုတ်လိုက်ပြီး
” မင်း ရောက်ရှိနေတဲ့ အဆင့်က အံ့သြစရာကောင်းနေပြီလေ ..။”
လူတော်တော်များများဟာ သူတ်ုိ့ရဲ့ ဘ၀တစ်လျှောက်လုံးမှာ တဝ်လက်မလောက် တိုးတက်လာအောင်ကိုတောင် ကျင့်ကြံဖို့ ခက်ခဲကြပါတယ်။ တစ်ယောက်ယောက်ရဲ့ ပါရမီဟာ အရမ်းကို မြင့်မားနေခဲ့ရင်တောင် သန့်စင်သော ခန္ဓာကိုယ်စွမ်းအားနယ်ပယ်မှာ ရပ်တန့်နေကြပြီး စိတ်အာရုံ တံဆိပ်ခတ်နှိပ့်ခြင်းနယ်ပယ်ကို ခြေချနိုင်ဖို့ မဖြစ်န်ိင်ကြပါဘူး။
( PS . ကောင်းကင်ဖြတ်ကျော်ခြင်း နယ်ပယ်အဆင့်ကို စိတ်အာရုံ တံဆိပ်ခတ်နှိပ့်ခြင်း နယ်ပယ်လို့ပဲ သုံးသွားပါတော့မယ် .. နောက်ပိုင်း အခန်းတွေမှာ E Tran က စိတ်အာရုံ တံဆိပ်ခပ်နှိပ်ခြင်း နယ်ပယ်လို့ပဲ ရေးတော့တာကြောင့် ဖြစ်ပါတယ် )
” အာ့ဒါ အမှန်ပဲလား .. ဒါဆိုရင် ကျွန်တော် စိတ်သက်သာရာရသွားပါပြီ ..။”
ရှီဟောင်ဟာ ကျေနပ်ပျော်ရွှင်စွာ ပြုံးရယ်လိုက်ပေမဲ့လည်း စိတ်ထဲမှာ မကျေနပ်ပါဘူး။
စိတ်အာရုံ တံဆိပ်ခပ်နှိပ့်ခြင်း နယ်ပယ်အဆင့်ဟာ လူတစ်ယောက်ရဲ့ အပြင်ပိုင်းနဲ့အတွင်းပိုင်းကို အင်မော်တယ် ခန္ဓာကိုယ်ကို တည်ဆောက်ဖို့ဖြစ်ပါတယ်။ ဒါဟာ စင်ကြယ်သော အဆင့်ဖြစ်ပြီး ကမ္ဘာပေါ်က အမတေစွမ်းအားတွေကို စုပ်ယူနိုင်ဖို့အတွက် အဆုံးမဲ့စွမ်းအားသိုလှောင်ရာတွင်းနက်တွေနဲ့ ချိတ်ဆက်ထားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါက ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်အတွင်းက သင်္ကေတတွေရဲ့ ကြီးမြတ်သော စွမ်းအားတွေကို ပေါက်ကွဲစေပြီး အထွတ်အထိပ်အဆင့်တွေကို တက်ရောက်စေနိုင်ဖို့ ဖြစ်ပါတယ်။
ရွာအကြီးအကဲ ရှီယွီဖန်းရဲ့ ပြောပြချက်တွေအရ ရှီဟောင်ဟာ စိတ်အာရုံ တံဆိပ်ခပ်နှိပ့်ခြင်း နယ်ပယ်အဆင့်ကို ရောက်ရှိသွားချိန်မှာပဲ အင်မော်တယ်လမ်းကြောင်း သုံးခုဖြစ်တဲ့ မီးလျှံ တွင်းနက်သုံးခုကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
တစ်ချို့သော လူတွေဟာ သူတို့ရဲ့ ဘ၀တစ်လျှောက်လုံးမှာ မီးလျှံတွင်းနက် တစ်ခုကိုပဲ ဖွင့်လှစ်နိုင်ခဲ့ပြီး ကောင်းကင် နဲ့ မြေပြင်ကြားက အမတေစွမ်းအားကို စုပ်ယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ပိုမိုပြီး မြင့်မားတဲ့ နယ်ပယ်အဆင့်တွေကို တက်လှမ်းနိုင်ခဲ့ရင်တောင် ကောင်းကင်ဘုံကို တက်ရသလို ခက်ခဲပြီး အောင်မြင်မှုရဖို့ အကန့်အသတ်တွေ ရှိပါတယ်။
ရွာအကြီးအကဲ ရှီယွီဖန်းက ရှည်လျှားဝွာ ပြောဆိုရှင်းပြလိုက်ပါတယ်။
သာမန်ကျင့်ကြံသူတွေဟာ စိတ်အာရုံ တံဆိပ်ခပ်နှိပ့်ခြင်း နယ်ပယ်ရဲ့ မီးလျှံတွင်းနက် လေးခု ဒါမှမဟုတ် ငါးခု အထိ တည်ဆောက်နိုင်ကြချိန်မှာ သူတို့ရဲ့ အမတေစွမ်းအားတွေကို စုဆောင်းနိုင်ခြင်း ရှိ မရှိ တွေးထားကြရပါတယ်။ ဤကဲ့သို့သော စီစဉ်ထားခြင်းအားဖြင့် သူတို့ဟာ ကောင်းကင်လမ်းကြောင်းမှာ အဆုံးမဲ့ကြီးမြတ်သော စွမ်းအားတွေနဲ့ ဖိအားပေးပြီး နောက်တစ်ဆင့်ရောက်လာအောင် သူတို့က ကြိုးဝားကြရပါတယ်။
ရွာအကြီးအကဲဟာ ထပ်မံပြီး ရှင်းပြပြောဆိုလိုက်ပါတယ်။
” မီးလျှံ တွင်းနက် ခြောက်ခုကို တည်ဆောက်နိုင်တဲ့သူဟာ နယ်မြေတွေထဲမှာ အင်အားကြီးတဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက်အဖြစ် သတ်မှတ်ခံရလိမ့်မယ် … မီးလျှံ တွင်းနက် ရှစ်ခုကို တည်ဆောက်နိုင်တဲ့သူက ရှားပါးလွန်းတဲ့ ဖီးနစ်အမွေးအတောင်တွေနဲ့ ဒဏ္ဍာရီလာ ယူနီကွန်သားရဲကြီးတို့လို ကောင်းကင်ကနေ ဆုလက်ဆောင်ရရှိထားတဲ့ ရှားပါး ပါရမီရှင်တွေပဲ ဖြစ်ပါတယ်။ မီးလျှံတွင်းနက် ကိုးခုကို ပိုင်ဆိုင်ထားတဲ့ သူတွေကတော့ ရှေးဟောင်းမှတ်တမ်းတွေထဲမှာပဲ ရှိပါတယ်။ လူတစ်ယောက်ဟာ အမှန်တကယ်ကို မီးလျှံတွင်းနက် ကိုးခုကို ဖွင့်လှစ်န်ိင်ရင် ကောင်းကင်ဘုံက နတ်ဘုရားတွေလို စွမ်းအားကို ခံစားရပါလိမ့်မယ်။
ရှီဟောင်ဟာ အရာရာတိုင်းကို ဂရုတစိုက် နားထောင်ပြီးနောက်မှာ သူ့ရဲ့ မျက်လုံးတွေက်ို မှိတ်လိုက်ပါတယ်။ သူဟာ နောက်တစ်ဆင့်ကို တက်ရောက်လိုရင်တော့ အမှန်တကယ် အတင်းအကျပ် ဖိအားပေးပြီး တက်ရောက်နိုင်တာကို သိရှိလိုက်ပါတယ်။ ဒါပေမဲ့ သူဟာ သူ့ရဲ့ အခြေခံအုတ်မြစ်ကို ထိခိုက်စေနိုင်မဲ့ ရွေးချယ်မှုမျိူ းကို ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။
ရွာအကြီးအကဲရဲ့ ပြောဆိုရှင်းပြချက်တွေအရ မီးလျှံ တွင်းနက်တစ်ခုဆီတိုင်းက တောက်ပတဲ့ အလားအလာတွေကို ပိုင်ဆိုင်ထားပါတယ်။ အကယ်၍ မီးလျှံတွင်းနက် တစ်ခုဟာ အလားအလာကောင်းတစ်ခုကို ပေးစွမ်းနိုင်ခဲ့ရင် မီးလျှံ တွင်းနက် ရှစ်ခုအထိ ပိုင်ဆိုင်ထားသူဟာ ဘယ်လောက်အထိ စွမ်းအားကြီးမားနေမလဲ။
အချိန်တွေကုန်ဆုံးလာခဲ့ပြီး တောပုန်းဓားပြတွေ သတ်ဖြတ်ခံရပြီးနောက်မှာ တခြား ဓားပြအဖွဲ့တွေ ပေါ်မလာခဲ့ပါဘူး။ အနောက်ပိုင်း ကောင်းကင်နယ်မြေဆီကလည်း တုံပြန်မှုတွေ ရောက်မလာခဲ့တာ အမှန်ပါပဲ။ သူတို့ဟာ သူတို့ရဲ့ သင်းခွေချပ် ဂါးဒီးယန်း သားရဲကြီးဟာ ရှေးဟောင်း သားရဲကြီးတစ်ကောင်ကောင်ရဲ့ သတ်ဖြတ်စားသောက်ခြင်းကို ခံလိုက်ရပြီလို့ ထင်မှတ်ကောင်း ထင်မှတ်နေနိုင်ပါတယ်။
လတ်တလောမှာပဲ ကျောက်ခေတ်ကျေးရွာက ရွာသားတွေကလည်း တောပုန်းဓားပြတွေ စုဆောင်းထားတဲ့ အနက်ရောင် ရွှေတွေကို တူးဖော်ဖို့ ထွက်သွားကြပါတယ်။ အနက်ရောင် ရွှေတွေ သိမ်းဆည်းထားတဲ့ နေရာဟာ စတုရန်း မီတာ၀က်ခန့်သာ ရှိပေမဲ့ အလေးချိန် ဂျင် သောင်းချီရှိနေမှာကို သံသယရှိစရာ မလိုပါဘူး။ ဒါဟာ လက်နက်ပြုလုပ်ရာမှာ အသုံးပြုရတဲ့ အဖိုးတန်ပစ္စည်းတစ်ခုဖြစ်ပြီး ဒဏ္ဍာရီလာ ရှေးဟောင်းသားရဲတွေကို ထိန်းချုပ်နိုင်တဲ့ သတ္တုတစ်မျိုးလည်း ဖြစ်ပါတယ်။ အနက်ရောင် ရွှေတွေဟာ အရမ်းကို ရှားပါးတာကြောင့် စတုရန်း မီတာ၀က်ခန့် စုဆောင်းနိုင်တာဟာ သူတို့တွေ ဒီနှစ်တွေမှာ ဘယ်လောက်အထိသတ်ဖြတ်ခဲ့ကြပြီး လူတွေ ဘယ်လောက်အထိ သေကြေပျက်စီးခဲ့ကြရသလဲဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။
လ၀က်ခန့် ကြာပြီးနောက်မှာ အေးမြတဲ့ လေပြေလေညင်းတွေဟာ ညင်ညင်သာသာလေးတိုက်ခိုက်လာတာကြောင့် နက်ပြာရေအိုင်ထဲမှာ ဂယက်တွေဖြစ်ပေါ်လာပါတယ်။ ကျောက်ခေတ်ရွာအ၀င်၀မှာ နှစ်အတန်ကြာ မှေးမှိန်နေခဲ့တဲ့ မိုးမခသစ်ပင်အိုကြီးဟာ ရုတ်တရက် လင်းထိန်လာခဲ့ပါတယ်။ သူ့ရဲ့ ခမ်းနားထည်ဝါလှတဲ့ မြစိမ်းရောင်အော်ရာတွေဟာ ကောင်းကင်ကို လွမ်းခြုံတက်သွားပြီး တောင်တန်းတွေကို မြူ ခိုးတွေ ဖုံးလွှမ်းသွားစေခဲ့ပါတယ်။
” အမ် … မိုးမခနတ်ဘုရား .. နိုးထလာပြီဟေ့ ..။”
ရွာသူရွာသားတွေဟာ ထိတ်လန့်တကြားအော်ဟစ်လိုက်ကြသလို အရမ်းကိုလည်း ၀မ်းသာသွားကြပါတယ်။ သူတို့ရဲ့ ဂါးဒီးယန်းဝိညာဉ်တော်ကြီး ပြန်လည်နိုးထလာပြီးဖြစ်တာကြောင့် အနာဂတ်ကာလမှာ သူတို့အတွက် စိုးရိမ်စရာတွေ မရှိတော့ပါဘူး။ အင်အားကြီးမားလွန်းတဲ့ ရှေးဟောင်းသားရဲမျိုးဆက်တွေ သူတို့ဆီကို ကျူ းကျော်လာခဲ့ရင်တောင် မိုးမခနတ်ဘုရားက ရပ်တန်ပစ်စေနိုင်မယ်လို့ ယုံကြည်ထားပါတယ်။
ကျောက်ခေတ်ရွာထဲက ကလေး၊ လူကြီး၊ လူငယ်၊ ကျား၊ မ အားလုံးဟာ ပြေးထွက်လာကြပါတယ်။
Kacha kacha …
မိုးမခသစ်ပင်အိုကြီးရဲ့ သစ်ခေါက်ဟောင်းတွေဟာ စိမ်းပြာရောင် သန်းလာပါတယ်။ သူ့ရဲ့ အကိုင်းအခက်တွေကလည်း စိမ်းလန်းတဲ့ ရောင်စုံအလင်းတန်းတွေနဲ့ ပြန်လည် ဖွံ့ဖြိုစလာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ အလင်းတန်း ၁၀,၀၀၀ကျော်ဟာ သိပ့်သည်းစွာ ပေါ်ထွက်လာပါတယ်။
မိုးမခသစ်ပင်အိုကြီး ပြန်လည်နိုးထလာလာချင်းမှာပဲ နောက်ထပ် အကိုင်းအခက်အသစ် လေးခုထွက်လာပါတယ်။ သူတို့ဟာ အလျှား ဆယ်မီတာကျော်ထိ ချက်ချင်းပဲ ရင့်သန်သွားကြပါတယ်။
မိုးမခနတ်ဘုရားဟာ လက်ရှိအချိန်မှာ ပိုပြီး အစွမ်းထက်လာပုံရတာကြောင့် ရွာသားတွေဟာ အရမ်းကို အံ့သြ၀မ်းသာသွားကြပါတယ်။ သူ့ရဲ့ တ၀က်တိတိ မီးလောင်ကျွမ်းခံထားရတဲ့ အနက်ရောင်ပင်စည်ဟာ အပြည့်အ၀ကို ပြန်လည်ကောင်းမွန်လို့ သွားခဲ့ပါပြီ။
” မိုးမခ နတ်ဘုရား … ခင်ဗျား .. အဆင်ပြေရဲ့လား ..။”
ရွာအကြီးအကဲတစ်ချို့က တုန်လှုပ်နေတဲ့ အသံနဲ့ မေးလိုက်ပါတယ်။
” ငါ .. အရမ်းအဆင်ပြေပါတယ် .. အချိန်အကြာကြီးကို ကျင့်ကြံနိုင်ခဲ့တယ် .. ။”
မိုးမခနတ်ဘုရားက ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။ ထို့နောက်မှာတော့ မြစိမ်းရောင် အလင်းတန်းတွေဟာ ဒီရေတွေအလား ပြန်လည်ဆုတ်ခွာသွားပြီး တောင်တန်းတွေဟာ ပုံမှန်ပြန်ဖြစ်သွားပါတယ်။
လက်ရှိမှာတော့ ကျောက်ခေတ်ရွာသားတွေဟာ သူမတူအောင် ရွှင်လန်းတက်ကြွနေကြပါတယ်။ မိုးမခနတ်ဘုရားကြီး ပြန်လည်နိုးထလာခြင်းနဲ့အတူ ဆိုးသွမ်းတဲ့ တောပုန်းဓားပြတွေရဲ့ လက်စားချေမှာကို စိတ်ပူစရာမလိုတော့ပါဘူး။
” ကောင်လေး .. မင်း ဂါးဒီးယန်း ဝိညာဉ်တော် သားရဲကြီးကို သတ်နိုင်ခဲ့တာပဲ .. ဒါက လုံး၀ကို မလွယ်ကူဘူးလေ … စိတ်အာရုံ တံဆိပ်ခတ်နှိပ့်ခြင်းနယ်ပယ်မှာတောင် ပြီးပြည့်ဝုံခြင်းအဆင့်နီးပါးရောက်နေလောက်ပြီ … ကံကောင်းတာက မင်းရဲ့ အခြေခံအုတ်မြစ်က တော်တော်ကို ခိုင်မာနေတာ .. ဒီလိုမှမဟုတ်ရင်တော့ မင်းလည်း အန္တရာယ်ရှိနိုင်တယ် …။”
မိုးမခနတ်ဘုရားက ပြောဆိုလိုက်ပါတယ်။ သူဟာ သင်းခွေချပ်သားရဲကြီးရဲ့ အရိုးတစ်ချို့ကို တွေ့လိုက်တာနဲ့ အဖြစ်အပျက်တွေကို နားလည်သွားခဲ့ပါတယ်။
” မိုးမခနတ်ဘုရား … ကျွန်တော် မီးလျှံ တွင်းနက် လေးခုကို တည်ဆောက်ထားပြီးပြီ … အဘိုးအကြီးအကဲချုပ်ဆီက ဖြစ်တန်စွမ်း သီအိုရမ်ကို ကြားပြီးနောက်မှာ ကျွန်တော်ထပ်ပြီးတော့ မီးလျှံ တွင်းနက်တွေကို ဖွင့်ချင်နေပြီ ..။”
ရှီဟောင်ရဲ့ မျက်လုံးတွေဟာ စိတ်အားထက်သန်မှုတွေကြောင့် အရောင်တလက်လက် တောက်ပနေပါပြီ။
မိုးမခနတ်ဘုရားဟာ စကားအနည်းငယ်အပြန်အလှန်ပြောဆိုလိုက်တာနဲ့ အခြေအနေတစ်ခုကို ရှင်းလင်းစွာသိလိုက်ပါပြီ။ ဒီနောက်မှာတော့ မိုးမခအကိုင်းအခက်တွေက ညင်သာစွာ လှုပ်ရမ်းသွားကြပါတယ်။
” ကောင်းကင်ကို သွားရောက်ရာ လမ်းကြောင်းရဲ့ မီးလျှံ တွင်းနက် ရှစ်ခုလား .. အဲ့ဒါက လူသားတွေ စံထားစရာ အဆင့်တစ်ခုပဲလေ … ကောင်းကင် မီးလျှံ တွင်းနက် ကိုးခုကတော့ ရှေးဟောင်း ဒဏ္ဍာရီ မှတ်တမ်းတွေမှာပဲ ရှိတော့တာ ..။”
” ဟမ် .. ။”
ရှီဟောင်ဟာ ရင်ထိတ်သွားခဲ့ပါတယ်။
” ရှေးဟောင်းခေတ် မှတ်တမ်းတွေအရတော့ …။”
မိုးမခနတ်ဘုရားဟာ စတင်ပြီး ပြောဆိုနေချိန်မှာပဲ ရှီဟောင်က ရှေးဟောင်းသားရဲမျိုးဆက်တွေကြားက နောက်ထပ် နှိုင်းယှဉ်စရာတွေပေါ်ပေါက်လာတာကို သိလိုက်တာကြောင့် ဒါက အရမ်းကို ကြောက်စရာကောင်းတဲ့ နှိုင်းယှဉ်ချက်တွေဖြစ်ကြောင်း သဘောပေါက်သွားခဲ့ပါတယ်။
မိုးမခနတ်ဘုရားက စကားဆက်လိုက်ပါတယ်။
” ရှေးဟောင်းခေတ်က ဒဏ္ဍာရီလာ သားရဲကြီး .. ဟင်္သာငှက်ကြီး .. လိပ်မြွေနဲ့ တခြား သားရဲကြီးတွေဟာ ကောင်းကင်ကို သွားရောက်ရာ လမ်းကြောင်းရဲ့ မီးလျှံတွင်းနက် ကိုးခုစလုံးကို ဖွင့်လှစ်နိုင်ခဲ့တယ် .. ကောင်းကင် မီးလျှံ တွင်းနက် ဆယ်ခု အထိ တည်ဆောက်နိုင်သူကတော့ ဘုရင်တကာဘုရင့် .. အထွတ်အခေါင်တကာရဲ့ အထွပ်အထိတ်က ပုဂ္ဂိုလ်ကြီးအဖြစ် ရပ်တည်လာနိုင်ခဲ့ကြတယ် … ဒါမှလည်း လူသားတစ်ယောက်ဟာ ကမ္ဘာတဝ်ခုလုံးရဲ့ သြဇာအာဏာကို ချုပ်ကိုင်ထားနိုင်မှာပေါ့ …။”
ရှီဟောင်ဟာ အရမ်းကို အံ့အားသင့်သွားခဲ့ပါတယ်။ ဒါဟာ လက်ရှိအချိန်မှာ လူသားတွေသိရှိထားတဲ့ သတ်မှတ်ချက်တွေနဲ့ ကျော်လွန်နေတာကြောင့် အရမ်းကို ကြောက်မက်ဖွယ်ရာကောင်းနေမှာ ဖြစ်ပါတယ်။
” တောင်တန်းဒေသထဲမှာ နေထိုင်ရတာက အရမ်းကို ခက်ခဲကြမ်းတမ်းလွန်းတယ် .. တကယ့် ပါရမီရှင်ဆိုတဲ့ အစွမ်းထက်သူတွေကို တွေ့ရဖို့ကလည်း မဖြစ်နိုင်သလောက်ပဲ .. စစ်မှန်တဲ့ ကျင့်ကြံသူတစ်ယောက်ဟာ အင်အားကြီးတဲ့ သားရဲကြီးတွေနဲ့ သေခြင်းရှင်ခြင်း တိုက်ပွဲတွေကိုပဲ တိုက်နေလို့မရဘူး … ဒီမှာပဲ ဆက်နေနေရင် မင်းရဲ့ လေ့ကျင့်မှုကို ထိခိုက်စေနိုင်တယ် ..။”
” မိုးမခနတ်ဘုရား .. ခင်ဗျားမှာ နည်းလမ်းရှိလား ..။”
ရှီဟောင်ဟာ ကျောက်ခေတ်ရွာ ဂါးဒီးယန်း ဝိညာဉ်တော်ရဲ့ ဆိုလိုရင်းကို ကောင်းကောင်းသဘောပေါက်သွားပါတယ်။
” ငါ .. ပြောခဲ့ဖူးပါတယ် .. ဒီတစ်ခေါက် ငါ နိုးထလာရင် မင်းကို လျှို့ဝှက်ဆန်းကြယ်တဲ့ ကမ္ဘာတစ်ခုကို ပြပေးမယ်ဆိုတာ .. မင်း .. ဆန္ဒရှိရဲ့လား .. မင်းရဲ့ အစ်ကို၀မ်းကွဲ ရှီရီကိုလည်း ကြိုပြီး တွေ့ခွင့်ရနိုင်တယ် … ဒါပေမဲ့ အဲ့ဒါက စစ်မှန်တဲ့ တွေ့ဆုံခြင်းတော့ မဟုတ်သေးဘူး ..။”
” စိန်လိုက်လေ .. ကြာသလားလို့ ..။”
ရှီဟောင်ဟာ ပြတ်သားစွာပဲ ခေါင်းညိတ်လိုက်ပါတယ်။
***