သုခကမ္ဘာက ရှီဟောင် - Chapter - 169 အောင်မြင်စွာ ဓားပြတိုက်နိုင်ခြင်း
Chapter – 169 အောင်မြင်စွာ ဓားပြတိုက်နိုင်ခြင်း
ဤတစ်ကြိမ်တွင်တော့ သူတို့ဟာ ဟောင်ကို သတ်ဖို့ရန် ကြံစည်ခြင်းသာဖြစ်သည်။ ဟောက ဒီအရိုးကိုသုံးပြီး ကောင်းကင်ကို နှောင့်ယှက်ချင်တယ်ဆိုရင်တောင် အသုံးမ၀င်ပါဘူး။ သို့သော် သူဟာ မကြောက်ရွံ့ခဲ့ပေ။ ထိုနယ်ပယ်အတွင်း၌ မည်သူမျှ သွေးဆင့်ကဲပြောင်းလဲခြင်း နယ်ပယ်အထက်မှ စွမ်းအားတွေကို အသုံးချ၍ မရသောကြောင့် မည်သူ့ကိုမျှကြောက်စရာမလိုပါဘူး။
” ဟူး …။”
ငွေရောင်ကြိတ်စက်ကြီးတစ်ခုဟာ ကောင်းကင်နဲ့ မြေပြင်ကြားမှာ လှည့်ပတ်ပြီး အရှိန်အဟုန်ပြင်းပြင်းနဲ့ လှည့်ပတ်လာခဲ့တယ်။ အဖိုးတန်သွးနီရောင် လက်နက်ကလည်း ကျင့်ကြံသူလေးဦးကို အပြင်းအထန်တွန်းလှန်တိုက်ခိုက်နေခဲ့တယ်။
နောက်ဆုံးမှာ ဟောင်ဟာ အဆင့်မြင့်ကျင့်ကြံသူလေးဦးရဲ့ တိုက်ခိုက်မှုကိုလည်း ခံယူခဲ့ပါတယ်။ သို့သော် သူ့ရဲ့ အပေါ်ယံခန္ဓာကိုယ်ကလည်း ထိခိုက်မှုတွေ ရှ်ိလာတယ်။ သူ့ရဲ့ စွမ်းအားသင်္ကေတတွေဟာ မီးလျှံတွေအလား ငြိမ်းသွားခြင်းမရှိပေမဲ့ ထိုဟာက အတော်လေးတော့ ကွဲပြားခြားနားမှု ရှိပါတယ်။ အဆင့်မြင့် ကျင့်ကြံသူလေးယောက်ရဲ့ မိုးကြိုးမုန်တိုင်းတစ်ခုလို တိုက်ခိုက်မှုဟာ လေထုကို ဖြတ်သန်းပြီး ပျံထွက်သွားခဲ့တယ်။
” သူက ငါတို့ရဲ့ စုပေါင်းရတနာတွေရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်တယ်လား .. သူ့ရဲ့ ခန္ဓာကိုယ်ကို ကာကွယ်ဖို့ ဘယ်လိုစွမ်းအားမျိုးကို သူ သုံးခဲ့တာလဲ … အရမ်းကို ကြောက်စရာကောင်းလွန်းတယ် … ဒီလိုမှ မဟုတ်ရင်တော့ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ရှန်းနီ ဒါမှမဟုတ် ဒဏ္ဍာရီလာသားရဲတွေရဲ့ ငယ်ရွယ်ပျိုမျစ်မှုတွေနဲ့တောင် နှိုင်းယှဉ်နိင်လိမ့်မယ် ..။”
လူတွေရဲ့ အော်ဟစ်သံတွေဟာ ဆူညံစွာပေါ်ထွက်လာတယ်။
သူတို့နှစ်ဖက်စလုံးက ရှေးဟောင်း အဖိုးတန်လက်နက်တွေနဲ့ ကိုယ်စီတိုက်ခိုက်ခံခဲ့ကြရပေမဲ့ ရလာဒ်ကတော့ လုံး၀ကို ကွဲပြားခြားနားမှုတွေ ရှိနေခဲ့တယ်။ အဆင့်မြင့် ကျင့်ကြံသူလေးယောက်အနက် နှစ်ယောက်ဟာ တိုက်ခိုက်မှုမှာ ချက်ချင်းပဲ ပေါက်ကွဲသွားခဲ့တယ်။ ဟောင်ကတော့ လုံး၀ကို ထိခိုက်မှုမရှိခဲ့ပါဘူး။ ကျင့်ကြံသူနှစ်ယောက်ရဲ့ သွေးစက်တွေဟာ နေရာအတိုင်းကို ပြန့်ကျဲသွားပြီး သူတို့က ဟင်းလင်းပြင် နတ်ဘုရားကမ္ဘာမှ ပျောက်ကွယ်သွားခဲ့ပါပြီ။
ထို့အပြင် ကျန်ရှိနေတဲ့ ကျင့်ကြံသူနှစ်ယောက်ကလည်း ဒဏ်ရာတစ်ချို့ ရရှိသွားခဲ့ရတယ်။ သူတို့ထဲက ကျင့်ကြံသူတစ်ယောက်ဟာ လှုပ်ရှားနိုင်စွမ်းတွေ ပျောက်ကွယ်သွားပြီး တခြားတဝ်ယောက်ကတော့ အဖိုးတန်အရိုးလေးချောင်းရဲ့ ချုပ်နှောင်ခြင်း အတားအဆီးအကာအရံစွမ်းအားပေါ်ကို မှီခိုပြီး ရပ်နေရတယ်။
ဟောင်နဲ့ အဆင့်မြင့် ကျင့်ကြံသူလေးယောက်တိုက်ပွဲပြီးဆုံးသွားချိန်မှာတော့ လူပုံတောင်တွေမှာ ကျင့်ကြံသူ ၁၀ယောက်ခန့် ထပ်မံတိုးပွားလာခဲ့တယ်။ ထို့အပြင် တခြားနေရာတွေမှာတော့ ကွဲပြားမှုတွေ ထူးထူးခြားခြား မရှိတော့ပါဘူး။ ထို့နောက်မှာ ဟောင်ရဲ့ ဘေးကနေ အသံတွေ ထွက်လာခဲ့တယ်။
” ဒီကလေးက အရမ်းကိုအစွမ်းထက်တယ် …”
လူအားလုံးဟာ အေးစက်တဲ့ လေထုကို ရှူ ရှိုက်လိုက်ရသလို ခံစားလိုက်ရတယ်။ ထိုဟာက ဟောင်အတွက် မည်ကာမတ္တမဟုတ်ခဲ့ပဲ စစ်မှန်တဲ့ အောင်မြင်မှုကြီးဖြစ်တယ်။
နောက်ဆုံးမှာ ကလန်လေးခုက လူတွေဟာ မကြာခဏဆိုသလို တိုက်ခိုက်ဖို့ ကျင့်ကြံသူတွေကို စေလွှတ်ခဲ့တယ်။ သို့သော် သူတ်ို့အားလုံးဟာ ရှုံးနိပ့်သွားခဲ့ကြရတယ်။ ထို စတင်ခြင်း နယ်မြေမှာ ဘယ်သူမှ သွေးဆင့်ကဲ ပြောင်းလဲခြင်း နယ်ပယ်အဆင့်အတွင်း ဟောင်ကို ယှဉ်ပြိုင်နိုင်သူမရှိပဲ သူက ပြိုင်ဘက်ကင်းနေခဲ့ပါတယ်။
လူအားလုံးရဲ့ အမူအယာတွေဟာ ပြောင်းလဲသွားခဲ့တယ်။ အကယ်၍ ဟောင်က အစပိုင်းတုန်း လှည့်စားမှုတွေကို အားကိုးပြီး ရှက်စရာကောင်းတဲ့ စံချိန်မှတ်တမ်းကို တင်ခဲ့တာဟမဟုတ်မှန်းသိခဲ့ရင် လက်ရှိမှာ သူတို့ရဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေမှာဖြစ်တယ်။ တိုက်ပွဲများ စတင်ဖြစ်ပွားလာချိန်မှစပြီး လက်ရှိအချိန်အထိ သူဟာ သွေးဆင့်ကဲပြောင်းလဲခြင်း နယ်ပယ်အဆင့်ရဲ့ မတူညီတဲ့ စွမ်းအားတွေကို ထူတ်ဖော်ပြနုိင်တာကြောင့် ကျိုးကြောင်းဆီလျှော်ပြီး ကောင်းကင်ကို တွန်းလှန်နိုင်တဲ့ ပါရမီရှင်မှန်း သိသာစေတယ်။
ထို့နေ့မှာပဲ ကျင့်ကြံသူတွေဟာ ဟောင်ကို အဆက်မပြတ် စိန်ခေါ်နေခဲ့တယ်။ အင်အားကြီး ကလန်လေးခုရောက်ရှိလာရုံသာမကပဲ စိတ်အာရုံခတ်နှိပ်ခြင်း နယ်ပယ်အဆင့်ထက် ကျော်လွန်တဲ့ အမှန်တကယ်ကို ကြောက်ဖွယ်ရာကောင်းသော ကျင့်ကြံသူတွေတောင် ဟောင်ကို လေ့လာလိုတာကြောင့် ရောက်ရှိလာကြတယ်။
နောက်ဆုံးမှာတော့ ဟောင်ရဲ့ လက်အောက်မှာ ရှုံးနိပ့်သွားခဲ့ကြတယ်။ နာမည်ထင်ရှားတဲ့ သက်ကြားအိုတွေနဲ့ ကလန်တွေပါ ပါ၀င်ခဲ့တယ်။ သူတို့တွေဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိကြပေမဲ့လည်း လူတော်တော်များများကတော့ သူတို့ရဲ့ ဖြစ်တည်မှုနဲ့ အားထုတ်မှုတွေကို မြင်နိုင်ခဲ့တယ်။ ထို့ကြောင့် သူတို့တွေဟာ အစစ်အမှန်ကမ္ဘာမှာ အစွမ်းထက်သူတွေဖြစ်ကြောင်း သိနိုင်ခဲ့တယ်။
“အရမ်းကို ကြောက်စရာကောင်းတယ် ..!”
လူအားလုံးက ကြောက်လန့်တုန်လှုပ်သွားကြတယ်။ သူတို့တွေဟာ ပါရမီရှင်တွေ ပေါ်ထွက်လာတာကို ကိုယ်တိုင်ကိုယ်ကျ သက်သေခံနေသလို ခံစားလိုက်ရတယ်။
ဟောင်က ကလန်ကြီးလေးခုနဲ့ ဆက်နွယ်နေတဲ့ သူတို့တို့ရဲ့ ကျင့်ကြံသူတွေအားလုံးကို အနိုင်ယူနိုင်ခဲ့တယ်။ နောက်ဆုံးမှာ ဟောင်က သူဖမ်းဆီးထားတဲ့ သုံ့ပန်းတွေကို လာမရွေးခဲ့ရင် အကုန်လုံးကို သတ်ပစ်မယ်လို့ ကြေငြာခဲ့ပါတယ်။
ကြီးမြတ်သော ကလန်ခေါင်းဆောင်လေးယောက်ကလည်း သည်းမခံနိုင်လောက်အောင် ဒေါသထွက်သွားခဲ့ကြတယ်။ သုံ့ပန်းအဖြစ် အဖမ်းခံထားရတဲ့ ကျင့်ကြံသူတွေသာ အသတ်ခံရမယ်ဆိုရင် ဟင်းလင်းပြင် နတ်ဘုရားကမ္ဘာရဲ့ အဆင့်မြင့် နယ်မြေအစိတ်အပိုင်းတွေကို စောင့်ရှောက်ပေးမဲ့သူတွေ ကျန်ရစ်တော့မှာ မဟုတ်ပါဘူး။ အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ သူတုိ့တွေဟာ ထိုနယ်မြေအစိတ်အပိုင်းတွေကို လက်လွတ်လိုက်ရပြီး ကြီးစွာသော ဆုံးရှုံးမှုတွေကို ရင်ဆိုင်ကြရပါလိမ့်မယ်။
နောက်ဆုံးမှာတော့ သူတို့တွေဟာ ဘယ်လို အဖိုးတန် နည်းစနစ်များကိုမှ မလွဲပြောင်းပေးခဲ့သလို အဖိုးတန် လက်နက်တွေကိုလည်း မပေးခဲ့ပါဘူး။ ကလန်ကြီးလေးခုက သူတို့ရဲ့ လူတွေကို ပြန်လည်ရွေးယူဖို့အတွက် အစစ်အမှန်သားရဲသွေးတွေ ထည့်သွင်းထားတဲ့ ကျောက်စိမ်းအိုးတစ်လုံးစီနဲ့ ကမ်းလှမ်းလာခဲ့တယ်။
ကျောက်စိမ်းအိုးလေးလုံးဟာ သေးငယ်လှသည်ဆိုသော်လည်း သူတို့ကို သယ်ဆောင်လာတာကို ကြည့်ခြင်းအားဖြင့် အရမ်းကို လေးလံမှန်း သိသာပါတယ်။ ကျောက်စိမ်းအိုးလေးတွေအတွင်းမှာတော့ အရမ်းကို ရှားပါးပြီး ရောင်စုံအော်ရာတွေ ထွက်ပေါ်နေတဲ့ ရှေးဟောင်းသားရဲမျိုးဆက်များရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သန့်စင်သော သွေးတွေဖြစ်တယ်။
လူတွေအားလုံးဟာ မူးဝေလာပြီး မိုက်ခနဲဖြစ်သွားကြတယ်။ ထို နတ်ဆိုးလေးရဲ့ ငွေညှစ်ခြင်း အလုပ်ဟာ အမှန်တကယ်ကို အောင်မြင်သွားတာကြောင့် ဖြစ်တယ်။ သူဟာ အင်အားကြီးမားတဲ့ ကလန်ကြီး လေးခုကို သူတို့ရဲ့ ခေါင်းတွေကို ငုံ့စေလိုက်တာက လူအားလုံးကို မယုံနိုင်လောက်အောင် မနာလို ဖြစ်စေသလို သူ့ကို လေးစားမှုတွေလည်း ဖြစ်လာစေခဲ့တယ်။
လူတော်တော်များများဟာ နတ်ဆိုးလေးရဲ့ အောင်မြင်မှုကြောင့် သူ့ရဲ့လမ်းစဉ်ကို လိုက်သင့် မလိုက်သင့်စဉ်းစားလိုက်ကြတယ်။ ထို့နောက်တွင်တော့ သူတို့အားလုံးဟာ ခေါင်းကို ခါရမ်းလိုက်တယ်။ ထိုနတ်ဆိုးလေးကဲ့သို့ ဘယ်သူကများ ကောင်းကင်ကို ဆန့်ကျင်ချင်ကြမှာတဲ့လဲ။ နတ်ဆိုးလေးက ကလန်ကြီးလေးခုရဲ့ အဆင့်မြင့် ကျင့်ကြံသူလေးယောက်နဲ့ ရင်ဆိုင်ခဲ့တယ်။ ထို အောင်မြင်မှုတွေဟာ နတ်ဘုရားတွေရဲ့ ဒဏ္ဍာရီတစ်ခုအလား ဖြစ်တယ်။
“ သူ ဒီလိုငွေညှစ်တာက တကယ်ပဲအောင်မြင်ခဲ့တာလား ..”
” ဒါက မင်းနားလည်နိုင်တဲ့ အရာတစ်ခု မဟုတ်ဘူးလေ .. ကလန်ကြီးလေးခုလုံးက ဟင်းလင်းပြင်နတ်ဘုရားကမ္ဘာမှာ အဆင့်မြင့် နယ်မြေတွေကို ပိုင်ဆိုင်ထားကြတာ .. အဲ့ဒီ အဖိုးတန် သွေးတွေကရော ဘယ်လိုက ဖြစ်လာတာလဲသိလား .. သူတို့တွေက အဲ့ဒါကို အဆင့်မြင့် နယ်မြေတွေကနေ အမဲလိုက်လို့ ရလာတာပဲ .. တကယ်လို့ ဒီရာနဲ့ချီတဲ့ သူတို့လူတွေအားလုံးသာ သေသွားခဲ့မယ်ဆိုရင် အဆင့်မြင့် နယ်မြေတွေကို သူတို့ကောင်းကောင်း ထိန်းချုပ်ထားနိုင်မှာ မဟုတ်တော့ဘူး .. အဲ့ဒါဆိုရင် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ အကုန်ဆုံးရှုံးသွားရလိမ့်မယ် ..။”
ကလန်ကြီးလေးခုရဲ့ ကျင့်ကြံသူတွေဟာ စိတ်ဓာတ်ကျစွာနဲ့ပဲ ထွက်ခွာသွားခဲ့တယ်။ သူတို့တွေဟာ အင်အားကြီးမားစွာနဲ့ပဲ ဒီကို ရောက်ရှိလာကြပေမဲ့ နောက်ဆုံးမှာ ရှုံးနိပ့်ရတဲ့ ခါးသက်သက်ခံစားမှုကြီးက သူတို့တွေကို စိတ်ပျက်သွားစေတယ်။ တစ်ယောက်ယောက်က သူတို့တွေကို အခုလိုမျိုး သုံ့ပန်းတွေအဖြစ် ဖမ်းဆီးဖိအားပေးကာ သူတို့ အသက်နဲ့ရင်းထားရတဲ့ အဖိုးတန်သွေးတွေနဲ့ ပြန်လဲလှယ်ရလိမ်မယ်လို့ အ်ိပ်မက်တောင် မမက်ခဲ့ဘူးပါ။
ဟောင်က သူ့ရဲ့ လက်ကို ဝေ့ရမ်းလိုက်ပြီး မာန်ပါပါ ပြောဆိုလိုက်တယ်။
” ကျွန်တော့်ကို စောင့်နေကြဦး .. ကျွန်တော် စတင်ခြင်း နယ်မြေကနေ ထွက်လာပြီး အဆင့်မြင့်တဲ့ နယ်မြေတွေကို ၀င်ရောက်လာတဲ့အခါ ခင်ဗျားတို့တွေနဲ့ ထပ်တွေ့ကြတာပေါ့ ..။”
ကျင့်ကြံသူတစ်ချို့ဟာ ဟောင်ရဲ့ စကားကြောင့် တုန်တက်သွားကြပြီး မြေပြင်ပေါ် လဲကျလုမတန်ဖြစ်သွားပါတယ်။
ကျင့်ကြံသူတစ်ချို့ကတော့ ခြင်္သေ့လည်ပြန် လှည့်ကြည့်လာခဲ့ကြပြီး အေးစက်နေတဲ့ အကြည့်တွေနဲ့ ကြည့်လာခဲ့ပါတယ်။ ပြီးတော့ သွားကြားထဲက ထွက်လာတဲ့ အသံနဲ့ ပြောလိုက်တယ်။
” ငါတို့မင်းကို သေချာပေါက် စောင့်နေမယ် ..။”
ဟောင်က သူတို့ကို ဂရုမစိုက်တော့ပဲ အဖိုးတန်သွေးတွေထားတဲ့ ကျောက်စိမ်းအိုးလေးအိုးကို ရင်ခွင်ထဲပွေ့ပိုက်လိုက်ရင်း စိတ်လှုပ်ရှားနေခဲ့တယ်။ သူဟာ အဖိုးတန် သန့်စင်သော သားရဲသွေးတွေနဲ့ ကောင်းကျိုးတွေကို သိရှိထားပြီးဖြစ်တယ်။ သူတို့ကိုသာ သင့်တော်တဲ့ ဆေးဝါးတွေဖော်စပ်ပြီး အသုံးပြုနိုင်ရင် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကို ခိုင်မာစေမှာဖြစ်တယ်။ သူဟာ အစစ်အမှန်ကမ္ဘာကို ပြန်ရောက်တဲ့အခါမှာ အရမ်းကို တိုးတက်လာဖို့ အလားအလာကောင်းတွေ ဖြစ်လာပါလိမ့်မယ်။
” ချီးတဲ့မှပဲ .. ဒီ ကလေးက ကလန်ကြီးလေးခုကို အောင်မြင်အောင် နှိပ်နှင်းနိုင်ခဲ့တယ် .. မင်း .. မင်းက ငါတို့ကို နောက်နေတာလားဟ ..။”
” ကလန်ကြီးလေးခုကကောင်တွေက ခွေးမအမြှီးအောက်က ကောင်တွေနဲ့ပဲ တူတယ် .. သူတို့တွေ ဒီလိုမျိုး ရှုံးနိပ့်သွားခဲ့ကြတယ် .. နတ်ဆိုးလေးကိုတော့ ဘယ်သူမှ မနိုင်လောက်တော့ဘူး …။”
“ဒီကလေးက တကယ်ကို မယုံနိုင်စရာပါပဲ..။”
ထို သတင်းဟာ ပြန့်နှံ့သွားခဲ့ပြီး ကြားရတဲ့လူတိုင်းအတွက် အရမ်းကို တုန်လှုပ်စေခဲ့တယ်။ နတ်ဘုရားကမ္ဘာရဲ့ အဆင့်မြင့်နယ်မြေတွေက ကျင့်ကြံသူပေါင်းများစွာကလည်း အရမ်းကို အံ့အားသင့်သွားကြတယ်။
အစပိုင်းမှာ လူတွေဟာ လုံး၀ကို ယုံကြည်ဖို့ရန် ခက်ခဲနေကြတယ်။
” တူဦးလေး .. ငှက်ဘိုးဘိုး .. အကြွေစေ့ ဦးလေး … ခင်ဗျားတို့ တောင်ကို တွေ့ပြီလား .. ကျွန်တော် အဲ့ဒီမှတ်တမ်းကို ချိုးဖျက်ဖို့ လိုနေပြီ ..။”
ဟောင်က ရုတ်တရက်ပြောလာခဲ့တယ်။
” လခွမ်း .. နတ်ဆိုးလေးက စံချိန်ထပ်ချိုးချင်နေတယ် .. ဘာတွေ ဖြစ်ဦးမလဲ …။”
စတင်ခြင်းနယ်မြေကနေ မထွက်ခွာရသေးတဲ့ ကျင့်ကြံသူတွေဟာ အရမ်းကို အံ့အားသင့်သွားခဲ့ပြီး အရင်လိုတော့ ဟောင်ကို မလှောင်ပြောင်ရဲတော့ပါဘူး။ ဟောင်က ကလန်ကြီးလေးခုကို အနိုင်ယူလိုက်တဲ့အခါမှာ သူ့ကို အရေးကြီး ပုဂ္ဂိုလ်တစ်ယောက်အဖြစ် မှတ်ယူခြင်းခံလိုက်ရပါတယ်။ ထို့ကြောင့်ပဲ သူတို့ရဲ့ စကားလုံးတိုင်းက စေးစေးပိုင်ပိုင်ရှိလာကာ အလေးချိန်မြင့်မားလာပုံရတယ်။
” ငါတို့တွေ့ထားခဲ့တာက အကြမ်းအားဖြင့်တော့ တစ်လီလောက်အကွာမှာပဲ .. ရှီရီရဲ့ ကြောက်စရာကောင်းတဲ့ မှတ်တမ်းကို အခုထက်ထိ ဘယ်သူမှ မချိုးဖြတ်နိုင်သေးဘူး ..။”
” ဘာ .. ရှီရီရဲ့ စံချိန်လား .. ဒီနယ်မြေက သူ့ရဲ့ စံချိန်ကို မြေအိုးခွဲသလို ချက်ချင်း ချိုးဖဲ့ပစ်ချင်နေတာလား ..။”
ရှီရီဆိုတဲ့ နာမည်နှစ်လုံးဟာ လူတွေရဲ့ သွေးတွေကို ဆူပွက်စေတဲ့ ပဉ္စလက်ဆန်ဆန်အသံတွေဖြစ်တယ်။ သူဟာ မဖြစ်နိုင်လောက်တဲ့အရာတွေကို ကျော်ဖြတ်ပြနိင်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့တယ်။ သူဟာ သွားလေရာအရပ်တိုင်းမှာ ဒဏ္ဍာရီတွေများစွာကို ချန်ရစ်နိင်ခဲ့သူ ဖြစ်တယ်။
အမှန်တကယ်တော့ ရှီရီဟာ ကျောက်ခေတ်တိုင်းပြည်မှာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဒါမှမဟုတ် နတ်ဘုရားကမ္ဘာမှာလည်း ရှိငည်ဖြစ်စေ မရှိသည်ဖြစ်စေ သူ့ရဲ့ နာမည်ကတော့ ကောင်းကင်ကနေမင်းလို ထွန်းလင်းနေမှာဖြစ်တယ်။ တစ်စုံတစ်ယောက်က သူ့ရဲ့ နာမည်ကို ထုတ်ဖော်ပြောဆိုလိုက်တာနဲ့ လူအားလုံးရဲ့ နှလုံးသားတွေဟာ တုန်လှုပ်သွားရလိမ့်မယ်။
” သူ မွေးဖွားလာတည်းက ဘယ်တော့မှ သူအနိုင်ယူမခံခဲ့ရဘူး .. သူ့ရဲ့ အောင်မြင်မှုတွေက ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါး လောကကို ဆင်းသက်လာသလိုပါပဲ..။”
” လက်ရှိ မျိုးဆက်တွေအတွင်းမှာတော့ သူနဲ့ တန်းတူရှိလောက်တဲ့ သူ ဘယ်သူမှ ရှိမှာမဟုတ်ဘူး .. သူဟာ သူ့နဲ့ သက်တူရွယ်တူထဲမှာဆိုရင် ဘယ်သူထက်မဆို ပိုပြီးသာလွန်မြင့်မြတ်နေတာ ..။”
လူ တော်တော်များများဟာ ၀မ်းနည်းစွာနဲ့ညည်းတွားလိုက်ကြတယ်။ ကျင့်ကြံသူအများအပြားဟာ သူတို့တွေ မကျော်ဖြတ်နိုင်ကြသေးတဲ့ နယ်ပယ်အဆင့်တွေ အများကြီး ရှိနေပါတယ်။ ရှီရီကတော့ ငယ်ရွယ်ချိန်မှာပဲ မောက်မာထောင်လွှားစွာ လျှောက်လှမ်းနိုင်ခဲ့တယ်။
” သူက သိပ်မကြာခင်ကမှ မွေးဖွားလာပေမဲ့ အမွှာစွမ်းအားတွေ ပိုင်ဆိုင်တယ်လေ .. အဲ့ဒီအရာက ကမ္ဘာကြီးကို အုပ်စိုးဖို့ သန့်စင်စေဖို့ နတ်ဘုရားတွေရဲ့ အမိန့်တော်ပါလာသလိုပဲ .. သူနဲ့ မျိုးဆက်တစ်ခုတည်းမှာ မွေးဖွားလာရတဲ့ သူတွေကတော့ ကံဆိုးတာပေါ့ ..။”
” ဟူး .. ဒီနှစ်တွေအတွင်းမှာလဲ သူက မတူညီတဲ့ ထွတ်မြတ်ခြင်းအဆင့်အရိုးတွေရှိနေတာကိုလည်း လျှ်ို့ဝှက်သတင်းတွေ ထွက်လာသေးတယ် ..။”
“ ဘာ ..!”
လူတိုင်းဟာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
” သူက နတ်ဘုရားတွေရဲ့ စွမ်းအားတွေကိုပိုင်ဆိုင်သူဖြစ်တယ်ဆိုရင် ပြိုင်ဘက်ကင်းသူလည်း ဖြစ်လိမ့်မယ် ..
အကြီးအကဲအိုကြီးပေါင်းများစွာက နောင်တတွေနဲ့ ၀မ်းနည်းပက်လက်ပြောလိုက်တယ်။
” အမှန်ပဲ .. ဒီ နတ်ဆိုးလေးက ရှီရီရဲ့ စံချိန်ကို ချိုးဖြတ်ချင်နေတယ် ..။”
လူအားလုံးဟာ အံ့အားသင့်သွားကြပေမဲ့ ရုတ်တရက်ဆိုသလိုပဲ ပြောဆိုဆွေးနွေးလာကြတယ်။
” ဒါက မဖြစ်နိုင်ဘူး .. ဒီနှစ်နှစ်အတွင်းမှာ ဘယ်သူမှ ကိုယ့်ကိုကိုယ် အရမ်းကြီး မခန့်မှန်းရဲကြဘူး .. တော်တော်များများက သူတို့ပါရမီကို ယုံပြီး ရှီရီရဲ့ စံချိန်ကို ချိုးဖို့ လုပ်ပေမဲ့ နောက်ဆုံးတော့ ရှုံးနိပ့်ပြီး ပြန်လာရတာပဲမလား .. သူတို့တွေရဲ့ ပြင်းထန်တဲ့ ယုံကြည်ချက်က သူတို့အတွက် ထိုးနှက်ချက်တွေဖြစ်လာတော့တာပဲ ..။”
လူအားလုံးက တုန်လှုပ်စွာပဲ ဟောင်ကို ကြည့်နေချိန်မှာ သူတို့ရဲ့ အမူအယာတွေဟာ ထူးဆန်းလာခဲ့တယ်။ သို့သော် ဟောင်က အရမ်းကို အေးဆေးတည်ငြိမ်နေပြီး စိုးရိမ်ပူပန်မှုတစ်ခုတစ်လေတောင် မတွေ့ရပါဘူး။ သူဟာ သာမန်လုပ်ရိုးလုပ်စဉ်အလုပ်တစ်ခုကို လုပ်ရတော့မဲ့အလား တည်ငြိမ်နေတာဖြစ်တယ်။
” ပါရမီရှင်တွေ အများကြီးတောင် ကျဆုံးသွားခဲ့ရတာလေ .. ဒါက အစစ်အမှန်ကမ္ဘာပဲ ဖြစ်ဖြစ် နတ်ဘုရား ကမ္ဘာမှာပဲဖြစ်ဖြစ် ရှီရီကို အနိုင်ယူဖို့ ကြိုးစားတာဟာ အရှက်တကွဲအကျိုးနည်းဖြစ်ပြီး ရှုံးနိပ့်မှုတွေနဲ့ပဲ အဆုံးသတ်ရလိမ့်မယ် ..။”
” သူတို့တွေက ကမ္ဘာတခုလုံးကိုတောင် အံ့အားသင့်သွားစေနိုင်တဲ့ ပါရမီရှင်တွေပါပဲ .. ဒါပေမဲ့ သူတို့နဲ့ ရှီရီကြားက ကွာဟမှုဟာ ဘယ်လောက်အထိ ခြားနားတယ်ဆိုတာကို သိသွားတဲ့အခါကျရင် သူတို့တွေဟာ တူညီတဲ့ အခြေအနေမှာ ရှိမနေဘူးဆိုတာကို သိလာလိမ့်မယ် ..”
ထိုအချိန်မှာပဲ ကျင့်ကြံသူတွေဟာ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ဟောင်က ရှီရီရဲ့ စံချိန်ကို ချိုးဖြတ်ဖို့ ကြိုးစားနေတာကို သိသွားကြတယ်။ တစ်ချို့ ကျင့်ကြံသူတွေဆိုရင် ဟောင်ကို ထိုကဲ့သို့မလုပ်ဖို့ တားဆီးတဲ့အနေနဲ့ သတိပေးလာခဲ့တယ်။ထိုအရာက မဖြစ်နိုင်သလောက် ခက်ခဲတာကြောင့် သူ့ကို အရှက်မရစေချင်တာကြောင့် ဖြစ်တယ်။
” သူ့ရဲ့ စံချိန်က အရမ်းကို ခက်ခဲနေလို့လား .. စောင့်ကြည့်နေပါ .. ကျွန်တော် တစစီ ခွဲထုတ်ပစ်မယ် ..။”
ဟောင်က လုံး၀ဂရုမစိုက်ပဲ ပြောဆိုလိုက်တယ်။
လူတိုင်းဟာ စကားမပြောနိုင်လောက်အောင် ထပ်မံဆွံ့အသွားကြတယ်။ ဟောင်ကိုလည်း အမှန်တကယ်ကို မိုက်မဲလွန်းတဲ့ နတ်ဆိုးလေးမှန်း ခံစားမိလိုက်ကြပါတယ်။
” ကလေး .. မင်း စမ်းကြည့်ချင်တယ်ဆိုရင်လည်း လုပ်ကြည့်ပါ .. မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အရှုံးကို ခံစားလိုက်ရတယ်ဆိုရင်တောင် ဒါက မကောင်းတဲ့အရာတော့ မဟုတ်ဘူး .. မင်းကို ပိုပြီးကြိုးစားအားထုတ်ချင်လာအောင် လှို့ဆော်ပေးနိုင်တာပေါ့ ..။”
အကြီးအကဲတစ်ချို့ဟာ ဟောင်ကို ဆုံးမစကားပြောကြားလိုက်ပါတယ်။
” ကျွန်တော် စံချိန်မှတ်တမ်းတွေကို ချိုးဖြတ်လိုက်မယ် .. ပြီးရင် အဟောင်းတွေကို ဖြုတ်ချပစ်လိုက်ပြီး စံချိန်သစ်တွေ ရေးထိုးတာပေါ့ ..။”
ဟောင်က အေးအေးဆေးဆေးပြောလိုက်တယ်။ ကျင့်ကြံသူတို့တွေက သူ့ကို ချိုးနှိပ်လိုတဲ့သဘောထားတွေကို ပြလာတာကိုလည်း ဟောင်က အတော်လေးကို သဘောမကျနိုင်အောင် ဖြစ်နေခဲ့တယ်။
” ကောင်းပြီလေ .. ငါတို့ကလည်း အံ့သြစရာတွေ ဖြစ်လာမလားဆိုတာ စောင့်ကြည့်တာပေါ့ ..။”
ကျင့်ကြံသူတစ်ခ်ျို့က ထေ့ငေါ့ပြောဆိုလိုက်ကာ ထွက်သွားကြတယ်။ ထို့အတူပဲ တခြားသူတွေလည်း တောင်တန်းတွေဘက်ကို ထွက်ခွာကြပါတယ်။
ထို သတင်းဟာ လျှင်မြန်စွာပဲ ပြန်နှံ့သွားခဲ့ကာ တိုင်းနိုင်ငံတိုင်းကို ရုန်ရင်းဆန်ခတ်အခြေအနေတွေ ဖြစ်ပေါ်သွားစေတယ်။ ရှီရီရဲ့ စံချိန်တွေကို အမှန်တကယ် ချိုးဖြတ်ဖို့အတွက် ဘယ်လိုလူက ယုံကြည်ချက်ပြင်းထန်လွန်းပြီး သူ့ရဲ့ စွမ်းအားတွေကလည်း ဘယ်လောက်အထိ ကြီးမားနေမလဲ။
” ဒီ သတင်းက ယုံကြည်စိတ်ချရရဲ့လား .. အဲ့ဒါ အမှန်ပဲလား ..။”
အဆင့်မြင့်နယ်မြေထဲက ကျင့်ကြံသူတွေလည် း တုန်လှုပ်သွားခဲ့ကြပါပြီ။
“ လုံးဝ မှန်ပါတယ် .. ။ ”
တကယ်တော့ ဒီလောက်ကြီးကို မာန်မာနထောင်လွှားနေတာဟာ အတိအကျကို ဘယ်သူများ ဖြစ်နေမလဲ။ ကောင်းကင်က သတ်မှတ်တဲ့ နောက်ထပ် ပါရမီရှင်တစ်ယောက် ထပ်မံထွက်ပေါ်လာတာလား။
အင်အားကြီး တိုင်းနိုင်ငံများစွာက ကျော်ကြားလွန်းတဲ့ အကြီးအကဲအိုကြီးတွေနဲ့ အစွမ်းထက် ကလန်က လူတွေကိုတောင် ထိုသတင်းက လှုပ်ခါသွားစေခဲ့ပါတယ်။
” ဟား … ဟား .. အဲ့ဒီ ပုဂ္ဂိုလ်ကြီးကို မင်းကြားဖူးနေမှာပါ .. သူက နတ်ဘုရားကမ္ဘာမှာ သောက်တလွဲစံချိန်တွေက်ို တစ်ခုပြီး တစ်ခုတင်နေတဲ့ နတ်ဆိုးလေးလေ ..။”
ဘယ်သူလဲ .. အမ် နောက်တခါလည်း သူ ပဲ ဖြစ်နေပြန်ပြီလား .. အဲ့ နတ်ဆိုးလေးကတော့ နတ်ဘုရားတွေကို အမှန်တကယ်ဒေါသထွက်စေတော့တာပဲ … !”
” မှန်တာပေါ့ , သူက နတ်ဘုရားတွေကို ဒေါသထွက်လာအောင် ထပ်လုပ်နေသလိုပဲ ..!”
ဟင်းလင်းပြင် နတ်ဘုရားကမ္ဘာရဲ့ အဆင့်မြင့် နယ်မြေတွေထဲမှာ တစ်ယောက်တစ်ပေါက်ပြောဆိုသံတွေ ထွက်လာခဲ့တယ်။
“သွားကြရအောင် .. ဒီအချိန်တော့ ငါ သွားပြီး ကြည့်ကိုကြည့်မှ ရမယ် … ”
လူအားလုံးဟာ စိတ်လှုပ်ရှားမှုတွေ ပြင်းထန်နေခဲ့တယ်။ သိပ်မကြာခင်ပဲ ရှီရီရဲ့ စံချိန်မှတ်တမ်းတွေကို ချိုးဖြတ်မဲ့ သူပေါ်လာတာဟာ မိုးအောက်မြေပြင်တစ်ခုလုံးကို ကိုင်လှုပ်သွားစေနိုင်ခဲ့တယ်။ လူအားလုံးဟာ ထိုသတင်းကို ကြားလိုက်တာနဲ့ စိတ်အေးအေးထားနိုင်ခြင်း မရှိတော့ပါဘူး။
” နတ်ဆိုးလေးက ရှီရီရဲ့ စံချိန်ကို ချိုးဖြတ်နိုင်မလားဆိုတာ ငါ ကြည့်ဖို့ လိုနေပြီ ..။”
“ဟုတ်တယ် .. ငါတို့လည်း သွားကြမယ် .. !”
ထိုနေ့ရက်မှာ ဟင်းလင်းပြင် နတ်ဘုရားကမ္ဘာဟာ အရမ်းကို တုန်လှုပ်သွားကြပြီးတော့ ဟောင်က ရှီရီရဲ့ စံချိန်ကို ချိုးချင်နေခဲ့တယ်။ ထိုအရာသည် စံချိန်မှတ်တမ်းနှစ်ခုကို တည်ဆောက်ခြင်းနှင့် အင်အားကြီးကလန်ကြီး လေးခုကို အနိုင်ယူခြင်းထက် ပိုပြီး သာလွန်တဲ့ ခံစားချက်တစ်ခုကို ဖြစ်ပေါ်စေပါသည်။
***