သုခကမ္ဘာက ရှီဟောင် - Chapter - 165 အကြမ်းအရမ်း တိုက်ခိုက်ခြင်း
Chapter – 165 အကြမ်းအရမ်း တိုက်ခိုက်ခြင်း
ထိုအနီရောင်အလင်းတန်းတွေဟာ သားရဲဆိုးငှက်တစ်ကောင်ရဲ့ အမွေးအတောင်တွေဖြစ်ပြီး ကောင်းကင်တစ်ခုလုံး လွှမ်းခြုံနေခဲ့တယ်။ လူငယ်ဦးဆောင်တဲ့အဖွဲ့ဟာ ဟောင်ကို သေစေလိုတဲ့ စိတ်တွေ အမှန်တကယ်ရှိနေပြီး သူ ထွက်မပြေးနိုင်အောင် လေးဖက်လေးနံကနေ ပိတ်ဆို့ထားလိုက်ကြတယ်။
လူတွေဟာ ပျံသန်းလို့နေတဲ့ အနီရောင် အမွေးအတောင် ၁၈ချောင်းကို ကြည့်ပြီး အေးအေးဆေးဆေးရယ်မောနေကြပါတယ်။ သူတို့တွေဟာ အရမ်းကို အင်အားကြီးမားတဲ့ ကလန်ကြီးတွေက ကျင့်ကြံသူတွေရောက်ရှိလာမယ်ဆိုတာ ကြိုတင်သိနေတာကြောင့် ထိုဟာကလည်း အရမ်းကို စွမ်းအားကြီးမားတဲ့ အဖိုးတန် ရှေးဟောင်းပစ္စည်းတစ်ခုသာ ဖြစ်ပါလိမ့်မယ်။
ဟောင်ရဲ့ မျက်လုံးတွေက အရမ်းကို တောက်ပလာခဲ့တယ်။ သူ့ကို လွှမ်းခြုံလာခဲ့တဲ့ အနီရောင် အမွေးတောင်တွေရဲ့ စွမ်းအားသင်္ကေတတွေကို လက်ဝေ့ရမ်းပြီး တုန်ခါသွားစေခဲ့တယ်။ ဟောင်ရဲ့ လက်ထဲကနေ တောက်ပတဲ့ ငွေရောင်အလင်းတန်းတွေဟာ ရုတ်တရက်ဆိုသလို ပေါက်ကွဲထွက်သွားပြီး ထူးဆန်းတဲ့ အနီရောင်အလင်းတန်း ၁၈ ခုဆီကို တိုး၀င်သွားခဲ့တယ်။
ထိုဟာက အရမ်းကို ကြောက်မက်ဖွယ်ရာကောင်းသော ဖြစ်ရပ်တစ်ခုဖြစ်တယ်။ လူအားလုံးကလည်း တွေဝေမိန်းမောလို့ သွားခဲ့ကြပြီလေ။
” ဒီလိုမျိုး အစွမ်းထက်တဲ့ ရှေးဟောင်း အဖိုးတန်ပစ္စည်း .. ဒါက အရမ်းကို ကျော်ကြားပြီး ကြီးမားတဲ့ ကလန်ကြီးတွေနဲ့ ဆက်စပ်နေတယ် .. ဒီလိုမှမဟုတ်ရင် သာမန်လူတစ်ယောက်က ဘယ်လိုလုပ်ပြီး သုံးနိုင်မှာလဲ ..။”
လူအားလုံးရဲ့ အမူအယာတွေဟာ လေးနက်လာခဲ့တယ်။ တစ်ချို့သော အင်အားကြီး ကလန်တွေက ဟောင်ရဲ့ အဖိုးတန်အရိုးကို လုယူတာဟာ လူတွေကို အရမ်းစိတ်လှုပ်ရှားစေပြီး ကြည့်ရတာထိုက်တန်တယ်လို့ ခံစားရစေပါတယ်။
ဟောင်ရဲ့ လက်နှစ်ဘက်ကြားက စွမ်းအားသင်္ကေတတွေဟာ ပိုပိုပြီး သိပ်သည်းလာကာ ဒုတိယမြောက်အနီရောင်အလင်းတန်းဟာ ချက်ချင်းလောင်ကျွမ်းသွားခဲ့တယ်။ ဒီတစ်ကြိမ်ဖြစ်ပေါ်လာခဲ့တဲ့ အသံကြီးတွေဟာ ကမ္ဘာကြီးတစ်ခုလုံးကို ပိုပြီး တုန်ခါစေတယ်။ ထို့နောက်မှာ စွမ်းအားလှိုင်းတွေကလည်း ပိုပိုပြီး ပြင်းထန်လာခဲ့တယ်။
နီရဲနေတဲ့ အမွေးအတောင် ၁၈ခုဟာ ပျံသန်းနေခဲ့ပြီး မီးတောင်တစ်လုံးပေါက်ကွဲထွက်နေသလိုပါပဲ။ ထိုအရာက အရမ်းကို ပူပြင်းလွန်းတာကြောင့် လူအားလုံးဟာလည်း ကြောက်ရွံ့တုန်လှုပ်သွားခဲ့ကြတယ်။ ရှေးဟောင်းအဖိုးတန်ပစ္စည်းတွေဟာ အရမ်းကို ရှားပါးပြီး အလွန်အမင်းကြောက်မက်ဖွယ်ရာကောင်းတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်တယ်။
သာမန်လူတစ်ယောက်ဟာ ထိုအရာနဲ့ ရင်ဆိုင်ရမယ်ဆိုရင် သူ သို့မဟုတ် သူမဟာ ချက်ချင်းပဲ ပြာကျသွားပါလိမ့်မယ်။ ထို့အပြင် ပြိုင်ဘက်ရန်သူဟာ အနီရောင်သားရဲဆိုး အမွေးအတာင် ၁၈ ခုနဲ့ တိုက်ခိုက်နေရတာဖြစ်တယ်။ အဖျက်စွမ်းအားကြီးမားတဲ့ အနီရောင် အမွေးအတောင်တွေဟာ အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားနဲ့ ညီမျှလို့နေတယ်။
လူအားလုံးကို ပိုပိုပြီး တုန်လှုပ်သွားစေတာကတော့ ဟောင်က အမှန်တကယ်ကို ခုခံကာကွယ်နေနိုင်တာကြောင့်ဖြစ်တယ်။ သူဟာ ရှေးဟောင်း အဖိုးတန်လက်နက်ကို အပြင်းအထန် ဆန့်ကျင်တိုက်ခိုက်နိုင်စွမ်း ရှိလို့နေခဲ့တယ်။ စွမ်းအားသင်္ကေတတွေကို ခုခံကာကွယ်နေရာကနေ ပေါ်ထွက်လာတဲ့ အသံတွေဟာ နေရာတိုင်းကို ပဲ့တင်ထပ်လို့ နေပါတယ်။
သိပ့်မကြာခင်က ဟောင်ရဲ့ အဖိုးတန်အရိုးကို လှည့်ပတ်ရယူသွားခဲ့တဲ့ လူတွေကို သူကိုယ်တိုင်ပဲ တိုက်ခိုက်ပြီး လွှင့်စင်သွားစေခဲ့တယ်။ ထိုလူတွေဟာ အရင်တုန်းက တခြားသူတွေက်ို ရယ်မောလှောင်ပြောင်ခဲ့ကြသူတွေဖြစ်တယ်။ သူတို့တွေရဲ့ ကလန်ထဲမှာတော့ သူတို့တွေဟာ အစွမ်းထက်ကျင့်ကြံသူတွေဖြစ်ပါတယ်။ ဟောင်က ဘယ်လောက်အစွမ်းထက်ထက် မိုးကောင်းကင်ကို ပြောင်းပြန်လှန်နိုင်တဲ့သူ ဖြစ်နိုင်ပါ့မလား။
သူတို့တွေရဲ့ မျက်နှာဟာ ရုတ်တရက်ဆိုသလို အေးခဲလာခဲ့ပြီး ရက်စက်လိုစိတ်တွေ ဖြစ်ပေါ်လာခဲ့တယ်။ ဟောင်က သူတို့ရဲ့ အဖျက်စွမ်းအားကြီးမားတဲ့ အဖိုးတန် လက်နက်တွေကို တားဆီးထားနိုင်ခဲ့တယ်လေ။
Chi ..
နီမောင်းနေတဲ့ အလင်းတန်းဟာ ချက်ချင်းပဲတောက်ပလာခဲ့ပြီး ကောင်းကင်ကို မီးလျှံတွေ ဖြာထွက်သွားစေခဲ့တယ်။ အနီးအပါးမှာ အခြေအနေကို စောင့်ကြည့်နေကြတဲ့ လူ လေးယောက်ငါးယောက်ခန့်ကို အလင်းတန်းတွေဟာ ဖောက်ထွင်းသွားခဲ့ပြီး ရုတ်ချည်းပဲ ပြာကျသွားစေပါတယ်။
လူတစ်ချို့ဟာ အရမ်းကို ကြောက်ရွံတုန်လှုပ်သွားခဲ့တယ်။ သို့သော် ဟောင်က သူ့ဆီကို အဆက်မပြတ်ကျဆင်းလာတဲ့ အနီရောင်အလင်းတန်းတွေကို ငွေရောင် အလင်းတန်းတွေနဲ့ တုန့်ပြန်တိုက်ခိုက်ကာကွယ်ထားခဲ့တယ်။
အနီရောင်အလင်းတန်းတွေဟာ ပြန်ပြန်ပြီးဖြစ်ပေါ်လာကာ နတ်ဘုရားအမွေးအတောင် ၁၈ ုခုဟာလည်း ထွန်းတောက်လာကာ တိုက်ပွဲ၀င်လှံတံ၁၈ချောင်းအလား ပျံထွက်လာခဲ့တယ်။ သွေးနီရောင် အမွေးအတောင် ၁၈ချောင်းကနေ ပေါ်ထွက်လာတဲ့ အလင်းတန်းတွေဟာ မိုးကုတ်စက်ဝိုင်းတစ်ခုလုံးကို နီစွေးသွားစေခဲ့တယ်။
ဒန် …
ဟောင်ရဲ့ ခန္ဓာကိုယ်ကနေ လျှပ်စီးကြိုးတွေဟာ ပေါ်ထွက်လာခဲ့တယ်။ ထို့နောက်မှာ သူ့ရဲ့ လက်မောင်းကို ရစ်ပတ်လို့သွားတယ်။ သူဟာ သူ့ဆီကို ၀င်ရောက်လာတဲ့ သွေးနီရောင် အမွေးအတောင် တစ်ချို့ကို ရှေ့တက်ပြီး ထိုးချလိုက်ပါတယ်။
အား…
နာနာကျင်ကျင်အော်ဟစ်သံကြီးတွေပေါ်ထွက်လာပြီး သွေးနီရောင် အမွေးအတောင်တွေကို ထိန်းချုပ်ထားသူတစ်ချို့ဟာ မြေပြင်ပေါ်ကို လဲကျသွားခဲ့ပါတယ်။ ဟောင်ရဲ့ ပြင်းထန်အားပါတဲ့ လျှပ်စီးလက်သီးချက်ဟာ သွေးနီရောင် အမွေးတောင်တစ်ချို့ကို ပျောက်ကွယ်သွားစေပါတယ်။
လူအားလုံးဟာ အရမ်းကို ကြောက်လန့်တကြားဖြစ်သွားခဲ့ရပြန်တယ်။ အင်အားကြီးကလန်တစ်ခုက လူတွေဟာ ရှေးဟောင်း အဖိုးတန်ပစ္စည်းကို ထုတ်သုံးပြီး ဟောင်ကို နှုတ်ပိတ်ချင်နေတာဟာ သူတို့ရဲ့ လုပ်ရပ်ကို ဖုံးကွယ်ထားလိုစိတ်ကြောင့်ဖြစ်တယ်လေ။
” အသက်၀င်လိုက်စမ်း …။”
ဟောင်ရဲ့ မျက်လုံးတွေဟာ အေးစက်သွားခဲ့ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်။
သူရဲ့ လက်တွေကို လှုပ်ခါလိုက်တဲ့အခါမှာ ငွေရောင်စွမ်းအားသင်္ကေတတွေဟာ သူ့ရှေ့မှာ ထွန်းလင်းလာခဲ့ပါပြီ။ ထိုအရာက ကြီးမားလှတဲ့ ငွေရောင်ကြိတ်စက်ကြီးတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကြောက်စရာကောင်းတဲ့အသံတွေကို ဖြစ်ပေါ်စေပါတယ်။
Dang!
သွေးနီရောင်အမွေးအတောင်တွေဟာ ကြီးမားလှတဲ့ငွေရောင်ကြိတ်စက်ကြီး ပေါ်ထွက်လာတာကို မြင်လိုက်ရချိန်မှာ တုန်ခါသွားခဲ့ကြတယ်။ ငွေရောင်ကြိတ်စက်ကြီးရဲ့ လေဝဲဂယက်ထဲ၀င်ရောက်သွားတာနဲ့ ရှေးဟောင်း အဖိုးတန်ပစ္စည်းတွေတောင် တစစီအမှုန့်ကြိတ်ခံရမှာ ဖြစ်ပါတယ်။
လူအားလုံးဟာ အေးစက်တဲ့လေထုကို ရှူ ရှိုက်မိလိုက်တယ်။ ထိုအရာက အဖျက်စွမ်းအားကြီးမားတဲ့ သွေးနီရောင် အမွေးအတောင်တွေကို ပြန်လည်တိုက်ခိုက်နိုင်တာကြောင့် ဟောင်ရဲ့ အဖိုးတန် နည်းစနစ်ကို အ့ံ့သြကုန်ကြပါတယ်။ ထိုဟာက မယုံနိုင်စရာကောင်းသလ်ို ထိတ်လန့်စရာလည်း ကောင်းနေခဲ့ပါပြီ။
Qiang, Qiang …
ကြီးမားလှတဲ့ ငွေရောင်ကြိတ်စက်ကြီးဟာ သွေးနီရောင် အမွေးအတောင်ကို လိုက်လံပြီး ကြိတ်ချေနေပါတယ်။ သူတို့တွေဟာ ပြင်းပြင်းထန်ထန် ပွတ်တိုက်မှုတွေ ဖြစ်ပေါ်လာတိုင်း ဆူနာမီ လှိုင်းလုံးကြီးတွေလို ထိတ်လန့်တုန်လှုပ်ဖွယ် လှိုင်းတွေကို ဖြစ်ပေါ်စေပါတယ်။
” ငါ မှတ်မ်ိပြီ .. တစ်ခါတုန်းက အဆင့်မြင့်နယ်မြေတစ်ခုထဲမှာ အဲ့ဒါကို ငါတွေ့ခဲ့ဖူးတယ် .. ဒါက သွေးနီရောင် တိမ်မင်းသားရဲ့ လက်နက်ပဲ ..။”
တစ်စုံတစ်ယောက်က ရုတ်တရက် ပြောဆိုလာခဲ့တယ်။ သိသာနေတာကတော့ ထိုလူဟာ အဆင့်မြင့်နယ်မြေတွေထဲက စတင်ခြင်းနယ်မြေကို ပြန်လည်ဆင်းလာပုံရပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ သူဟာ ထိုအရာကို သိဖို့မဖြစ်နိုင်ပါဘူး။
” ဘာ … မဖြစ်နိုင်ဘူး .. သွေးနီရောင်တိမ်မင်းသားက ဟင်းလင်းပြင်နတ်ဘုရား နယ်မြေထဲမှာ နာမည်ကြီးတဲ့ လူငယ်ကျင့်ကြံသူတစ်ယောက်ပဲ .. ဒီနေရာကို သူကိုယ်တိုင် ရောက်လာတာလား ..။”
လူအားလုံးက ထိတ်လန့်တုန်လှုပ်စွာ အော်လဟစ်လိုက်ကြတယ်။ လူ အများအပြားဟာ ကြောက်ရွံ့မှုတွေကို မထိန်ချုပ်နိုင်တာကို ကြည့်ခြင်းအားဖြင့် သွေးနီရောင် တိမ်မင်းသားဟာ ဘယ်လောက်ကြောက်မက်ဖွယ်ရာကောင်းလဲဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်တယ်။
” ရှေးဟောင်း အဖိုးတန်ပစ္စည်းတွေက အရမ်းကို အစွမ်းထက်တဲ့ မူလဇစ်မြစ်တွေ ရှိကြတာပဲ .. ဒီသွေးနီရောင် အမွေးအတောင်တွေကလည်း ရှေးဟောင်းသားရဲမျိုးဆက်က ပိုင်ဆိုင်တာ အရမ်းကို ဖြစ်နိုင်တယ် .. သူက ကိုယ်ပိုင် အသက်စွမ်းအားရှ်ိပြီး ဟင်းလင်းပြင် နတ်ဘုရားထဲမှာ ပေါ်ပေါက်လာနိုင်တဲ့ ရတနာတစ်ခုလည်း ဖြစ်ရမယ် ..။”
တစ်ယောက်က ပြောဆိုလာပြန်တယ်။
လက်ရှိအချိန်ထိ ဟောင်က စိုးရိမ်စိတ်တွေ မဖြစ်လာခဲ့ပါဘူး။ သည်နေရာက စတင်ခြင်း နယ်မြေဖြစ်ပါတယ်။ ထိုနေရာကို ကျင့်ကြံမှုအဆင့်မြင့်မားတဲ့ ဘယ်သူတွေပဲရောက်ရှ်ိလာပါစေ သူတို့တွေဟာ သွေးဆင့်ကဲပြောင်းလဲခြင်း နယ်ပယ်ရဲ့ စွမ်းအားတွေကိုသာ ထုတ်ဖော်အသုံးပြုနိုင်အောင် ကန့်သတ်ခံကြရပါလိမ့်မယ်။ ထိုအရာကပဲ ဟင်းလင်းပြင် နတ်ဘုရားနယ်မြေရဲ့ ထူးခြားတဲ့ ဥပဒေသတစ်ခုဖြစ်ပါတယ်။ ထို့ကြောင့်ပဲ ဟောင်က ဘယ်သူပဲ ရောက်လာရောက်လာ အကြောက်အရွံကင်းမဲ့နေတာ ဖြစ်တယ်။
” ဟူးလား .. ။”
ငွေရောင် ကြိတ်စက်ကြီးဟာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလာပြီး သွေးနီရောင်အမွေးအတောင်တွေရဲ့ ကျယ်ပြန့်သွားတဲ့ အခြေအနေပေါ်မူတည်ကာ လိုက်လံကြီးမားလာခဲ့တယ်။ သွေးနီရောင် အမွေးတောင်တွေဟာ ကျယ်ပြန်လာတာကြောင့် သူတို့ကို ကြိတ်ချေပစ်ဖို့ ခက်ခဲပြီး လုံး၀ထိခိုက်မှု အားနည်းတာကြောင့် ဖြစ်တယ်။
” ဒေါင် ..။”
ကြီးမားလှတဲ့ အသံကြီးနဲ့ အတူ ဟောင်က သူ့ရဲ့ ခြေထောက်နှစ်ဖက်စလုံးကို အားယူပြီး မီတာ ၁၀၀ကျော်အထိ ခုန်ထွက်သွားခဲ့တယ်။ သူ့ရဲ့ မျက်လုံးတွေဟာ အရောင်တလက်လက်တောက်လာပြီး လူတစ်ယောက်ကို လှမ်းပြောလိုက်ပါတယ်။
” သောက်ကောင် .. မင်းက အဲ့ဒီနေရာမှာ ပုန်းနေရုံနဲ့ ငါ မင်းကို ရှာမတွေ့တော့ဘူး ထင်နေတာလား ..။”
ဖုန်း …
ဟောင်ရဲ့ လက်ဝါးတွေဟာ အရိပ်တွေဖြစ်ပေါ်လာပြီး ရှေ့ကို ဆုတ်ထုတ်လိုက်ပါတယ်။ ထိုဟာက အစွန်းရောက် နယ်ပယ်ရဲ့စွမ်းအားတွေဖြစ်ပြီး တုန်ဟီးလို့နေတယ်။ အကယ်၍ သူ့ရဲ့ စွမ်းအားသင်္ကေတတွေဟာ ထပ်မံပေါင်းထည့်လိုက်ရင် ဘယ်လောက်တောင် အင်အားကြီးမားလာမလဲ။ သူ့ရဲ့ လက်ဝါးရိုက်ချက်ဟာ ပုန်းကွယ်နေတဲ့ လူငယ်လေးရဲ့ အကာအကွယ်သင်္ကေတတွေကို ချိုးဖဲ့သွားခဲ့ပါတယ်။
Pu!
လူငယ်လေးဟာ လေထဲမှာ လွှင့်စင်သွားခဲ့ပြီး ပါးစပ်ထဲကနေ သွေးတစ်လုပ်အန်ထုတ်လိုက်ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ထဲက အရိုးတွေဟာ တဗြစ်ဗြစ် မြည်သံတွေဖြစ်ပေါ်လာပြီး တစ်၀က်ခန့်ဟာ ကျိုးပဲ့ကုန်ပါတယ်။ သူ့ရဲ့ အရိုးတော်တော်များများဟာ နေရာယွင်းကုန်ကာ ခန္ဓာကိုယ်လည်း အတော်လေးကို အားနည်းသွားစေခဲ့တယ်။
” ဘာတုန်းဟ .. ပျံသန်းနိုင်တဲ့ သွေးနီရောင် အမွေးအတောင်ကို ထိန်းချုပ်သူကို လွှင့်ထွက်သွားစေတာလား ..။”
” ဒါက အရမ်းကို အစွမ်းထက်တဲ့ ရှေးဟောင်း အဖိုးတန် ပစ္စည်းလေ .. အဲ့ဒါတောင် မခံနိုင်ဘူးလား ..။”
” ယား .. သူက သွေးနီတိမ်မင်းသား မဟုတ်ဘူး .. ငါ သူ့ကို အရင်တုန်းက တွေ့ခဲ့ဖူးတယ်လေ ..။”
ချီဖန်းဟာ မြေပြင်ပေါ်ကို လွှင့်စင်ထွက်သွားတဲ့အခါမှာတော့ သွေးနီရောင် အမွေးအတောင် ၁၈ ချောင်းကလည်း သူတို့ရဲ့ တောက်ပမှုတွေ ပျောက်ဆုံးသွားခဲ့ပြီး မြေပေါ်လွှင့်မျောသွားကြတယ်။
ဟောင်က ချက်ချင်းပဲ ပြေးလွှားလာခဲ့ပြီး မျောလွှင့်သွားကြတဲ့ သွေးနီရောင် အမွေးအတောင်တွေကို ထိန်းသိမ်းလိုက်ပါပြီ။ သူတို့တွေဟာ ရုတ်တရက်ဆိုသလိုပဲ ရှေးဟောင်းအဖိုးတန်ပစ္စည်းရဲ့ မူလပုံသဏ္ဍာန်ဖြစ်တဲ့ သွေးနီရောင်ပန်ကာတွေအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ချီဖန်းဟာ သွေးနီရောင်ပန်ကာလက်နက်ရဲ့ အစစ်အမှန်စွမ်းအားအကုန်အစင်ကို အသုံးမပြုနိုင်ခဲ့ပါဘူး။ ထို့အတွက်ကြောင့်ဟာ သူဟာ တစ်ခုချင်းဆီ ခွဲထုတ်ပြီး အသုံးချခဲ့တာဖြစ်တယ်။
” ရပ်လိုက်စမ်း …။”
တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်။ မလှမ်းမကမ်းနေရာကနေ လူတစ်စုပေါ်ထွက်လာပြီး သူတို့အားလုံးဟာ သက်လတ်ပိုင်းအရွယ်တွေ ဖြစ်ကြတယ်။ သူတို့တွေဟာ ဂုဏ်သိက္ခာကြီးမားတဲ့ ကလန်ကြီးတွေရဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ဟာ ထိပ်တန်းအဆင့် ကျင့်ကြံသူတွေဖြစ်တယ်ဆိုတာကို တစ်ချက်ကြည့်ရုံနဲ့ သိသာပါတယ်။
လူတွေအားလုံးဟာ အံ့အားသင့်သွားခဲ့တယ်။ ဘာဖြစ်လို့များ ထိုကဲ့သို့သော အုပ်စုတစ်စုဟာ ရှိနေကြရတာလဲ။ တစ်ချက်မျှကြည့်ရုံနဲ့ သူတို့တွေဟာ ကြီးမားတဲ့ ကလန်တွေက ဆင်းသက်လာတဲ့ အရေးကြီးပုဂ္ဂိုလ်တွေဖြစ်ကြောင်း သိနိုင်ပါတယ်။ ထိုအရာက ဟောင်ရဲ့ လက်ထဲက ထူးခြားဆန်းကြယ်တဲ့ အရိုးကြောင်ု့ဖစ်န်ိုင်ပါတယ်။
” အဲ့ဒီ အဖိုးတန် အရိုးက အရမ်းကို တန်ဖိုးရှိပုံရတယ် .. ပြီးတော့ ဟင်းလင်းပြင် နတ်ဘုရားနယ်မြေရဲ့ လမ်းကြောင်းတစ်ခုကို ထောက်ပံ့ပေးနေတဲ့ အရာလေ ..။”
” အမှန်ပဲ .. ဒါက အတိအကျကို အင်အားကြီးမားတဲ့ ကလန်ကြီးတွေကို တုန်လှုပ်စေလိမ့်မယ် ..။”
လူအားလုံးဟာ သူတို့ရဲ့ ထင်ရာမြင်ရာတွေကို မြန်မြန်ဆန်ဆန် ပြောဆိုလိုက်ကြတယ်။
ထိုလူအုပ်ကြီးက အော်ဟစ်လိုက်ပါတယ်။
” မင်းလက်ထဲက အဖိုးတန် အတောင်တွေကို ငါတို့ဆီကို ပြန်ပေးလိုက်စမ်း …။”
ခေါင်းဆောင်လူကြီးဟာ သူ့ရဲ့ မျက်လုံးနက်တွေနဲ့ စိုက်ကြည့်လိုက်ချိန်မှာ စွမ်းအားသင်္ကေတတွေဟာ ဖြာထွက်လာခဲ့ပါတယ်။
” ညစ်စုတ်တဲ့ လူကြီးတွေ .. ခင်ဗျားကြီးတို့ အာ့လိုပြောရုံနဲ့ ကျုပ်က လက်လွှတ်မယ်ထင်နေတာလား .. ခင်ဗျားတို့ဆီက ကျုပ်လုယူရင်ရော လက်ခံနိုင်ကြမှာလား ..။”
ဟောင်က ရဲ၀င့်စွာပဲ ပြန်ပြောလိုက်တယ်။ စတင်ခြင်း နယ်မြေထဲမှာတော့ မင်းက ကလန်ခေါင်းဆောင် သို့မဟုတ် ရှင်ဘုရင်တစ်ပါး ဖြစ်နေရင်တောင် သွေးဆင့်ကဲပြောင်းလဲခြင်း နယ်ပယ်ရဲ့ စွမ်းအားကိုသာ ထုတ်ဖော်နိုင်ပါလိမ့်မယ်။
” ဝုန်း ..။”
ဟောင်က သွေးနီရောင် အမွေးအတောင်ကို အသက်သွင်းလိုက်ချိန်မှာ လေပြင်းတွေတိုက်ခိုက်လာပြီး ချက်ချင်းပဲ ၁၀ မီတာထိ ရှည်ထွက်လာခဲ့တယ်။
” ဖုန်း ..။”
ဟောင်ရဲ့ အရှေ့မှာရှိနေတဲ့ လူတွေဟာ အရမ်းကို မြင့်မားတဲ့အဆင့်အတန်းတွေရှိပေမယ့်လည်း သူတို့တွေဟာ ကြီးမားတဲ့ ဖိအားဒဏ်ရဲ့သက်ရောက်မှုကို ခံစားလိုက်ရတယ်။ သွေးနီရောင် အမွေးအတောင်တွေက နှစ်ချောင်းဟာ ပျံထွက်သွားခဲ့ပြီး ချီဖန်းတို့ အဖွဲ့ထဲကို ၀င်ရောက်သွားခဲ့တယ်။
ဟောင်က သွေးနီရောင် အမွေးအတောင်တွေကို အသုံးပြူပြီး လူငယ်လေးနှစ်ယောက်ကို မြေပြင်ပေါ် မြန်ဆန်စွာပဲ လှဲသိပ့်လိုက်တယ်။ သိပ်မကြာခင်မှာ သူဟာ လူငယ်တွေရဲ့ ကိုယ်ပေါ်ကို ခြေထောက်တင်ပြီး နင်းထားလိုက်ပါပြီ။
လူအားလုံးဟာ သူတို့မျက်စိရှေ့က မြင်ကွင်းကြောင့် တုန်လှုပ်လို့သွားခဲ့ပြန်တယ်။ လူငယ်လေးတွေဟာ အရမ်းကို အင်အားကြီးမားလွန်းတဲ့ မျိုးဆက်သစ်တွေ ဖြစ်နိုင်တယ်လေ။ သို့သော် သူတို့တွေဟာ လက်ရှိမှာ ဟောင်ရဲ့ ခြေထောက်အောက်မှာ နင်းခြေခံနေရပါပြီ။ ထိုသတင်းသာ ပြန့်နှံ့သွားခဲ့ရင် နယ်မြေဒေသတိုင်းကို ပေါက်ကွဲသွားစေနိုင်တဲ့ သတင်းဖြစ်လာပါလိ့မ်မယ်။
***