သုခကမ္ဘာက ရှီဟောင် - Chapter - 162 နို့သောက်ရတာကို အချစ်ဆုံးပဲ
Chapter – 162 နို့သောက်ရတာကို အချစ်ဆုံးပဲ
ရှီဟောင်ရဲ့ အပြုအမူက လူတိုင်းကို အာစေ့သွားစေခဲ့တယ်။ သူဟာ အမှန်တကယ်ပဲ မဖြစ်နိုင်တာတွေကို အောင်မြင်ပြီး လူအားလုံးကို ပါးစပ်ပိတ်သွားစေခဲ့ပါတယ်။ မိုးကောင်းကင်ရဲ့ အောက်မှာ ယုတ္တိတန်တဲ့ ဖြစ်ရပ်တွေ ဘယ်ရောက်သွားကြတာလဲ။
သူဟာ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေထဲက လမ်းကြောင်းတစ်ခုလောက်ပဲ သိထားခဲ့တယ်။ အရင်တုန်းက ဘယ်သူက နတ်ဘုရားနယ်မြေထဲမှာ ကောင်လေးကို ထိုးကြိတ်ဖို့ စိတ်ကူးရဲတော့မှာလဲ။ ဘယ်လောက် ငြီးငွေ့စရာကောင်းလိုက်တဲ့ဖြစ်ခြင်းလဲ။ ဒီလိုမျိုး သေးငယ်လွန်းလှတဲ့ ကောင်လေးတစ်ယောက်က ထွက်ပေါ်လာပြီး အဖိုးတန်အရိုးကို ရယူသွားခဲ့တယ်။
လူအားလုံးဟာ ပစ်ပစ်နှစ်နှစ်ကို ကျိန်ဆဲလိုက်ကြတယ်။
” သောက်ကလေးတစ်ယောက်က အစွန်းရောက် နယ်မြေအစိတ်အပိုင်းတစ်ခုရဲ့ အတားအဆီးကို ချိုးဖျက်နိုင်ခဲ့တယ် … ငါ လှည့်စားခံလိုက်ရတယ်လို့ ဘာဖြစ်လို့ ခံစားနေရတာလဲ … ဒါပေမဲ့ အဲ့ဒါက ငါးစာချိတ်ထားတဲ့ ထောင်ချောက်တွေ ဘယ်လောက်များများဖြစ်နေမလဲဆိုတာ ငါတို့ မသိနိင်ဘူးလေ …။”
” ကလေးတစ်ယောက်ကတောင် စံချိန်တစ်ခုကို ချိုးဖျက်ပစ်နိုင်တယ် .. ဟင်းလင်းပြင် နတ်ဘုရားနယ်မြေက အမှားအယွင်း တစ်ခုခုရှိနေတာလား … ငါ နည်းနည်းလေးလောက် ပိုကြိုးစားသင့်တယ် .. နောက်ထပ် ရက်အနည်းငယ်လောက်ဆို ငါ ပိုကောင်းလာမလားဆိုတာ ပြောမရဘူးလေ ..။”
ရှီဟောင်ဟာ သူ့ရဲ့လက်ထဲမှာ အဖိုးတန် အရိုးကို ဆုပ်ကိုင်ထားတယ်။ သူ့ရဲ့စိတ်ထဲမှာတော့ ၀မ်းသာစိတ်တွေနဲ့ ပြည့်နှက်နေတယ်။ သူ့ရဲ့ လက်ထဲက အဖိုးတန်အရိုးဟာ အဖြူ ရောင် သင်္ကေတတွေ ထွန်းလင်းလို့နေတယ်။ နောက်ပြီး အစွမ်းထက် သင်္ကေတတွေဟာ လောင်ကျွမ်းလို့နေတာပါ။ ထိုအရာကိုကြည့်ရတာဟာ အဖိုးတန်အရိုးဟာ ထူးခြားတဲ့ အရာတစ်ခုဖြစ်ကြောင်း သိနိုင်တယ်။
” ကလေး .. ငါတို့ အစောပိုင်းတုန်းက သဘောတူညီထားတာ ရှိတယ်မလား … မင်း အောင်မြင်သွားရင် အဖိုးတန် အရိုးအတွက် ငွေအမြောက်အများပေးပြီး အရောင်းအ၀ယ်လုပ်မယ်ဆိုတာကိုလေ ..။”
အိုမင်းနေပြီဖြစ်တဲ့ အကြီးအကဲတစ်ယောက်က ရှီဟောင်ဆီကို လျှောက်လှမ်းလို့လာခဲ့တယ်။
“ဘယ်အချိန်တုန်းက ခင်ဗျားနဲ့ သဘောတူခဲ့လို့လဲ … ကိုယ့်ဘာသာ အရင်ဆုံး စစ်ဆေးကြည့်ဖို့ လိုနေသေးတယ် .. ကိစ္စမရှိဘူး ..။”
ရှီဟောင်က ငြင်းဆန်လိုက်တယ်။
အကြီးအကဲကြီးက လက်လျှော့အရှုံးမပေးသေးပဲ ပြောလိုက်တယ်။
” ကောင်လေး .. မင်း ဝိညာဉ်အပိုင်းအစက ဘာလဲဆိုတာ မသိချင်ဘူးလား .. ငါ ပြောပြပေးမယ် ..။”
” ကျွန်တော် အခုနားထောင်ဖို့ အချိန်မရှိသေးဘူး .. ကျွန်တော် အဖိုးတန်အရိုးကို အရင်ဆုံးလေ့လာစမ်းစစ်ရမယ် …။”
ရှီဟောင်ရဲ့ အာရုံတဝ်ခုလုံးက သူ့ရဲ့ အဖိုးတန် အရိုးပေါ်မှာ ကျရောက်နေပြီး ခေါင်းတောင် မမော့လာခဲ့ပါဘူး။
ဆိုးသွမ်းဟန်ရတဲ့ ကလေးကြောင့် အကြီးအကဲကြီးကို အရမ်းစိတ်ဆိုးသွားစေခဲ့တယ်။ အစောပိုင်းတုန်းက ကောင်လေးဟာ သူ့ဆီကနေ အကူအညီတောင်းခဲ့ပေမဲ့ သူက လျစ်လျူ ရှုခဲ့တယ်။ လက်ရှိမှာ သူက လိုလိုလားလားနဲ့ ဝိညာဉ်အစိတ်အပိုင်းဟာ ဘာလဲဆိုတာကို ပြောပြဖို့ ကမ်းလှမ်းလိုက်ပေမဲ့ ရှီဟောင်ရဲ့ လျစ်လျူ ရှုတာကို ပြန်ခံစားလိုက်ရပါတယ်။
” ကလေး .. မင်း ငါ့ရဲ့ လက်နက်ကို ဖျက်စီးလိုက်တယ်လို့ မထင်ဘူးလား .. အဲ့ဒီအတွက် အဖိုးတန်အရိုးကို ငါ့ဆီကို ပြန်ရောင်းသင့်တယ်လို့ရော မတွေးမိဘူးလား ..။”
” ဘာလဲ .. ဦးလေးက တူကြီးကိစ္စနဲ့ပတ်သက်ပြီး အစာမကြေတာလား ..။”
ကောင်လေးဟာ ချက်ချင်းပဲ သူ့ရဲ့ခေါင်းကိုမော့ပြီး မေးလိုက်တယ်။
သက်လတ်ပိုင်း လူကြီးက သူ့ရဲ့နဖူးကို ပြန်ရိုက်လိုက်တယ်။
” မင်းကို ငါ ပြောရဦးမယ် .. အရောင်းအ၀ယ်ကိစ္စက တူကြီးနဲ့ မပတ်သက်ပါဘူး ..။”
” တူကြီးက ဦးလေးရဲ့ လက်နက်မဟုတ်ဘူးလား … ဦးလေးနဲ့ လက်နက်မဟုတ်ရင် ဘာလို့ ကျွန်တော့်ကို ငှားနေသေးတာလဲ .. ဒါ့အပြင် ဦးလေးက တူကြီးနဲ့ မပတ်သက်ဘူးလို့တောင် ဘာလို့ ပြောနေရသေးတာတုန်း ..။”
ရှီဟောင်ဟာ အတော်လေးကို စိတ်ရှုပ်ထွေးသွားခဲ့တယ်။
” သောက်လခွမ်း .. ချီးထုတ်လေးကတော့လား ..။”
သက်လတ်ပိုင်း လူကြီးက မျက်နှာနီရဲလာတဲ့အထိ ဒေါသထွက်လာခဲ့တယ်။
လူတွေအားလုံးဟာ ရယ်မောလိုက်ကြတယ်။
ထို့နောက်မှာ လူအားလုံးရဲ့ စိတ်ထဲမှာ မယုံနိုင်လောက်အောင် အလျှင်လိုလာခဲ့တယ်။ သူတို့ဟာ ကောင်းကင်ကနေ ယုတ္တိမတန်တဲ့အဖြစ်ကို မြင်နေသလိုမျိုး ခံစားနေရပေမဲ့ ရှီဟောင်ရဲ့ လက်ထဲက တောက်ပတဲ့ အရိုး သင်္ကေတအပိုင်းအစတွေကို ငေးကြည့်နေကြပြီး မသိမသာ ဝိုင်းရံထားလိုက်ကြတယ်။
ရုတ်တရက်ဆိုသလိုပဲ အားလုံးရဲ့ ရှေ့မှာ အခိုးအငွေ့တွေ လွှမ်းခြုံရစ်သိုင်းနေတဲ့ ကျောက်ပြားတစ်ချပ်ထွက်ပေါ်လာခဲ့တယ်။ ကျောက်ပြားရဲ့ မျက်နှာပြင်ပေါ်မှာ ရုပ်ပုံတွေ ပေါ်လာတယ်။ ရုပ်ပုံတွေဟာ တေက်ပတဲ့ အလင်းတွေ ဖြာထွက်နေပြီး ဆူညံတဲ့အသံတွေကို ဖြစ်စေခဲ့တယ်။
” စတင်ခြင်း နယ်မြေလမ်းကြောင်းကို ဖြိုဖျက်လိုက်တဲ့ ဆုလာဒ်က မူလစွမ်းအားရှိတဲ့ အဖိုးတန်အရိုးတစ်ချောင်းပဲ ဖြစ်တယ် ..။”
ထိုချစ်စရာကောင်းပြီး ရဲရင့်ဟန်ရတဲ့ ရုပ်ပုံတွေဟာ အဆက်မပြတ် တုန်ခါနေကြပြီး မယုံနိုင်စရာတောက်ပထွန်းလင်းနေတာကြောင့် ကောင်းကင်တစ်ခုလုံး လင်းထိန်နေတယ်။ ကျောက်ပြားကြီးရဲ့ အရှေ့မှာ ရှိနေတဲ့ လူအားလုံးဟာ ဓားအစင်းပေါင်း ၁၀,၀၀၀ နဲ့ တိုက်ခိုက်ခံလိုက်ရတဲ့အလား တုန်လှုပ်သွားခဲ့ကြတယ်။
” သူက အမှန်တကယ်ကို စံချိန်သစ်တင်နိုင်ခဲ့တာပဲ … ဟင်းလင်းပြင် နတ်ဘုရား နယ်မြေက ဒါကို မှတ်တမ်းတင်လိုက်ပြီး ကောင်းကင်အောက်က လူတွေအားလုံးကို အသိပေးလိုက်တာပဲ ..။”
လူအားလုံးက တစ်ယောက်နဲ့တစ်ယောက် တအံ့တသြ ဆွေးနွေးလိုက်ကြတယ်။
” တကယ်ပါပဲကွာ .. ကောင်လေးက ချက်ချင်းကို ကျော်ကြားလာပြီး ရုတ်ရုတ်သဲသဲဖြစ်လာအောင် ကြီးကြီးမားမား လုပ်ပစ်လိုက်တာပဲ …။”
လူတွေအားလုံးဟာ စိတ်ဆိုးဒေါသထွက်နေတဲ့ ခံစားချက်ကို ရလိုက်ကြတယ်။
ကျောက်ပြားကြီးဟာ အရောင်အဝါတွေ ထွန်းလင်းစွာနဲ့ပဲ ရှီဟောင်ရဲ့ အနားကို ကပ်လာခဲ့တယ်။ သူက အနားရောက်လာတဲ့ကျောက်ပြားကြောင့် အရမ်းကို စိတ်ရှုပ်ထွေးသွားစေပြီး တီးတိုးပြောလိုက်တယ်။
” မင်းလာတာတော့ ဟုတ်ပါပြီ .. ငါ့ရဲ့ အရိုးသုံးခုက ပျောက်နေတုန်းပဲကွ ..။”
လူအားလုံးဟာ ရူးသွပ်သွားတော့မလား ခံစားလိုက်ရတယ်။ ဒါက ဘယ်လောက်များ အရေးကြီးနေလို့လဲ။ လက်ရှိအချိန်က အရိုးပျောက်တာကို စိုးရိမ်ပူပန်နေရမှာတဲ့လား..။
” မင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ကျောက်ပြားပေါ်မှာ ပြည့်ပြည့်စုံစုံ ရေးထွင်းလိုက် …။”
၀ိညာဉ်ငှက်ကို ပခုံးပေါ်မှာ တင်ထားတဲ့ အဘိုးအိုက ရှီဟောင်ကို သတိပေးလိုက်တယ်။
” ကျေးဇူးတင်ပါတယ် … ငှက်သခင် အဘိုး ..။”
” ရတယ် … သွား .. သွား ..။”
အဘိုးအိုက အရမ်းကို ဒေါသကြီးနေပြီး သူ့ရဲ့ မုတ်ဆိတ်ကို ပွတ်သပ်လိုက်တယ်။
ရှီဟောင်ဟာ ကျောက်ပြားရှေ့မှာ ရပ်ပြီး ခေါင်းကုတ်လိုက်ပါတယ်။ သူ့အတွက် အရာအားလုံးဟာ အသစ်အဆန်းတွေ အထူးအဆန်းတွေဖြစ်နေပြီး ဘာရေးရမှန်းကို မသိနိုင်အောင် ဖြစ်နေခဲ့တယ်။ ထို့ကြောင့် သူဟာ ဘာမှမရေးနိုင်သေးပဲ အချိန်အကြာကြီး ရပ်တန့်နေမိတယ်။
” ကလေးလေး … မင်းရဲ့ အစစ်အမှန်အကြောင်းအရာတွေကို ရေးဖို့ မလိုပါဘူး … မင်း သဘောကျတဲ့ .. မင်း နှစ်သက်တဲ့အရာလိုမျိုး လိုချင်တာ တစ်ခုခုကို ချရေးလိုက်လည်း ရတယ် ..။”
ကြင်နာတတ်တဲ့ မိန်းမပျိူ လေးဟာ သူ့ကို သတိပေးလာခဲ့တယ်။
ရှီဟောင်ဟာ အရမ်းကို ပျော်ရွှင်သွားပြီး လက်ကို မြှောက်လိုက်တယ်။ သူ့ရဲ့ လက်ထဲက စုတ်တံဟာ ညင်သာစွာ လှုပ်ရှားသွားခဲ့ပြီး ထိပ်ဆုံးနေရာကနေ စကားလုံး ငါးလုံးဟာ ချောချောမွေ့မွေ့ ပေါ်ထွက်လာပါတယ်။
” နို့သောက်ရတာကို အချစ်ဆုံးပဲ …”
ရှီဟောင်ရေးလိုက်တဲ့ စကားလုံးတွေဟာ ကျောက်ပြားပေါ်မှာ စွဲထင်သွားပြီး ချက်ချင်းပဲ အရောင်အဝါနဲ့ စွမ်းအားသင်္ကေတတွေ လွှမ်းခြုံသွားခဲ့တယ်။
လူအားလုံးဟာ ရုတ်ချင်းပဲ ကျောက်ဖြစ်သွားတဲ့အလား တောင့်တင်းသွားကြပါတယ်။
” ဘာဖြစ်နေတာလဲ ..။”
မိန်းမပျိုလေးဟာလည်း တစ်ခုခုမူမမှန်ဖြစ်သွားတာကို သတိထားမိလိုက်တယ်။
သိပ်မကြာခင်မှာပဲ လူအားလုံးဟာ တဝါးဝါးတဟားဟား ရယ်မောလိုက်ကြပြီး ပါးစပ်ကို မပိတ်ထားနိုင်ကြတော့ပါဘူး။ တစ်ချို့လူတွေဟာ သူတို့ရဲ့ ဗိုက်ကို လက်နဲ့ ဖိထားပြီး ခါးကိုင်းသွားတဲ့အထိ ရယ်မောနေကြရတယ်။
” ဒါက တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ … ဟီ … ဟဲ ..။”
” လူမိုက်လေး .. နို့ မသောက်ပဲကို မနေနိုင်ဘူးလား ..။”
လူအားလုံးဟာ သူတုိ့ရဲ့ ရယ်မောလိုစိတ်ကို မတားဆီးနိုင်ခဲ့ကြတော့ပါဘူး။
” ကျောက်ပြားက နာမည်ရေးဖို့ပဲ … နောက် နင် ကြိုက်တဲ့အရာတစ်ခုကို ဖြည့်ပေးဖို့ ဒါမှမဟုတ် အကြိုက်ဆုံးအရာတစ်ခုကို ရေးလိုက်ရုံပဲလေ …။”
မိန်းမပျိုလေးဟာ အရမ်းကို ရှက်ရွံ့သွားတာကြောင့် သူ့ရဲ့မျက်နှာလှလှလေးဟာ မည်းမှောင်သွားခဲ့တယ်။ ထို့ကြောင့် သူဟာ ဆက်ပြောလိုက်တယ်။
” ငါ ပြောချင်တာက နင့်ရဲ့ နာမည်အစစ်အမှန်ကို ရေးစရာမလိုဘူးရယ် .. နင် အရမ်းကို တန်ဖိုးထားတဲ့ ရှေးဟောင်းပစ္စည်း၊ နတ်ငှက် ဒါမှမဟုတ် သားရဲတစ်ကောင်ကောင်နဲ့ အစားထိုးနိုင်တယ်လေ … ”
” ကျွန်တော် ပြောင်းလို့ ရသေးလား …။”
ရှီဟောင်ရဲ့ မျက်နှာဟာ နာကျင်နေဟန်နဲ့ ခပ်တိုးတိုးမေးလိုက်တယ်။
လူအားလုံးဟာ တစ်ပြိုင်နက်ပဲ အသံကျယ်ကျယ်နဲ့ အော်ပြောလိုက်ကြတယ်။ ဘယ်လိုကြည့်ကြည့် လူအားလုံးဟာ ကောင်လေးကို ကြည့်ပြီး ရယ်နေကြတာဖြစ်ပါတယ်။
ရှီဟောင်ဟာ တော်တော်များများ နစ်နာသလ်ို ဖြစ်သွားတာကြောင့် အရမ်းကို ရှက်သွားပါတယ်။ သူဟာ နို့သောက်ရတာ ကြိုက်တဲ့သူအဖြစ် နာမည်တွင်သွားပြီဖြစ်တာကြောင့် နောင်အနာဂတ်မှာ ဘယ်လိုလုပ်ပြီး မျက်နှာ ပြရဲပါတော့မလဲ။
” မင်း ဆက်ရေးမယ်ဆိုလည်း မြန်မြန်ရေးတော့ .. တခြား ရုပ်ပုံတွေလည်း ပျောက်လာပြီ ..။”
တစ်ယောက်ယောက်က သူ့ကို တိုက်တွန်းလိုက်ပါတယ်။
ကျောက်ပြားကြီးက အရောင်တောက်နေဆဲဖြစ်သလို ရှီဟောင်လည်း ရပ်တန့်နေဆဲဖြစ်တယ်။ သူဟာ တခြားသော စကားလုံးတွေကို ရေးထွင်းဖို့ အေးအေးဆေးဆေး ပဲ ဖြစ်နေခဲ့တယ်။ လက်ရှိအချိန်မှာတော့ သူဟာ အချိန်အကြာကြီးတွေးတောနေပြီးမှ ဖြစ်သလိုလည်း မရေးရဲတော့ပါဘူး။
” ကောင်လေး … မင်း အစွန်းရောင် နယ်မြေကို ဘယ်လိုဖြတ်သန်းခဲ့တာလဲ .. အဲ့ဒါကို ရေးလည်း ရတယ် … ”
သက်လတ်ပိုင်း လူကြီးတစ်ယောက်က ပြောလိုက်တယ်။
သည်တစ်ကြိမ်မှာတော့ သူတို့ဟာ ရယ်မောခြင်းတွေ မလုပ်တော့ပါဘူး။ ကောင်လေးက ဘယ်လို နက်နဲတဲ့အရာကို တောင်းဆိုမလဲဆိုတာကို လေးနက်စွာ စောင့်မျှော်နေကြတယ်။
” ထူးကဲသော အမြန်နှုန်း …။”
ရှီဟောင်ဟာ စာလုံးနှစ်လုံးကို လျှင်မြန်စွာပဲ ချရေးလိုက်တယ်။
” ဒီတစ်ခါတော့ အမှားမရှိလောက်တော့ပါဘူး ..။”
သူဟာ တိတ်တိတ်ဆိတ်ဆိတ်ပဲ ကိုယ့်ကိုကိုယ် ပြန်ပြောလိုက်ပါတယ်။
လူတစ်ယောက်က ခေါင်းညိတ်ပြီး ပြောလိုက်တယ်။
” မှန်တယ် .. မှန်တယ် .. တကယ်လို့ ဒါက အမှန်ပဲဆိုရင် ဟင်းလင်းပြင်နတ်ဘုရား နယ်မြေက မင်းကို နောက်အခါမှာ အကာအကွယ် တစ်ချို့ပေးလိမ့်မယ် … ပြီးရင်တော့ မင်းက အရည်အချင်းပြည့်မီတဲ့သူအဖြစ် စတင်နိုင်လိမ့်မယ် …။”
” နောက်အဆင့်တွေမှာ တစ်ခုခုရှိနေသေးတာလား ..။”
ရှီဟောင်ရဲ့ မျက်လုံးတွေက ပြူ းကျယ်လာခဲ့တယ်။
ဒါဟာ အလိမ်အညာတွေဆိုရင်တောင် ဘာတစ်ခုမှ အကျို းယုတ်သွားတာမျုိးမရှိနိုင်ပါဘူး။ ကိုယ့်ကိုကိုယ် အဆက်မပြတ် ဂရုစိုက်ပြီးနေရင်တောင် တခြားသူတစ်ယောက်ယောက်က ကိုယ့်ရဲ့ အထူးပြုအရာတွေကို ရယူပြီး ဒေါသထွက်စေနိုင်တဲ့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့တယ်။
ရှီဟောင်က မူးဝေသွားပြီး သူ့ရဲ့မျက်နှာလေးကလည်း မဲ့သွားခဲ့တယ်။
ထိုအချိန်မှာပဲ စတင်ခြင်း နယ်မြေမှာသာမကပဲ အဆင့်မြင့်စွမ်းအင်အဆင့် နယ်မြေတွေထဲမှာ ကျောက်ပြားတွေ ပေါ်ထွက်လာခဲ့တယ်။ ပြီးတော့ ကျောက်ပြားပေါ်မှာလည်း တောက်ပတဲ့ အလင်းတန်းတွေနဲ့ စာတန်းအနည်းငယ်လည်း ဖြစ်တည်လာတယ်။
” မှန်တယ် .. တစ်ယောက်ယောက်က စံချိန်ချိုးဖြတ်သွားပြီ …။”
” သူက ဘယ်လို လူစားမျိုးလဲဟ .. ဘယ်နယ်နိမိတ်ကိုများ ချိုးဖြတ်သွားနိုင်ခဲ့တာလဲ …။”
***