သုခကမ္ဘာက ရှီဟောင် - Chapter - 175 နတ်နန်းကျောင်းတော်ထက်သို့ လေနှင့်တိမ်တို့ စုဝေးခြင်း
- Home
- သုခကမ္ဘာက ရှီဟောင်
- Chapter - 175 နတ်နန်းကျောင်းတော်ထက်သို့ လေနှင့်တိမ်တို့ စုဝေးခြင်း
Chapter 175 နတ်နန်းကျောင်းတော်ထက်သို့ လေနှင့်တိမ်တို့ စုဝေးခြင်း
ဟင်းလင်းပြင် နတ်ဘုရားကမ္ဘာရဲ့ စတင်ခြင်း နယ်မြေ။
” ဒါက တကယ်လား .. အတုအယောင်လား .. သူ့ရဲ့ အသွင်အပြင်ကို ဖော်ထုတ်တော့မှာလား .. ငါ .. တကယ်ကို မျှော်လင့်နေမိတယ် .. သူ ဘယ်လောက်အထိ ထူးခြားလဲဆိုတာကို သိနိုင်ဖို့ နတ်နန်းကျောင်းတော်နဲ့ ကျူ လုကျောင်းတော်တစ်ခုခုမှာ သူ့ကို တွေ့ရဖို့ မျှော်လင့်ရတာပဲ ..။”
” ကြုံခဲ့ရတာတွေကို ပြန်ပြောဖို့တောင် စိတ်ပျက်စရာကောင်းပါတယ် …။”
” သူက မင်းကို ကောင်းကောင်းနှံခဲ့တယ်ထင်တယ် .. တကယ်လို့ အဲ့ဒီလို ထူးဆန်းတဲ့ နတ်ဆိုးလေးတစ်ယောက်ကို အဆင့်နိပ့်နယ်မြေတွေမှာ တွေ့ခဲ့ရင် သူ့ကို ဆယ်ရှစ်ပိုင်းလောက် ပိုင်းပစ်မယ် .. အဲ့ဒါဆို သူ ခေါင်းတော့ကိုက်သွားမှာပဲ ..။”
” ပြောတာ မှန်တယ် .. တကယ်လို့ သူသာ ဒီမှာဆက်ရှိနေရင် သူ့ရဲ့ အနေအထားက ကြောက်စရာကောင်းတဲ့ ဆိုးကျိုးတွေကို ဖြစ်စေမှာ .. ပုံမှန်မဟုတ် နတ်ဆိုးကောင်က နည်းနည်းမက ဆိုးရွားလွန်းပါတယ်ကွာ .. ငါတို့ သူ့ကို သွားရင်ဆိုင်ရင်လည်း သွေးဆင့်ကဲပြောင်းလဲခြင်း နယ်ပယ်အထိ အဆင့်လျှော့ခံရမှာဆိုတော့ သူပဲ ငါတို့ကို ဗြင်းသွားလိမ့်မယ် ..။”
စတင်ခြင်း နယ်မြေက အစီအရင်ကျောက်တုံးတွေပေါ်က ရွှေရောင်အလင်းတန်းတွေက တစ်ခုပြီးတစ်ခါပေါ်ထွက်လာကာ ာဆက်မပြတ်ထွန်းလာတယ်။
ကျင့်ကြံသူအမြောက်အများကလည်း အဆင့်မြှင့်နယ်မြေတွေကနေ ထွက်လာကြတယ်။ နတ်ဆိုးလေးနဲ့ ပတ်သက်တဲ့သတင်းတွေဟာ အရမ်းကို အဖိုးတန်နေတာကြောင့် သူတို့ဟာ ချက်ချင်းပဲ အတည်ပြုချက်ရယူဖို့လိုနေတာဖြစ်တယ်။
” ကြည့်ပါဦး .. ငါ့ပါးစပ်ကနေ လွှတ်ခနဲပြောလိုက်မိတယ် .. ငါ့ကိုယ်ငါပဲ ပြန်ရိုက်ဖို့ သင့်နေပြီ ..။”
တူဦးလေးဟာ သူ့ ရဲ့ နှုတ်မစောင့်စည်းနိုင်မှုကြောင့် တော်တော်လေး နောင်တရသွားခဲ့တယ်။ ထို့နေအစောပိုင်းမှာတုန်းက သူက ဟောင်ရဲ့ သတင်းအစအနကို ရလိုက်တာကြောင့် အရမ်းကို စိတ်လှုပ်ရှားသွားခဲ့မိတာဖြစ်တယ်။ သူ စိတ်လှုပ်ရှားနေတဲ့ အချိန်မှာ အသံကျယ်သွားခဲ့တာကြောင့်လည်း တခြားကျင့်ကြံသူတွေက ချက်ချင်းကို သိရှိသွားကြတာဖြစ်တယ်။
ငှက်ဘိုးဘိုးက အေးဆေးတည်ငြိမ်လို့နေတယ်။
” သူ့အတွက် စိတ်ပူမနေပါနဲ့ကွာ .. နောက်ပြီး ကိုယ့်ကိုလည်း အပြစ်တင်မနေနဲ့ .. ထူးဆန်းတဲ့ နတ်ဆိုးလေးရဲ့ အကြောင်းလည်း မင်းသိနေတာပဲ .. သူက အချိန်တိုတိုလေးနဲ့ လူလုံးထွက်ပြလာမှာ မဟုတ်ဘူး .. သူ့ရဲ့ ကိုယ်ထဲမှာ အလိမ်အညာလှည့်ကွက်တွေနဲ့ ပြည့်နေတာ .. သူ တစ်ခုခုကို အချီကြီးလိမ်လည်ဖို့ စဉ်းစားနေတယ်လို့တောင် ငါထင်တယ် ..။”
အကြွေစေ့အကြီးအကဲအိုကြီးကတော့ အသားတွေ တဆတ်ဆတ်တုန်အောင် ဒေါသထွက်လာခဲ့တယ်။ ကျင့်ကြံသူတွေအများအပြားစုဝေးနေကြတဲ့ နေရာမှာ စာလုံးတွေ ပေါ်ထွက်လာတာကြောင့် ဖြစ်တယ်။
” နို့ဗူးလေးရဲ့ နေရာကို သိချင်ကြသလား .. ဝိညာဉ်အကြွေစေ့ တစ်စေ့လှူ လိုက်ပါ ..။”
” ဒါက စုတ်ပြတ်နေတာပဲ ..။”
ထိုအရာကို တူဦးလေး မြင်လိုက်တဲ့အခါမှာ သူက အရမ်းကို ထိတ်လန့်သွားပြီး မေးရိုးတွေကြမ်းပြင်ပေါ်ပြုတ်ကျမတတ် ဖြစ်သွားတယ်။ အကြွေစေ့အကြီးအကဲအိုကြီးကတော့ ဘာလုပ်ရမလဲဆိုတာကို ကောင်းကောင်းသိပါတယ်။ ထူးဆန်းတဲ့ နတ်ဆိုးလေးက သူ့ကို အကြွေစေ့ အကြီးအကဲလို့ ခေါ်တာ အံ့သြစရာမဟုတ်တော့ပါဘူး။
ငှက်ဘိုးဘိုးလည်း စိတ်လှုပ်ရှားလာခဲ့တယ်။ သူက ချက်ချင်းပဲ ပေါ်ထွက်လာခဲ့တဲ့ အချက်အလက်တွေကို ဖျက်ပစ်ဖို့ကြိုးစားလိုက်တယ်။ သူ့ရဲ့ သံတူကြီးကို မြှောက်လိုက်တိုင်း ထိုဟာက ကျင့်ကြံသူတွေရဲ့ အာရုံကို ချက်ချင်းပဲ ဆွဲဆောင်နိုင်ခဲ့တယ်။
” လူအိုကြီးနှစ်ယောက်နဲ့ တူထမ်းထားတဲ့ လူကို တွေ့တယ်မလား .. သူတို့က နတ်ဆိုးကောင်လေးနဲ့ အတူတူပဲ .. သူတို့တွေက အရူးတွေလိုပဲ .. ပြီးတော့ စက်ဆုပ်ရွံရှာဖို့လည်း ကောင်းတယ် ..။”
ဟင်းလင်းပြင် နတ်ဘုရားကမ္ဘာက အတွင်းရေးအချက်အလက်တွေကို သိထားတဲ့ သူတွေက လက်ညိုးတထိုးထိုးနဲ့ အပြစ်တင်လိုက်ကြတယ်။ လူ့လောက သဘာ၀အရ အကျင့်တူရာလူတွေသာ စုဝေးနေထိုင်တတ်ကြတာကြောင့် ထိုအရာကို ရှင်းပြစရာမလိုပဲ အကောင်းဆုံးဖြေရှင်းနည်း ဖြစ်ပါတယ်။
အနက်ရောင်ကိုယ်ကျပ်၀တ်စုံကို ၀တ်ဆင်ထားတဲ့ လူတစ်စုက အေးခဲသွားခဲ့တယ်။ ရွှေရောင် တောက်ပတဲ့ အရောင်တွေဟာလည်း တလက်လက်ထွန်းလင်းလာတယ်။ သူတို့တွေဟာ နယ်မြေတစ်ခုနဲ့ တစ်ခုကို ဆက်သွယ်ထားတဲ့ ရွှေလမ်းကြောင်းတွေကနေ ပြေးထွက်သွားကြပြီး ဟောင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လူတွေအများကြီးဆီကို ဖြန့်ဝေလိုက်ကြတယ်။
ထို လူတွေဟာ အရမ်းကို အင်အားကြီးမားပြီး သူတို့ရဲ့ မူလအစဟာ အရမ်းကိုထူးခြားတာကြောင့် လူအားလုံးဟာ အံ့အားသင့်သွားခဲ့ကြတယ်။ ထိုကိစ္စကို အာရုံစူးစိုက်နေတဲ့ အရမ်းကို အစွမ်းထက်တဲ့ ကျင့်ကြံသူ တစ်ချို့လည်း ရှိနေကြတယ်။ ထို နတ်ဆိုးလေးက တကယ်ကို ကောင်းမှန်း ဆိုးမှန်းမသိခဲ့ပုံရတယ်။
ထို့နောက် လေဟာပြင်ထဲမှာ ခရမ်းရောင်တောက်နေတဲ့ အရိုးတစ်ခုပေါ်ထွက်လာပြီး ကောင်းကင်ကို ဖြတ်ကျော်သွားတယ်။ ခရမ်းရောင်ဖုံးလွှမ်းနေတဲ့ အရိုးပေါ်မှာ လူတွေအများကြီး ရှိနေခဲ့တယ်။ ထို လူစုကို ခရမ်းရောင်၀တ်စုံကို ၀တ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်က ဦးဆောင်တာဖြစ်တယ်။ သူ့ရဲ့ မျက်၀န်းတောက်တောက်များနဲ့ ဖြူ ဖွေးနေတဲ့ သွားလေးတွေဟာ အရမ်းကို လှပါတယ်။ သူ့မရဲ့ ခန္ဓာကိုယ်ဟာ ချောမွတ်နေပြီး ပါးလျှနေတယ်။ သူမနောက်မှာတော့ မြင့်မားလွန်းတဲ့ တောင်တန်းတွေလို ကြံ့ခိုင်လှတဲ့ ကျင့်ကြံသူတွေ အများအပြားရှိနေခဲ့တယ်။
” ဒီလူတွေ .. သူတို့ကို ဘာလို့ ရှေးဟောင်းတိုင်းပြည်က တော်၀င်အမတ်တစ်ချို့လို့ ခံစားမိနေတာလဲ ..။”
” မင်းရဲ့ လေသံကို လျော့စမ်းပါကွ .. ဘာမှ မပြောရင် အကောင်းဆုံးပဲ .. ငါတို့အနေနဲ့ သူတို့ကို အပြစ်ပြုမိလို့ မရဘူး …။”
ကျင့်ကြံသူတွေအများစုက လေးနက်တဲ့အမူအယာတွေဖြစ်လာပြီး ရှေ့တက်သွားဖို့ကြောက်ရွံ့နေခဲ့ကြတယ်။ သူတို့တွေက အန္တရာယ်တွေကို ကြုံရမှာကို စိုးရိမ်နေတာကြောင့် သူတို့နဲ့ အဆက်အဆံ မလုပ်လိုကြပါဘူး။
ခရမ်းရောင်၀တ်စုံ၀တ်အမျိုးသမီးဟာ သားရဲအရိုးပေါ်ကနေ ဆင်းလိုက်တယ်။ သူမရဲ့ မျက်၀န်းတွေက စွမ်းအားသင်္ကေတတွေ ပျံ့နှံ့သွားပြီး စကားတစ်ခွန်းမှတော့ မပြောခဲ့ဘူး။ အကြွေစေ့ အကြီးအကဲ .. ငှက်ဘိုးဘိုးနဲ့ တခြားကျင့်ကြံတွေဟာ သူတို့ရဲ့ ဝိညာဉ်အကြွေစေ့တွေကို ပစ်ချပေးလိုက်ပါတယ်။ ထိုအရာက သူတို့တွေ စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေကို သူတို့ကို ပေးလိုက်တာဖြစ်တယ်။
” ဒဏ္ဍာရီလာ အဖြစ်အပျက် .. သူမက သတင်းအချက်အလက်တွေကို တကယ်ကြားချင်နေတာပဲ .. ”
အကြွေစေ့အကြီးအကဲအိုကြီးဟာ လိမ်ညာတတ်တဲ့ လူစားမျိုး မဟုတ်တာကြောင့် လူလေးစားခံရသူဖြစ်တယ်။ သူက ချက်ချင်းဆိုသလိုပဲ နတ်ဆိုးလေးဟာ နတ်နန်းကျောင်းတော်ကြီးနဲ့ ကျူ လုကျောင်းတော်ကို သွားနိင်တယ်ဆိုတာနဲ့ တခြားတော့ သူဘာမှ သိမထားဘူးဆိုတာကို ပြောပြလိုက်တယ်။
ငှက်ဘိုးဘိုးရဲ့ မျက်နှာကတော့ ရှုံ့မဲ့နေပြီး ဘာတစ်ခုမှ ချဲ့ကားမပြောဆိုခဲ့ပါဘူး။ သူ့ရဲ့ အသက်အရွယ်အရလည်း ထိုကဲ့သို့သော လူမျိုးတွေကို သွားရှုပ်လို့မရဘူးဆိုတာကို သိပါတယ်။
” လူအိုကြီးနှစ်ယောက်က တကယ်ကို ကောင်းတဲ့ လူတွေမဟုတ်ဘူး .. တူကိုင်ထားတဲ့ လူရောပဲ …။”
လူအားလုံးက ၀င်ရောက်ထောက်ပြလာတယ်။
သို့သော် ထိုလူတွေဟာ နောက်ဆုံးမှာ လက်ခံယုံကြည်လိုက်တယ်။ ကမ္ဘာတစ်ခုလုံးကို ဘယ်လိုရှုပ်ထွေးအောင် လုပ်ရမလဲဆိုတာကို တကယ်သိနေတဲ့ နတ်ဆိုးလေးတစ်ယောက် ပေါ်ထွက်လာပုံရတယ်။
လက်ရှိအချိန်မှာ ဟင်းလင်းပြင် နတ်ဘုရားကမ္ဘာဟာ ရုတ်ရုတ်သဲသဲဖြစ်လာတာကြောင့် ကျောက်ခေတ်အင်ပါယာတိုင်းပြည်လိုမျိုးနေရာမျိုးတွေမှာတောင် ဆွေးနွေးပွဲတွေ ဖြစ်လာခဲ့တယ်။ အင်အားကြီးမားတဲ့ ရှီရီရဲ့ မှတ်တမ်းကို တစ်ယောက်တည်း ချိုးဖျက်နိုင်ခဲ့သလို နတ်ဘုရားကမ္ဘာကပါ သည်းမခံနိုင်ပဲ နှင်ထုတ်ခံရတဲ့ နတ်ဆိုးလေးကို အရမ်စိတ်၀င်စားလာကြတယ်။
နတ်ဆိုးလေးဟာ အရမ်းကို ဒေါသထွက်စရာကောင်းလှပေမဲ့လည်း သူ့ရဲ့ ပင်ကိုယ်စွမ်းရည်တွေက ကမ္ဘာတစ်ခုလုံးကို ထိတ်လန့်စေနိုင်တာကို ကျင့်ကြံသူတိုင်းက ယုံကြည်ကြပါတယ်။ သူဟာ အသိရခက်လောက်အောင် လျှို့ဝှက်လွန်းလှပြီး သူနေထိုင်ရာနေရာကို သွားရောက်ရှာဖွေခြင်းခံရဖို့ အမှန်တကယ်ကို ထိုက်တန်ပါတယ်။
နောက်ထပ် ဆယ်နှစ် အနှစ်နှစ်ဆယ်အတွင်းမှာ နတ်ဆိုးလေးရဲ့ စွမ်းအားတွေဟာ နယ်မြေဒေသများစွာကို တုန်လှုပ်စေပြီး ပြိုင်ဘက်ကင်းတဲ့ ဖြစ်တည်မှုတစ်ခုဖြစ်လာနိုင်တယ်။
အင်အားကြီးမားလွန်းလှတဲ့ ဘုရင်ခံတွေတောင် ထိုက်ိစ္စကို အရေးတယူရှိလာကြပြီး သူတို့ရဲ့ စစ်သူကြီးတွေကို နတ်ဆိုးလေးရှာဖို့ အမိန့်ပေးလိုက်တယ်။
” ဝိုး .. စစ်ဘုရင်က လှုပ်ရှားလာခဲ့ပြီတဲ့ .. သူ့ရဲ့ အကျော်ကြားဆုံး စစ်သူကြီး ရှစ်ယောက်ကိုတောင် တကယ်လွှတ်လိုက်တယ် .. အဲ့ဒီ နတ်ဆိုးလေးကို ရှာဖို့ စိတ်ပိုင်းဖြတ်လိုက်ပုံပဲ ..။”
” သစ်သားဘုရင်ကလည်း ပါ၀င်လာခဲ့ပြီလေ .. သူက သူ့ရဲ့ မြေးကို ရှာဖို့အတွက်လည်း အဆင့်မြင့် ကျင့်ကြံသူအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခိုင်းလိုက်တယ် .. သူတို့က ကောင်လေးကို ပါ အရမ်းလိုချင်နေကြပုံပဲ .. သူတို့ မိသားစုကြီးတွေထဲကို ၀င်စေချင်တာ နေမယ် ..။”
အင်အားကြီး နိုင်ငံပေါင်းများစွာဟာလည်း လှုပ်ရှားလာခဲ့တယ်။ နတ်နန်းကျောင်းတော်ကြီးနဲ့ ကျူ လုကျောင်းတော်တို့ကို စစ်တပ်တွေ စေလွှတ်လိုက်ကြတယ်။ သူတို့တွေမှာ ပိုမိုကောင်းမွန်တဲ့ ရွေးချယ်စရာမရှိတာကြောင့် ဟောင် တစ်ဖက်ဖက်ကို ရွေးချယ်လာမှာကိုပဲ စောင့်ဆိုင်းဖို့ အေးအေးဆေးဆေး ဆုံးဖြတ်လိုက်တယ်။
ကျောက်ခေတ်အင်ပါယာတိုင်းပြည် သာမက အိမ်နီးချင်း ရှေးဟောင်းတိုင်ပြည်တွေပါ ရှုတ်ရှုတ်သဲသဲ ဖြစ်လာခဲ့ကြတယ်။ ထို့ကြောင့်လည်း အဖြစ်အပျက်ပေါင်းများစွာဟာ မြန်ဆန်စွာပဲ စ်ြပွားသွားကြတယ်။
” သတင်းတွေ ကြားပြီးပြီလား .. အင်ပါရီယာမြို့တော်ကို အချိန်အကြာကြီး စွန့်ခွာပြီး လေ့လာရေးခရီးရှည်ထွက်သွားတဲ့ တော်၀င်မင်းသမီးလေး ပြန်ရောက်လာတဲ့ ကောလာဟလတွေ ထွက်နေတာ ..။”
ထိုသတင်းအသစ်က အရမ်းကို အံ့သြစရာကောင်းသွားခဲ့တယ်။ ကျင့်ကြံသူအများစုကလည်း ခန့်မှန်းနေကြတယ်။ ကမ္ဘာလောကတုန်လှုပ်စေနိုင်လောက်အောင် လှပတဲ့ တော်၀င်မင်းသမီးလေးက နတ်နန်းကျောင်းတော် ဒါမှမဟုတ် ကျူ လုကျောင်းတော်ကို သွားရောက်သင့်နေတယ် မဟုတ်လား။
” ညသန်းခေါင်မှာ သူခရီးထွက်သွားတုန်းက စီးနင်းခဲ့တဲ့ ဖီးနစ်ရထားက လေတိုက်သလို မြန်မြန်ဆန်ဆန် ပျံသန်းလာတာကို လူတွေအများကြီးက မြင်ခဲ့ကြတယ် .. သူ ဦးတည်ပြီး သွားနေတာက နတ်နန်း ကျောင်းတော်ကြီးကိုပဲ ..။”
နေရာအနှံ့အပြားမှာ မတည်ငြိမ်မှုတွေ ဖြစ်လာတယ်။ ရှေးဟောင်းမျိုးဆက်တွေဟာ အများကြီးကို ပေါ်ထွက်လာခဲ့ကြပြီး နတ်ဆိုးလေးနဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို လူတွေကြားမှာ ပြန့်နှံ့ခဲ့ကြတယ်။
” ရှေးဟောင်းသားရဲမျိုးဆက်ကလေးတွေအတွက် စိတ်၀င်စားစရာကောင်းတဲ့ သတင်းတွေက အတုတွေတော့ မဟုတ်လောက်ဘူး .. အကြောင်းကတော့ ရှီရီက လူငယ်မျိုးဆက်တစ်ချို့ကို စိန်ခေါ်ပြီး အောင်ပွဲတွေ ရယူနိုင်ခဲ့တာ.. အခုတော့ တစ်ယောက်ယောက်က သူ့ရဲ့မှတ်တမ်းကို ချိုးဖောက်လိုက်ပြီ .. သူတို့တွေ ထွက်လာကြပြီး ဒီအကြောင်းကို မေးတာက မထူးဆန်းဘူး ..။”
အင်အားကြီးတဲ့ တိုင်းပြည်များစွာကလည်း အာရုံစိုက်လာကြတယ်။ တစ်ချို့သော လူတွေက ဟောင်ကို ကြိုးနဲ့ချည်သလို မက်လုံးပေးချည်နှောင်ချင်ကြပြီး ရန်လိုနေတဲ့သူတွေ တစ်ချို့ရှိနေခဲ့တယ်။ မိုးကလန်ကြီးကတော့ အဆိုးဆုံးပဲ ဖြစ်တယ်။
ဧရာမနန်းတော်ကြီးများနဲ့ ကင်းမျှော်စင်များဟာ မိုးကလန်ကြီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ စံအိမ်တွေကို ဝိုင်းရံထားကြတယ်။ ကျင့့်ကြံသူ အမြောက်အမြားက နန်းတော်ခန်းမကြီးအတွင်းမှာ ခေါင်းချင်းဆိုင် တိုင်ပင်နေကြတယ်။ သူတို့ရဲ့ ဆွေးနွေးမှုတွေ အပြီးမှာတော့ နတ်ဆိုးလေးကို ရှာပြီး သူနဲ့ ပတ်သက်တဲ့ သတင်းတွေအားလုံးကို ဂရုစိုက်ဖို့ လိုအပ်တယ်လို့ သူတို့တွေဟာ ခံစားလိုက်ကြရတယ်။
သို့သော် သူတို့တွေဟာ အရမ်းကို ဂရုတစိုက်ပြင်ဆင်နေကြပေမဲ့လည်း နတ်ဆိုးလေးက သူတို့ရဲ့ အဖိုးတန်ရတနာလေး ရှီရီကို ခြိမ်းချောက်နိုင်မယ်လို့ မယုံကြည်ကြပါဘူး။ သူတို့တွေဟာ သူတို့ရဲ့ တူတော်မောင်အပေါ်မှာ အရမ်းကို မြင့်မားတဲ့ ယုံကြည်မှုတွေ ရှိနေတာကြောင့် ဖြစ်တယ်။
***