သုခကမ္ဘာက ရှီဟောင် - Chapter - 166 အများအပြား လုယက်ခြင်း
Chapter – 166 အများအပြား လုယက်ခြင်း
ဟူး …။
မြေပြင်ဟာ တုန်ခါသွားခဲ့ပါသည်။ ရှီဟောင်ရဲ့ ခြေထောက်အောက်မှာ ရှိနေတဲ့ လူနှစ်ယောက်က အကြောက်အကန် ရုန်းလို့နေသည်။ သူတို့ဟာ လက်တွေကို ဆန့်ထုတ်ထားပြီး ကုတ်ကပ် ရုန်းကန်နေတာကြောင့် ကျောက်သားများသည် ပဲ့ထွက်လာကြသည်။ ထိုအရာက ကြီးမားလွန်းလှသော ရှေးဟောင်းခေတ် သားရဲကြီးနှစ်ကောင်ဟာ သူတို့ရဲ့ ကြောက်မက်ဖွယ်ရာ စွမ်းအားတွေကို အသုံးပြုပြီး ကုန်းရုန်းထရပ်လာသလိုပင် ထင်မှတ်ရပါသည်။
” ဖောင်း … ဖောင်း ..။”
ဟောင်က သူတို့ရဲ့ ကျောပြင်ကို ကြမ်းတမ်းစွာ ဖနောင့်ပေါက်ချလိုက်သံ နှစ်သံထွက်ပေါ်လို့ လာပါသည်။ သူတို့နှစ်ယောက်ရဲ့ နှုတ်ခမ်းထောင့်မှ သွေးစက်များထွက်ကျလာကာ ဖိနှိပ်ထားခြင်း ခံလိုက်ရသည်။ သူတို့နှစ်ယောက်သည် မြေပြင်မှာ ပြားပြား၀ပ်သွားကြကာ တစ်လက်မမျှပင် ရွေ့လျားရဲခြင်း မရှိကြတော့ပေ။
လောကကြီးတစ်ခုလုံးဟာ လုံး၀ကို တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ထိုသူများဟာ စတင်ခြင်းနယ်မြေကို ရောက်ရှိလာချိန်မှစပြီး မောက်မာ၀င့်ကြွားသော ဟန်ပန်အမူအယာများ အရ သူတို့ဟာ အင်အားကြီးမားသော ကလန်ကြီးများမှဆိုသည်ကို သိရှိနိုင်ပါသည်။ ထိုအရာက သူတို့ကို မည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုရန်ပင် မလိုအပ်ခဲ့ပါ။ သူတို့တွေသည် သေချာပေါက် အင်အားကြီးမားသော ကလန်ကြီးများမှ အကြီးအကဲတွေပင် ဖြစ်ရပေမည်။
သို့သော် သူတို့တွေသည် လက်ရှိတွင် ဟောင်ရဲ့ ခြေထောက်အောက်တွင် နင်းချေခြင်း ခံထားကြရသည်။ ထို အရာက အမှန်ပင် အံ့သြစရာကောင်းနေခဲ့ပါသည်။ ထို ရူးမိုက်လှသော ကောင်လေးသည် အမှန်ပင် အင်အားကြီးမားလှပေသည်။
” အာ .. အံ့သြစရာကောင်းလွန်းတယ် .. မှတ်တမ်းမှတ်ရာတွေကို ချိုးဖျက်နိုင်တဲ့ စံချိန်ရှင်တွေက တခြားသူတွေထက် သာလွန်တဲ့ စွမ်းအားတွေ ရှိနေတာပဲ .. ကလေးတစ်ယောက်ကိုတောင် သာမန်အကြည့်တွေနဲ့ တိုင်းတာလို့ မရဘူးပဲ ..။”
အဓိကအားဖြင့် တူဦးလေး၊ ဝိညာဉ်ငှက် အဘိုးအိုတို့ဟာ မျက်ခုံးနှစ်ခု ထိလုသွားမတတ် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူတို့နှင့် အငြင်းပွားပြီး လေကြွားလှသော ကလေးငယ်သည် အမှန်တကယ်ကို ထူးခြားလှပါသည်။ ထိုကဲ့သို့ ထူးခြားလွန်သူအား သူတို့တွေက မှားယွင်းစွာ တွက်ချက်မိခဲ့ပုံရသည်။
ကလေးငယ်များသည် အမှားများကို မကြာခဏပြုလုပ်တတ်သောကြောင့် ဟောင်အတွက်လည်း စိတ်မချရသလို အစဉ်အမြဲ ခံစားနေမိကြသည်။ သူတို့တွေသည် ဟောင်ရဲ့ အခြေအနေက်ို စိုးရိမ်မိသလို အဖိုးတန် အရိုးအား တခြားသူများမှ လုယက်ယူဆောင်သွားကြမည်ကိုလည်း စိုးရိမ်နေကြရသည်။ သို့သော် လက်ရှိ အခြေအနေများအရ သူတို့သည် အလကားသက်သက် စိုးရိမ်ပူပန်စိတ်များသွားကြပုံ ရပါသည်။
ထို ကလေးငယ်လေးသည် အလွန်အမင်းကို အစွမ်းထက်နေခဲ့သည်။ သူ၏ မျက်လုံးများထဲမှ ယုံကြည်မှုကြောင့် လင်းလက်နေသည့် အော်ရာများဟာ လုယက်သူများကို ကြောက်ရွံ့သွားစေသည်မှာ အံ့သြစရာတစ်ခုမဟုတ်ခဲ့ပေ။ သူ၏ အရွယ်နှင့် မလိုက်သော လည်၀ယ်တတ်သိမှုများကြောင့် ထောင်ချောက်များအတွင်းသို့ အလွယ်တကူကျရောက်နိုင်ခြင်းမရှိသည်မှာ အမှန်ပင်ဖြစ်သည်။
” ကလေး .. အဲ့ဒီ နှစ်ယောက်ကို လွှတ်ပေးလိုက်ပါ ..။”
ဟောင်ကို စောင့်ကြည့်နေသူများဟာ ကွဲပြားတဲ့ အမူအယာတွေ ရှိကြသည်။ သူတို့တွေဟာ ဘယ်လောက်တောင် အင်အားကြီးမားတဲ့ ကလန်တွေက ဆင်းသက်လာကြသူ ဖြစ်မလဲ။ သို့သော် သူတို့ထဲက ကလန်အကြီးအကဲ နှစ်ယောက်က မြေပြင်မှာ ဟပ်ထိုးလဲနေပြီး ခြေဖြင့် နင်းထားခံနေရသည်။ အကယ်၍ ထို သတင်းသာ ပျံ့နှ့ံ့သွားခဲ့မည်ဆိုလျှင် သူတို့၏ မျက်နှာများသည် ထားရှိစရာနေများပင် ရှိတောမြည် မဟုတ်ပေ။
ဟင်းလင်းပြင် နတ်ဘုရားနယ်မြေတွင် တစ်ခုတည်းသော ကံကောင်းမှုကြီးမှာ သူတို့နှင့် သက်ဆိုင်သော သတင်းအချက်များနဲ့ မည်သူမည်ဝါများ ဖြစ်သည်ကို ဖုံးကွယ်ထားနိုင်စွမ်း ရှိခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့သော ကံကောင်းမှုမျိုး မရှိခဲ့လျှင် သူတို့တွေဟာ ကလန်အတွင်းမှာပင် လှောင်ပြောင်ရယ်မောခံစရာ လူများဖြစ်လာပေလိမ့်မည်။
” လွှတ်မပေးနိုင်ပါဘူး ..။”
ဟောင်ရဲ့ စကားများဟာ ရိုးရှင်းပြီး တည့်တိုးဆန်လှသည်။ ထို့အတူ စကားလုံးနှစ်လုံးတည်းသာ ဖြစ်သည်။
ဟောင်ကို ၀န်းရံလို့ထားသူများဟာ သူ့ကို အေးစက်စွာ ကြည့်လာခဲ့ကြသည်။ သူဟာ ကလေးအဖြစ်သာ ရှိသေးသော်လည်း ထိုကဲ့သို့ အင်အားကြီးမားလှသော ကလန်ကြီးများကိုပင် စိန်ခေါ်ရဲနေခဲ့ပါသည်။ သူ့ကို အမှန်တကယ်ပင် ဖိနှ်ိပ့်ထားကြရပေတော့မည်။
” ကလေး .. ထွက်သွားလိုက်တော့ .. မင်းကို တောင်းပန်ဖို့လည်း ငါ ပြောလိုက်မယ် ..။”
သက်လတ်ပိုင်း လူကြီးဟာ လေသံအေးအေးနှင့် ပြောဆိုလာခဲ့ပါသည်။
” သူတို့က ငါ့ရဲ့ အဖိုးတန် အရိုးကို ယူချင်နေရုံတင်မဘူး .. ငါ့ကိုလည်း သတ်ပစ်ချင်နေကြသေးတယ် .. နောက်ဆုံးတော့ တောင်းပန်လိုက်ရုံနဲ့ ကျေနပ်နိုင်မယ် ထင်နေတာလား ..။”
ဟောင်ဟာ အရမ်းကို တည်ငြိမ်းအေးဆေးလို့နေသည်။
ဟောင်ရဲ့ ခြေထောက်အောက်က ကျင့်ကြံသူနှစ်ယောက်ဟာ တခြားသူတွေထက် အဆင့်နိမ့်ပြီး အားနည်းပါသည်။ တခြားသူများဟာ တပြိုင်နက်တည်း ရိုက်နှက်ခံလိုက်ကြရသော်လည်း သူတို့နှစ်ယောက်ကတော့ သူ့ရဲ့ ခြေထောက်အောက် ရောက်ခဲ့ကြရသည်။
ထို့အပြင် သူတို့တွေဟာ ကလန်အတွင်းမှာအဆင့်မြင့် ရာထူးများ ရှိကြသလို ကောင်းကင်ကိုပင် သိမ်းပိုက်နိုင်စွမ်း ရှိကြသူများဖြစ်သည်။ သူတို့ရဲ့ အစစ်အမှန်စွမ်းအားများသည် သက်လတ်ပိုင်း လူကြီးသုံးယောက်၏ အောက် ဒုတိယနေရာတွင် ရှိကြလေသည်။ မူလကမ္ဘာတွင် သူတို့၏ ဒေါသကြောင့် လူ ၁၀သန်းကို အလွယ်တကူ သေဆုံးစေနိုင်သော်လည်း လက်ရှိမှာ ဟောင်ရဲ့ ခြောက်ထောက်အောက်တွင် ခါးသက်စွာ ရှိနေကြရသည်။
“ မင်း .. ဘာဖြစ်ချင်တာလဲ …”
သက်လတ်ပိုင်းအရွယ် လူကြီးက မေးလိုက်သည်။ သူ၏ မျက်လုံးများမှာ မှိတ်တုတ်မှိတ်တုတ်အမှတ်အသားများ ပေါ်ထွက်လာခဲ့သည်။ နေနှင့်လတို့၏ အော်ရာများသည် သူ၏မျက်လုံးများအတွင်းပေါ်ထွက်လာပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများသည် လူအားလုံး၏ စိတ်ဝိညာဉ်ကို တုန်လှုပ်စေခဲ့ပါသည်။
” ငါလား .. ငါ .. လျော်ကြေးလိုချင်တယ် .. မင်းတို့ကလန်ရဲ့ အရင်းအမြစ်ဖြစ်တဲ့ အဖိုးတန် နည်းစနစ်ကို ငါ့ကို ပေးရမယ် ..။”
ဟောင်ဟာ ခြင်္သေ့တစ်ကောင်လို ရဲရင့်ပြတ်သားစွာ တောင်းဆိုလိုက်ပါသည်။
လူအားလုံးဟာ ယောက်ယက်ခပ်သွားခဲ့ကြသည်။ ဘယ်လို အင်အားကြီး ကလန်များပင်ဖြစ်ပါစေ .. သူတို့၏ အဖိုးတန်ဆုံး ပိုင်ဆိုင်မှုသည် ကလန်အရင်းအမြစ်ဖြစ်သော အဖိုးတန် နည်းစနစ်ပင် ဖြစ်လေသည်။ ထိုအရာသည် သူတို့ ကလန်ကြီးများ တည်ရှိနေသော အကြောင်းအရင်းဖြစ်သလို အထွတ်အထိပ်ကို ရောက်စေသော အရာလည်း ဖြစ်ပေသည်။
အမှန်တကယ်အားဖြင့် အဖိုးတန်နည်းစနစ်များသည် အလွန်ရှားပါးပေသည်။ သန်းနှင့်ချီသော လူသန်းပေါင်းများစွာရှိနေသည့် ကလန်ကြီးများအတွက်ပင် သူတို့တွင် အခြားစွမ်းရည် နိပ့်ပါးသည့် အဖိုးတန် နည်းစနစ်များစွာ ရှိပါသည်။ သို့သော်လည်း စွမ်းအားအကြီးမားဆုံး အဖိုးတန်နည်းစနစ်ဟာ တစ်ခုတည်းသာ ရှိလေသည်။
ဟောင်ဟာ သူ့ရဲ့ နစ်နာမှု လျောက်ကြေးအဖြစ် သူတို့ကလန်ရဲ့ အရင်းအမြစ်ဖြစ်တဲ့ အဖိုးတန် နည်းစနစ်ကို တောင်းဆိုလိုက်ပါသည်။ ထိုအရာက လူအားလုံးကို အမှန်ပင် ကြက်သေသေသွားစေခဲ့သည်။ သူတို့ဟာ ဘယ်လိုနည်းနဲ့မှ သဘောမတူနိုင်ခဲ့ကြပါ။ သူတို့တွေရဲ့ အမူအယာတွေဟာ မည်းမှောင်လာခဲ့ပြီး သတ်ဖြတ်လိုစိတ်တွေနဲ့ အေးစက်လာခဲ့ပါသည်။
” အာ .. မင်းတ်ို့ဆီမှာ အများကြီးမရှိလို့လား .. ငါ က ငါးကြီးကြီးတစ်ကောင်လောက်တော့ မိပြီ ထင်နေတာ ..။”
ဟောင်က သက်ပြင်းချလိုက်ပါသည်။ ထို့နောက် သူရဲ့ ခြေထောက်အောက်က လူနှစ်ယောင်ကို ငုံကြည့်လိုက်သည်။
ဟောင်ရဲ့ စကားနဲ့ အမူအယာကြောင့် လူအားလုံးဟာ ရယ်ရမလို ငိုမရဖြစ်သွားကြပြီး တစ်ယောက်ကို တစ်ယောက်ကြည့်မိလိုက်သည်။ သူ့ရဲ့ ခြေထောက်အောက်မှာ ရှိနေတဲ့ ကျင့်ကြံသူနှစ်ယောက်ဟာ အရှက်ခွဲခံနေရတာကြောင့် ပြင်းထန်စွာ ဒေါသထွက်နေပြီး အဆုပ်တွေပင် ပေါက်ကွဲထွက်မတတ် ခံစားနေကြရသည်။
ဟောင်ရဲ့ လက်တွေဟာ မြန်ဆန်သွက်လက်စွာပဲ ကျင့်ကြံသူနှစ်ယောက်ရဲ့ ခန္ဓာကိုယ်အနှံ့ ကျရောက်သွားခဲ့ပါသည်။ ထို့နောက်မှာတော့ သူဟာ ကျင့်ကြံနှစ်ယောက်ပိုင်ဆိုင်တဲ့ အရာများကို ကျွမ်းကျင်လျှင်မြန်စွာ ရှာဖွေသိမ်းဆည်းလိုက်ပါသည်။
သူ့ရဲ့ မြန်ဆန်တဲ့ လှုပ်ရှားမှုတွေဟာ စောင့်ကြည့်နေတဲ့သူတွေကို စကားမပြောနိုင်လောက်အောင် ဖြစ်သွားစေခဲ့ပါသည်။
သူက ဘယ်လိုတွေတောင် ကျွမ်းကျင်နေရတာလဲ။ ကလေးတစ်ယောက်ရော ဟုတ်သေးရဲ့လား။ အမေ့ဗိုက်ထဲက လုယက်ခြင်းအတတ်ပညာများ သင်ယူလာခဲ့လေသလား။
“ မင်း…”
ထို လူနှစ်ယောက်လည်း တုန်လှုပ်သွားခဲ့ပါသည်။ သူတို့တွေဟာ အရမ်းကို အဆင့်အတန်းမြင့်မားခဲ့ကြပါသည်။ ပုံမှန်အားဖြင့် သူတို့တွေကို ဘယ်သူမှ မရိုမသေ မလုပ်ရဲကြပါဘူး။ လက်ရှိမှာတော့ ကလေးတစ်ယောက်က သူတို့ကို အမြတ်ထုတ်တာ ခံရသလို ပေါ်တင်ကို လုယက်ခံနေရပါသည်။
အာ .. ဒါက လုယက်တာမှ မဟုတ်တော့တာ … နေ့ခင်းကြောင်တောင်ကြီး ဓားပြတိုက်နေတာပါ။
” ဖူး …။”
ကျင့်ကြံသူနှစ်ယောက်ထဲက တစ်ယောက်ဟာ သွေးတစ်လုတ် အန်ထုတ်လိုက်ပါသည်။
” ခင်ဗျားတို့က အရမ်းဆင်းရဲကြတာပဲ .. အဖိုးတန် ပစ္စည်းများများ ယူလာတော့ .. ဘာဖြစ်သွားမှာ မလို့လဲ .. ကြည့်ဦး .. အသပြာတောင် နည်းနည်းပဲ ယူလာတယ် ..။”
ဟောင်က ခပ်တိုးတိုး ငြီးတွားလိုက်ပါသည်။
လူအားလုံးဟာ မူးဝေလဲကျသွားမတတ် ခံစားလိုက်ရပါသည်။ ဟင်းလင်းပြင် နတ်ဘုရားနယ်မြေဟာ ဝိညာဉ်နယ်မြေဖြစ်တာကြောင့် ထိုကမ္ဘာထဲကို ယူဆောင်လာနိုင်တဲ့ ပစ္စည်းများက အလွန်အမင်း ထူးခြားလှပါသည်။ ဘယ်သူကမှ သူတို့ရဲ့ အဖိုးတန်ပစ္စည်းတွေကို ဖြစ်သလို ယူဆောင်လာခြင်း မရှိကြပါ။ သူတို့ဟာ မတော်တဆ သေဆုံးသွားခဲ့ရင် ဘာမှ လုပ်မရတော့တာကြောင့် ဖြစ်သည်။
တစ်စုံတစ်ယောက်ဟာ ဟင်းလင်းပြင် နတ်ဘုရား နယ်မြေထဲမှာ သူတို့ရဲ့ အဖိုးတန် ပစ္စည်းတွေကို ဆုံးရှုံးသွားခဲ့ရင် အစစ်အမှန်လောကမှာလည်း သူတို့ရဲ့ အဖိုးတန်ပစ္စည်းထဲက စွမ်းအားတွေပါ ဆုံးရှုံးသွားတာနဲ့ တူညီပါသည်။ နောက်ဆုံးမှာတော့ အဖိုးတန် ပစ္စည်းဟာ ဘာမှသုံးမရတော့ပဲ တစတစ ယိုယွင်းပျက်စီးသွားမှာ ဖြစ်ပါသည်။
မနီးမဝေးမှာ ရှိနေတဲ့ အကြွေစေ့ အကြီးအကဲအိုကြီးရဲ့ မျက်နှာဟာ မည်းမှောင်နေခဲ့သည်။ သူဟာ ဘာကြောင့်များ စိတ်ဝိညာဉ် အကြွေစေ့တွေအကြောင်းကို ပြောမိခဲ့ရတာလဲ။ ထို ကောင်လေးရဲ့ မျက်လုံးထဲမှာ ထိုအရာဟာ တောက်ပတဲ့ အတုံးအခဲလောက်ပဲ ထင်မှတ်နေခဲ့တာလား။
” အင်း .. !”
သက်လတ်ပိုင်းလူကြီးဟာ သူ့ရဲ့ ပါးစပ်ကို ဖွင့်ဟလိုက်ပါတယ်။ သူ့ရဲ့ အမတေစွမ်းအားတွေဟာ ခေါင်းထက်မှာ ပေါ်လာခဲ့ပြီး ပန်းတစ်ပွင့်လို ပြောင်းလဲသွားကာ ကောင်းကင်ကို ပြည့်နှက်သွားစေပါတယ်။ မိုးချုန်းသံတွေနဲ့အတူ လျှပ်ပန်းလျှပ်နွယ်များလည်း ဖြစ်ပေါ်လို့ လာခဲ့ပါတယ်။
ကျန်ရှိနေတဲ့ လူကြီးနှစ်ယောက်ရဲ့ အကြည့်တွေဟာလည်း ရေခဲတမျှ အေးစက်လာခဲ့ပြီး သူတို့ခန္ဓာကိုယ်တစ်ခုလုံးဟာ စွမ်းအားသင်္ကေတတွေ လွှမ်းခြုံလို့လာခဲ့ပါတယ်။ ထိုအရာက မိုးကောင်းကင်တစ်ခုလုံးကိုတောင် ထိတ်လန့်တုန်လှုပ်စေနိုင်တဲ့အထိ အဖျက်စွမ်းအားကြီးမားနေခဲ့တယ်။
သက်လတ်ပိုင်းလူကြီးသုံးယောက်ရဲ့ နောက်ပါအခြံအရံများကလည်း ဟောင်ကို အပြင်းအထန်နှိပ့်ကွတ်လိုစိတ်တွေ ကြီးစိုးနေပါတယ်။ သူတို့ဟာ ထိုမုန်းတီးစရာကောင်းလွန်းတဲ့ ကလေးကို အမြန်ဆုံး လက်စတုံးပစ်ချင်နေပါတယ်။
” ခင်ဗျားတို့တွေကို ကျုပ်က ကြောက်မယ်ထင်နေကြတာလား .. ခင်ဗျားတို့တွေ ကျုပ်ကို အဖိုးတန် နည်းစနစ်မပေးဘူးဆိုရင် ခြေထောက်အောက်က နှစ်ကောင်ကို ခေါ်ပြီး ထွက်သွားလို့ရမယ် မထင်နဲ့ ..။”
ဟောင်က အေးစက်စွာ ပြောဆိုလိုက်တယ်။
” သူ့ကို ဖမ်းကြစမ်း ..။”
သက်လတ်ပိုင်းလူကြီးက သူ့ရဲ့ ပါးစပ်ကို ဖွင်လြိုက်ပြီး လျှပ်စစ်မီးတောက်ကဲ့သို့သော အပြာရောင်မီးလျှံတွေကို မှုတ်ထုတ်လိုက်ပါတယ်။ ထိုအရာက လူအားလုံးကို ကြီးမားတဲ့ ဖိအားတွေကို ဖြစ်ပေါ်သွားစေခဲ့တယ်။ ဟောင်ကတော့ မကြာခင်က သူသိမ်းပိုက်လုယူထားခဲ့တဲ့ သွေးနီရောင် အမွေးတောင်ပန်ကာကို အသက်သွင်းလိုက်ပြီး စတင်ရွေ့လျှားလိုက်ပါတယ်။
သို့သော် လူအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်လောက်အောင်ပဲ သွေးပန်ကာလက်နက်က ဟောင်ရဲ့ အရှေ့မှာ အသက်၀င်လာခဲ့တယ်။ ထို့နောက်မှာ ဟောင်က သုံ့ပန်းနှစ်ယောက်ကို ကောက်ကိုင်လိုက်ပြီး ရန်သူတွေကို သတ်ဖြတ်ဖို့ သွေးနီရောင် ပန်ကာကို အမိန့်ပေးလိုက်တယ်။
“ သတိထားကြ!”
လူအားလုံးဟာ သူတို့ရဲ့ ဘက်သားတွေ ထိခိုက်နစ်နာမှာ စိုးရိမ်ကြောက်ရွံ့တာကြောင့် မြန်မြန်ဆန်ဆန် သတိပေးလိုက်ကြတယ်။
ထို စက်ဆုပ်ရွံရှာဖွယ်ရာကောင်းတဲ့ လူလိမ်လူကောက်လေးဟာ သရဲသဘက်ဆန်ဆန်ပဲ လူကြီးနှစ်ယောက်ကို လေထဲမှာ ကိုင်မြောက်ထားပါတယ်။ ပြီးတော့ သူဟာ ပန်ကာဒလက်တစ်ခုလို အဆက်မပြတ် မွှေ့ရမ်းပစ်လိုက်ပါတယ်။ သူ့ရဲ့ ခွန်အားတွေဟာလည်း ဂျင် ၁၀၀,၀၀၀ ၀န်းကျင်ခန့်ရှိတာကြောင့် အသာအယာ လုပ်ဆောင်နိုင်စွမ်း ရှိနေခဲ့တယ်။
” ဟာ .. ဒါက ဘယ်လောက်တောင် ဒေါသထွက်စရာကောင်းလိုက်သလဲ ..။”
” အိုး …။”
” ဖူး …။”
ဟောင်ရဲ့ လက်ပေါ်က သုံ့ပန်းတစ်ယောက်ဟာ သွေးတွေ အန်ထွက်လိုက်ရပြန်တယ်။ သူတို့တွေဟာ ခေါင်းမူးကာ ရီဝေနောက်ကျိလာတဲ့အထိ လှံတံတဝ်ချောင်းလို မွေ့ရမ်းခံကြရတာကြောင့် အသက်လည်း မျော့မျော့လေးသာ ကျန်ခဲ့ပါတယ်။
” သိပ် ဂရုမစိုက်ကြနဲ့ .. တကယ်လို့ လူလိမ်လူကောက်လေးက သူတို့ကို အမှန်တကယ်နာကျင်အောင် လုပ်ခဲ့ရင်တောင် အစစ်အမှန်ကမ္ဘာမှာ လအနည်းငယ်လောက် ပြန်ကုသလိုက်ရုံနဲ့ ကောင်းသွားလိမ့်မယ် ..။”
သက်လတ်ပိုင်းလူကြီးသုံးယောက်ထဲက ခေါင်းဆောင်ကြီးက ကြောက်စရာကောင်းတဲ့အော်ရာတွေကို ထုတ်လွှင့်ရင်း ပြောလိုက်တယ်။
” သတ် …။”
လူတစ်ချို့ဟာ သူ့ရဲ့ အဖိုးတန်နည်းစနစ်ကို တပြိုင်နက်တည်း စတင်အသက်သွင်းလိုက်ကြပါတယ်။ လက်ရှိမှာတော့ အသက်၀င်လာတဲ့ အဖိုးတန်နည်းစနစ်တွေကြောင့် စတင်ခြင်း နယ်မြေဟာ ရောင်စုံစွမ်းအားလှိုင်းတွေကြား နှစ်မြုပ်သွားသလို ထင်မှတ်ရပါတယ်။
” ဟူး ..။”
ဟောင်ရဲ့ ဘယ်ဘက်လက်ပေါ်က စွမ်းအားကြီးမားတဲ့ သင်္ကေတတွေဟာ သူ့လက်မောင်းပေါ်က လျှပ်စီးကြိုးတွေကို အဆက်မပြတ်သွေးသစ်လောင်းပေးနေခဲ့တယ်။ ထိုအရာက သူ့ရဲ့ စွမ်းအားတွေကို မြှင့်တင်ပေးပြီး ဒေါသကြီးသထက် ကြီးမားလာစေခဲ့တယ်။
” ကလန်အကြီးအကဲ .. ကျွန်တော်တို့ လုပ်နေတာ မဟုတ်သေးဘူးနဲ့ တူတယ် .. သူ့ကို တောင်းပန်ပြီး လူတောင်းကြမလား..။”
ကျင့်ကြံသူတစ်ချို့ဟာ စတင်ပြီး ထိတ်လန့်လာခဲ့ကြပါတယ်။
ဟောင်က သူတို့တွေကို လုံး၀ဂရုမစိုက်တော့ပါဘူး။ သူဟာ ချက်ချင်းပဲ လေထဲမှာ လူနှစ်ယောက်ကို သတ်ဖြတ်ပစ်လိုက်ပါပြီ။ ထို့နောက်မှာ လူတွေကြားထဲကို ပစ်လွှတ်လိုက်ပြီး အုံးအုံးကျက်ကျက် အသံတွေကို ဖြစ်ပေါ်သွားခဲ့တယ်။ သုံ့ပန်းအကြီးအကဲနှစ်ယောက်ရဲ့ ခြေလက်အင်္ဂါအစိတ်အပိုင်းတွေဟာ နေရာအနှံ့ကို ကျရောက်သွားခဲ့ပြီး လတ်ဆတ်တဲ့သွေးတွေဟာ ချောင်းစီးသွားခဲ့ပါတယ်။
***