သုခကမ္ဘာက ရှီဟောင် - Chapter - 176 နတ်နန်းကျောင်းတော်ထက်သို့ လေနှင့်တိမ်တို့ စုဝေးခြင်း 2
- Home
- သုခကမ္ဘာက ရှီဟောင်
- Chapter - 176 နတ်နန်းကျောင်းတော်ထက်သို့ လေနှင့်တိမ်တို့ စုဝေးခြင်း 2
Chapter 176 နတ်နန်းကျောင်းတော်ထက်သို့ လေနှင့်တိမ်တို့ စုဝေးခြင်း 2
” သူက ရှီရီရဲ့ စံချိန်မှတ်တမ်းတွေကို ချိုးဖျက်နိုင်ပေမဲ့ တိုက်ခိုက်နိုင်စွမ်းက ရီအာနဲ့ ယှဉ်နိုင်ဖို့ အဝေးကြီးလိုနေပါသေးတယ် .. ထိပ်တိုက်တွေ့ခဲ့ရင်တောင် သူ ချက်ချင်းအရှုံးပေးရလိမ့်မယ် .. ပြီးတော့ ရီအာမှာ အမွှာစွမ်းအားတွေရှိတဲ့အပြင် ဝှက်ဖဲကောင်းကောင်းတွေလည်း ရှိနေတာပဲ ..။”
” ဖိန်းအာ နဲ့ သူ့အစ်မလည်း နတ်နန်းတော်ကျောင်းတော်ကို ၀င်ကြလိမ့်မယ် .. ပိုပြီး အာရုံစိုက်ထားကြဖို့ သူတို့ကို ပြောထား .. သူတို့အနေနဲ့ သံသယဖြစ်စရာတစ်ခုခုကိုတွေ့ရင် အတတ်နိုင်ဆုံးအကောင်းဆုံးလုပ်ခိုင်းလိုက် .. နောက်ပြီး သူတို့ထက်ပိုပြီး ထူးခြားတဲ့ လူငယ်၂ယောက်လောက်လည်း အဲ့ဒီကို ထပ်ပို့လိုက်တော့ ..။”
” အမှန်ပဲ .. နတ်ဆိုးလေးရဲ့ အသက်အရွယ်အရတော့ သူ့ရဲ့ကျင့်ကြံမှုက နှစ်အများကြီး မရှိနိုင်သေးဘူး .. ဒါကြောင့် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ငါတို့ကလေးတွေထက်တော့ မကျော်နိုင်သေးဘူး …။”
အကြီးအကဲတစ်ချို့ရဲ့ စကားဝိုင်းက အရမ်းကိုအေးစက်နေပြီး သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက်နေတယ်။ လွန်လေပြီးသော နှစ်အနည်းငယ်အတွင်းမှာလည်း သူတို့ရဲ့ စိတ်နှလုံးတွေက မငြိမ်မသက်ဖြစ်နေပြီး စိုးရိမ်နေရတဲ့ အနေအထားနဲ့ အမြဲရှိနေခဲ့တယ်။
ရှီကျိလောင်နဲ့ သူ့ရဲ့ မိန်းမပျောက်နေပြီး သူတို့ရဲ့ ကလေးလည်း ရှိနေသေးတာက သူတို့ရဲ့ စိတ်ဝိညာဉ်ထဲမှာ နံပါတ်တစ် ဆူးတစ်ချောင်း ဖြစ်နေခဲ့တယ်။ ထို့ကြောင့် အသက်အရွယ်အတူတူလောက် ပါရမီရှင်တစ်ယောက်ယောက် ပေါ်လာတာနဲ့ သူတို့က ဟုတ်သော်ရှိ မဟုတ်သော်ရှိ အမြစ်ဖြတ်ချေမှုန်းသွားကြမှာဖြစ်တယ်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက သူတို့တွေဟာ ရှီကျိလင်ကို သတ်ဖို့ ကျင့်ကြံသူအများကြီးကို စေလွှတ်ခဲ့ပေမဲ့ သူတို့အားလုံးရှုံးနိပ့်သွားခဲ့ရတယ်။ အနောက်ဘက်နယ်နမိတ်က မိသားစုကြီးသုံးခုဟာ သွေးလွှမ်းသွားခဲ့ပြီး သူတို့တွေလည်း လွှတ်မြောက်သွားတယ်။
လက်ရှိမှာ သိုင်းဘုရင်ရဲ့မိသားစုက လူတွေဟာ သူတို့ကို ပြန်လည်ရှာဖွေနေကြတယ်။ ထို့ကြောင့် သူတို့တွေက အရာရာတိုင်းကို အာရုံစိုက်နေတာဖြစ်တယ်။ ပြီးတော့ သူတို့ရဲ့ ရှီရီတင်ထားတဲ့ စံချိန်မှတ်တမ်းကို နတ်ဆိုးလေးက ချိုးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဘယ်သူမှ သူတို့လက်တုံပြန်လာမှာကိုလည်း မသိဖို့အရေကြီးတယ်။
” သိုင်းဘုရင်က သူ့ရဲ့ အထီးကျန်ခြင်းတွေအတွက် သူ့ကိုယ်သူ ပိတ်လှောင်လိုက်ပြီး နှစ်ပေါင်းများစွာကြာတဲ့အထိ ပေါ်မလာတော့ဘူး .. သူ သေသွားလား .. အသက်ရှင်ရက် ရှိနေသေးလားဆိုတာတောင် ငါတို့ မသိရတော့ဘူး .. အတိတ်ကာလတုန်းက သူက အင်ပါရီယာပြည့်ရှင်ရာထူးနေရာကိုတောင် ယှဉ်ပြိုင်နိုင်ခဲ့တယ် .. ဒါကြောင့် သူက ထိတ်လန့်စရာကောင်းတဲ့ ဖြစ်တည်မှု ဖြစ်နေတာ …။”
ထိုလူတွေဟာ တုန်လှုပ်ချောက်ခြားစရာကောင်းတဲ့ မိသာစုကြီးတွေဖြစ်တယ်။ အင်ပါရီယာ မြို့တော်အတွင်းမှာ ထူးချွန်တဲ့ပါရမီရှင်တွေ အများကြီးရှိနေရင်တောင် ရှီရီတစ်ယောက်တည်းက သူတို့တွေ အားလုံးကို ကျော်ဖြတ်ဖို့ လုံလောက်နေခဲ့တယ်။ အရမ်းကို ကြောက်စရာကောင်းပါတယ်။
ဟင်းလင်းပြင် နတ်ဘုရားကမ္ဘာ နဲ့ အဆုံးအစမဲ့ နယ်နိမိတ်တွေကို ပိုင်ဆိုင်ထားတဲ့ ရှေးဟောင်းတိုင်းပြည်တွေက မိသားစုကြီးတွေဟာ လှုပ်လှုပ်ခပ်ခပ်ဖြစ်နေကြပါပြီ။ ဟောင်နဲ့ ချင်ဖန်းတို့ နှစ်ယောက်ကတော့ ရှေ့ဆက်ခရီးနှင်လို့နေဆဲဖြစ်တယ်။ သူတို့တွေဟာ ဟင်းလင်းပြင် နတ်ဘုရားကမ္ဘာကနေ နတ်နန်းကျောင်းတော်နဲ့ ကျူ လုကျောင်းတော်တို့ရဲ့ တည်နေရာအတိအကျကို သိခဲ့ရတယ်။ ထို့ကြောင့် သူတို့ ရဲ့ ခရီးလမ်း ဦးတည်ချက် ဖြောင့်မတ်သွားခဲ့တယ်။
သူတို့ရဲ့ လမ်းခရီးက တကယ်ကို ရှည်လျှားလွန်းခဲ့တယ်။ သူတို့ ခန့်မှန်းချေ တွက်ချက်မှုတွေအရ အနည်းဆုံးလီ တစ်သိန်းခန့်ဝေးကွာနေဆဲဖြစ်တယ်။ အရမ်းကိုကြီးမားတဲ့ မြို့ကြီးတွေနဲ့ အဆုံးမဲ့တောင်တန်းတွေက သူတို့ကို ပိုင်းခြားထားသလိုဖြစ်နေတာကြောင့် လီသန်းချီဝေးကွာနေသေးသလို အထင်ရောက်စေပါတယ်။
သူတို့ လမ်းခရီးဟာ တွက်ချက်တိုင်းတာပြလို့မရနိုင်တဲ့ အန္တရာယ်တွေ ပြွတ်သိပ်နေတာကြောင့် သာမန်လူတွေသွားလာဖို့ဆိုတာ လုံး၀မဖြစ်နိုင်ပါဘူး။ ရက်စက်တဲ့ သားရိုင်းကောင်တွေဟာ မြေပြင်မှာ ပြည့်နှက်နေသလို ငှက်ဆိုးတွေကလည်း ကောင်းကင်မှာအချိန်မရွေးပေါ်လာတတ်တာကြောင့် ခရီးလမ်းက ကြမ်းတမ်းနေခဲ့ပါပြီ။
လူသားတွေ နေထိုင်တဲ့နယ်မြေဒေသတွေဟာ သမုဒ္ဒရာကြီးထဲက ကျွန်းလေးတွေလောက်ပဲ ရှိတယ်။ အင်အားကြီးမားတဲ့ မျိုးနွယ်စုတွေတောင် အကန့်အသတ်ရှိပြီး ရှေးဟောင်းသစ်တောတွေအထိ နယ်ချဲ့လို့မရသေးပါဘူး။ အရမ်းကို ကြီးမားတဲ့ မြို့ကြီးတွေကို တစ်မြို့ပြီးတစ်မြို့ တဖြည်းဖြည်းချင်း တည်ထောင်နေရတယ်။ ထိုအရာက ကြီးမားကျယ်ပြန့်တဲ့ လွှင်ပြင်တွေနဲ့ အဆုံးမဲ့တောင်တန်းတွေကို ပိုင်းခြားချင်တာကြောင့် ဖြစ်တယ်။
ကောင်လေးနှစ်ယောက်က လူကြီးတွေရဲ့ အကာအကွယ်မပါပဲ ခရီးသွားနေတာကို လူတွေသိနိုင်ဖို့ အခွင့်အရေးမရှိပါဘူး။ သူတို့တွေဟာ အဆုံးမဲ့တောင်တန်းတွေကြားမှာ မရေမတွက်နိုင်တဲ့ အန္တရာယ်နယ်မြေတွေကို ဖြတ်ကျော်ရတယ်။ သွေးချောင်းစီးတိုက်ပွဲတွေကိုလည်း စဉ်ဆက်မပြတ်တွန်းလှန်တိုက်ခိုက်ရပြီး အသက်လုပြေးရတဲ့ အချိန်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ သေခြင်းရှင်ခြင်းတိုက်ပွဲတွေကြားကနေ ဖောက်ထွက်ပြီး ခရီးဆက်နေဆဲဖြ၀်တယ်။
ထိုအရာက အကောင်းဆုံးနဲ့ စစ်မှန်သော လေ့ကျင့်ပေးမှုပဲ ဖြစ်တယ်။ သူတို့တွေဟာ လမ်းတစ်လျှောက်မှာ မြို့ကြီးဆယ်မြို့ကို ဖြတ်ကျော်ခဲ့ရပြီး ခေတ္တခဏသာ အနားယူခဲ့တယ်။
သူတို့တွေဟာ အရမ်းကြီးမနှေးကွေးနေပေမဲ့ အတွေ့အကြုံတွေတော့ အများကြီးရခဲ့ကြတယ်။ ထို့နောက်မှာ ခရီးပိုတွင်စေဖို့အတွက်လည်း တစ်ခါတစ်ရံမှာ သားရိုင်းကောင်တွေကို ဖမ်းဆီးပြီး စီးခဲ့ကြတယ်။
မျက်စိတမှိတ်အတွင်းမှာပဲ နောက်ထပ်လအနည်းငယ်ကြာသွားပြီး သူတို့ဟာ လီခြောက်သောင်း ခုနှစ်သောင်းလောက် ခရီးပေါက်လာခဲ့တယ်။ သူတို့က ကြောက်မက်ဖွယ်ရာကောင်းတဲ့ သားရိုင်းကောင်တွေပေါ်ကနေ မြန်မြန်ဆန်ဆန် ခရီးသွားစဉ်မှာပဲ အ၀တ်အစားတွေက စုတ်ပြတ်ကုန်တာကြောင့် သူဖုန်းစားလေးတွေနဲ့တောင် တူကုန်ကြပါတယ်။
လက်ရှိမှာတော့ သူတို့တွေရဲ့ နယ်မြေတွေကို နားလည်သဘောပေါက်နိုင်စွမ်းက မြို့နေလူတန်းစားတွေထက် သာလွန်နေခဲ့တယ်။ တစ်ခါတစ်လေမှာ ထူးခြားတဲ့ အနံ့လေးတစ်ခု ဒါမှမဟုတ် မြက်ပင်လေးတွေကို လေတိုက်သွားတဲ့ အယိမ်းအနွဲ့တွေကို ကြည့်ရုံနဲ့ ကျရောက်လာမဲ့ အန္တရာယ်ဆိုးတွေကို ကြိုတင်သိမြင်နေနိုင်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ သူတို့ဟာ ကောလာဟလတွေထဲက သန့်ရှင်းသော ရှေးဟောင်းတိုင်းပြည်ကို ရောက်လုနီးပြီဖြစ်တယ်။
နတ်နန်းကျောင်းတော်ကြီးနဲ့ ကျုလုကျောင်းတော်ကြီးဟာ လမ်းကြောင်းတစ်ခုတည်းပေါ်မှာ တ်ာရှိနေပြီး တစ်ကျောင်းနဲ့ တစ်ကျောင်းက ကပ်ရပ်တည်ရှိနေတယ်။ မှန်ပါတယ်။ ကျောင်းနှစ်ကျောင်းက လီပေါင်း ၉၀,၀၀၀လောက်ပဲ ကွာဝေးပါတယ်။ ထိုအရာက ကျင့်ကြံသူတွေအတွက် နီးကပ်တယ်ဆိုပေမဲ့ သေမျိုးလူသားတွေအတွက်တော့ ကြောက်စရာအကွာအဝေးကြီးဖြစ်နေပါတယ်။
” ငါတို့ရောက်တော့မယ် .. နတ်နန်းကျောင်းတော်ကြီးကို ငါနဲ့ အတူ လိုက်ခဲ့နော် ..။”
ချင်ဖန်းက ဟောင် သူ့ကို ထားခဲ့ပြီး ထွက်သွားမှာကို အရမ်းကြောက်ရွံ့နေခဲ့တယ်။
ဆူးပင်ချုံနွယ်တွေကို တ်ိုးဝှေ့ပြီး ညစ်ပတ်ပေရေနေတဲ့ အ၀တ်အစားတွေနဲ့ ဟောင်တို့ထွက်ပေါ်လာခဲ့တယ်။ ဒါ့အပြင် အနက်ရောင်ဘောလုံးလေးတစ်လုံးလည်း လှိမ့်ထွက်လာတယ်။
” ငါတို့ရဲ့ အခြေအနေပေါ် မူတည်ပြီး ငါ ကြည့်ဆုံးဖြတ်တာပေါ့ ..။”
ဟောင်က ပြောလိုက်တယ်။
ချင်ဖန်းက ပြောလိုက်ပါတယ်။
” မင်း မနေချင်ဆိုရင်လည်း ငါ ထွက်သွားပေးမှာပါ ..။”
” ယိ .. လူတွ အများကြီးရှိနေတယ် ..။”
ဟောင်က အရမ်းကို အံ့သြသွားခဲ့တယ်။
နတ်နန်းကျောင်းတော်နဲ့ ဝေးကွာနေသေးတဲ့ နေရာကနေ သားရိုင်းကောင်တွေကို စီးနင်းလာကြတဲ့ လူတွေကို တွေ့လိုက်ရတယ်။
” ဝါး .. အစ်ကိုလေး .. မြန်မြန်ကြည့်ဦး .. အဲ့ဒါ ဒဏ္ဍာရီလာ အဖြူ ရောင်ကျောက်စိမ်း ဦးချိုပါ ဆင်ကြီးပဲ .. သူ့တစ်ကိုယ်လုံးက ဖြူ ဖွေးနေတာပဲ .. ဒါက နတ်ဘုရားဆန်တဲ့ စွမ်းအားသင်္ကေတတွေ သိပ့်သည်းနေပါလား..။”
ဒဏ္ဍာရီတွေရဲ့ အဆိုအရ အဖြူ ရောင်ကျောက်စိမ်း ဦးချိုပါ ဆင်သားရဲကြီးဟာ အနောက်ပိုင်း ကောင်းကင်ကို ကာကွယ်ပေးတဲ့ သားရဲကြီးဖြစ်တယ်။ ဒီနေရာမှာ သူ့ရဲ့ မျိုးဆက်တစ်ကောင်ကို တွေ့လိမ့်မယ်လို့ မမျှော်လင့်ထားကြပါဘူး။
ဟောင်က ခေါင်းညိတ်လိုက်တယ်။
သူတို့တွေဟာ လီပေါင်းများစွာကို တစ်တော်၀င် တစ်တောင်တက် တစ်မြို့၀င် တစ်မြို့ထွက် ခရီးသွားခဲ့ကြပြီးပါပြီ။ သူတ်ုိ့ဟာ လက်ရှိအခြေအနေကို ပိုပြီး သဘောပေါက်လာခဲ့ကြသလု်ိ သူတို့ရဲ့ အသိအမြင်တွေလည်း အနည်းငယ်တိုးတက်လာခဲ့တယ်။
အနောက်ပိုင်းကောင်းကင်ဟာ အရမ်းကို ကြောက်စရာကောင်းပြီး အင်အားကြီးမားတဲ့ နယ်မြေတစ်ခုဖြစ်တယ်။ သူတို့မှာ အရမ်းကို ရှေးကျလွန်းတဲ့ သမိုင်းကြောင်းတွေလည်း တည်ရှိနေတာဖြစ်တယ်။
” ငါ .. အနိုင်ယူခဲ့တဲ့ တောပုန်းဓားပြတွေပြောတာတော့ သူတို့နဲ့ အနောက်ပိုင်း ကောင်းကင်က ပတ်သက်မှု တစ်ခုခုရှိနေတယ်တဲ့ ..။”
ဟောင်က မျက်မှောင်ကြုတ်လိုက်တယ်။ သူက အနောက်ပိုင်းကောင်းကင်ကြောင့် အကြီးအကျယ်တော့ စိတ်အနှောက်အယှက်မဖြစ်ခဲ့ပါဘူး။
” ဒါက တကယ်ကို အနောက်ပိုင်း ကောင်းကင်က လူတွေပဲ .. သူတို့မှာ နက်ရှိုင်းပြီး ရှေးကျတဲ့ ကျင့်စဉ်တွေ ရှိပြီးသားလေ .. သူတို့က နတ်နန်းကျောင်းတော်မှာ လာပြီး လေ့ကျင့်စရာမလိုပါဘူး ..။”
ချင်ဖန်းလည်း သံသယဖြစ်နေခဲ့တယ်။
” သူတို့ရဲ့ ကိစ္စထဲ ၀င်မပါချင်စမ်းပါနဲ့ ..။”
ဟောင်က ပြောပြောဆိုဆိုနဲ့ ချင်ဖန်းကို လှမ်းဆွဲကာ လမ်းဘေးကို ကပ်လိုက်တယ်။
ကောင်းကင်မှာ မိန်းမပျိုဆယ်ယောက်ကို တင်ဆောင်လာတဲ့ ငှက်ကြီးတစ်ကောင် ပေါ်ထွက်လာတယ်။ ငှက်ကြီးဟာ တောင်ပံတစ်ချက်ခပ်လိုက်တိုင်း ထိတ်လန့်ဖွယ်ရာ တောက်ပတဲ့ လေလှိုင်းဖြစ်ပေါ်သွားတယ်။
ထိုအချိန်မှာတော့ ချင်ဖန်းသာမက လမ်းပေါ်မှာ ရှိနေတဲ့ လူတွေအားလုံးပါ အရမ်းကို အံ့အားသင့်သွားကြတယ်။ သူတို့ဟာ အနားကပ်ကြည့်ဖို့အတွက် ခေါင်းတောင် မမော့နိုင်ကြပါဘူး။
ထိုအရာက ရှေးဟောင်းနတ်ဘုရားရဲ့ တိုက်ရိုက်သွေးမျိုးဆက်ကနေ ဆင်းသက်လာတဲ့ သက်တံ့ဒေါင်းဘုရင်ဖြစ်တယ်။ သူက အရမ်းကို အစွမ်းထက်ပြီး လျှ်ို့ဝှက်ဆန်းကြယ်ပါတယ်။
” ဟူး …”
မိုးကြိုးခွင်းသံလို ပေါ်ထွက်လာတဲ့အသံကြီးက တောင်တွေနဲ့ မြစ်တွေကို ယိမ်းထိုးသွားစေတယ်။ ရွှေရောင်လည်ဆံမွှေးတွေ တဖွားဖွားလွှင့်ပျံနေတဲ့ ခေါင်းနှစ်လုံး ခြင်္သေ့ကြီးတစ်ကောင်လည်း ထွက်ပေါ်လာတယ်။ သူက သက်တံ့ဒေါင်းဘုရင်ကြီးကို မကျေမနပ်နဲ့ အော်ဟစ် ကြိမ်းဝါးလိုက်သလိုပါပဲ။
” သူက ရှေးဟောင်းမင်းဆက်တွေရဲ့ သားရဲကောင် မဟုတ်လား ..။”
လူအားလုံးဟာ အံ့အားသင့်သွားခဲ့ကြတယ်။
ထိုအရာက ရှေးခေတ်ဟောင်းတိုင်းပြည်ရဲ့ တော်၀င်မိသားစုတွေ ပိုင်ဆိုင်တဲ့ ရှေးဟောင်းသားရဲမျိုးဆက်ဖြစ်တယ်။
” ဒါ .. ဒါက တော်၀င်မှူ းမတ်တွေနဲ့ မင်းသမီးလေးပဲ .. သူတို့လည်း နတ်နန်းကျောင်းတော်ကို ရောက်လာကြတာလား .. ဒါက တကယ်ကို အံ့သြစရာကောင်းတာပဲ..။”
ခေါင်းနှစ်လုံးရှိတဲ့ ခြင်္သေ့ကိုးကောင်ရဲ့ ကျောပေါ်မှာ ထူးဆန်းတဲ့ လူတစ်ယောက်နဲ့ နန်းဆောင်တစ်ခုရှိနေတယ်။ ထိုဟာက အဆင့်မြင့်ကျင့်ကြံသူတွေ အများအပြားရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ ရှိနေတဲ့ မြင့်မြတ်သော မင်းသား ဒါမှမဟုတ် မင်းသမီးတစ်ပါးပါးဖြစ်ပါလိမ့်မယ်။
ဟောင်နဲ့ ချင်ဖန်းက တစ်ယောက်ကို တစ်ယောက်ကြည့်မိလိုက်တယ်။ သူတို့ရဲ့ ခရီးစဉ်မှာ အရမ်းကို အဆင့်အတန်းမြင့်မားတဲ့ အင်အားကြီး ပုဂ္ဂိုလ်ကြီးတွေကို တွေ့ခဲ့ရတာဟာ အမှန်တကယ်ကို အံ့အားသင့်စရာကောင်းနေခဲ့တယ်။
သူတို့တွေဟာ ရှေ့ဆက်လျှောက်လာလေလေ အရမ်းကနု ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ ဝိညာဉ်သားရဲတွေနဲ့ သားရိုင်းကောင်တွေကို ပိုပြီးတွေ့လာခဲ့ကြတယ်။ ထိုဟာက တစ်ချို့လူတွေကို ကြောက်ရွံ့တုန်လှုပ်သွားစေတဲ့အထိ အထိတ်တလန့်ဖြစ်သွားကြတယ်။
ဟောင်တို့ဟာ ထိုလူတွေနဲ့ နှိုင်းယှဉ်လိုက်ရင် တကယ့်ကို သူဖုန်းစားနှစ်ယောက်တူနေပါတယ်။
” သူတို့က ဘယ်လိုလုပ်ပြီး သားရိုင်းကောင်တစ်ချို့ကို ယူလာနိုင်ကြတာလဲ .. ငါတို့လည်း သွားဖမ်းကြမလား..။”
” မေ့လိုက်စမ်းပါ .. ဒီမှာ ဘာလို့ လူတွေအများကြီး ရောက်လာရတာလဲ ..။”
ဟောင်က သံသယကြီးကြီးမားမား၀င်လာပြီ ဖြစ်တယ်။
” မင်း မသိသေးဘူးလား .. မကြာခင်တုန်းက နတ်နန်းကျောင်းတော်က မယုံနိုင်စရာတွေဖြစ်ခဲ့တယ် .. ဟင်းလင်းပြင် နတ်ဘုရားကမ္ဘာထဲက ထူးဆန်းတဲ့ နတ်ဆိုးလေးက ဒီကို ရောက်လာမှာတဲ့ .. အဲ့ဒီ ကောလာဟလတွေကြောင့် လူတော်တော်များများက ဒီကို ရောက်လာကြတော့တာပဲ ..။”
ချင်ဖန်းက ထိုစကားကို ကြားလိုက်တာနဲ့ ဘေးကနေ လှောင်ရယ်ရယ်လိုက်တယ်။
” မင်းက ထူးဆန်းတဲ့ နတ်ဆိုးနေမယ် ..။”
ဟောင်က အသံတိတ်ကျိန်ဆဲပစ်လိုက်တယ်။ သူက စိတ်ရှုပ်သွားတဲ့ အမူအယာနဲ့ မေးလိုက်တယ်။
” ဒါက ကိစ္စကြီးလားကွာ ..။”
” အာ .. အင်အားကြီးအများအပြားက သူ့ကို ရှာချင်နေကြတာ .. တစ်ချို့က သူတို့အဖွဲ့ထဲကို ၀င်စေချင်ကြတယ် .. တစ်ချို့ကို သူ့ကို ဒုက္ခပေးချင်နေကြတာ..။”
ချင်ဖန်းက သူ့ကို လမ်းပေါ်ပြန်ဆွဲခေါ်လာပေမဲ့ ဟောင်က မကျေမနပ်ဖြစ်နေတာကြောင့် စကားမပြောတော့ပါဘူး။
” ကြည့်ကြဦး .. ဒီလောက်လှတဲ့ ငှက်က ဘယ်လောက်တောင် ထူးဆန်းလိုက်သလဲ .. ဒါက အစိမ်းရောင် ဖီးနစ်လား ..။”
လူတစ်ချို့ဟာ ထိတ်လန့်တကြားအော်ဟစ်လိုက်တယ်။
ကောင်းကင်မှာ ရထားတစ်စင်းပေါ်လာကာ တောက်ပတဲ့ အရောင်တွေထွန်းလင်းလာတယ်။ လူအားလုံးဟာ သူတို့ရဲ့ ခေါင်းပေါ်ကနေ ပျံသန်းသွားတဲ့ အစိမ်းရောင် ဖီးနစ်ရထားလုံးကို ကြည့်လိုက်ကြတယ်။
” အဲ့ဒါ မီးတောက် လူမျိုးတွေရဲ့ ဖီးနစ်မြို့က နေမယ် .. အာ .. နောက်ထပ် ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ရောက်လာပြန်ပြီ ..။”
တစ်ယောက်က သက်ပြင်းချပြီး ပြောလိုက်တယ်။
ချင်ဖန်းကလည်း ညင်ညင်သာသာပြောလိုက်တယ်။
” ဒါမျိုးက ကြည့်ကို မကြည့်သင့်တော့တာပဲ ..။”
ဟောင်ကတော့ သူ့ရဲ့ နဖူးလက်နဲ့ထောက်ပြီး ခေါင်းခါနေခဲ့တယ်။
သိပ်မကြာခင်မှာပဲ သူတို့တွေဟာ နောက်ထပ် အံ့သြစရာကောင်းတဲ့ တစ်ခုကို ကြားလိုက်ရတယ်။ နတ်နန်းကျောင်းတော်ကြီးက သူတို့ရဲ့ သန့်စင်သော နယ်မြေကို လူသိရှင်ကြားဖွင့်ပေးတော့မဲ့ အကြောင်းဖြစ်တယ်။
ထို့အပြင် ဟောင်က ရှီရီ ရောက်လာမဲ့ နောက်ထပ် သတင်းအချက်အလက်တွေကိုလည်း ရရှိခဲ့တယ်။
” ဒီသတင်းတွေသာ မှန်လို့ကတော့ ဒီနေရာတော့ သွက်သွက်ခါကုန်တော့မှာပဲ .. နတ်ဘုရားကမ္ဘာက နတ်ဆိုးလေးလည်း ရောက်လာမှာ.. ရှီရီနဲ့ သူတို့မိသားစုကြီးထဲက ပါရမီရှင်မောင်နှမနှစ်ယောက်လည်း ပါလာနိုင်တယ် .. ကြည့်ရတာတော့ သူတို့တွေ ထိပ်တိုက်တွေ့ကြတော့မဲ့ ပုံပဲ..။”
” ဒါလို လန်းလွန်းတဲ့ သတင်းတွေကို ကာလည်း ကြားဖူးတယ် .. ရှီရီဆီမှာ ကြံ့ခိုင်လွန်းတဲ့ စိတ်ဝိညာဉ်ရှိပြီး သန့်စင်သော နယ်မြေမှာ ဘာလုပ်ပြမလဲဆိုတာ ကြည့်ချင်နေပြီ ..။”
ထိုကဲ့သို့သော သတင်းများ ပျံ့နှံ့သွားပြီးနောက်မှာ ထိုအရာက အငြင်းပွားဖွယ်ရာများစွာကို ဖြစ်ပေါ်စေခဲ့တယ်။ ထိုအရာက ရှေးခေတ်ဟောင်း တိုင်းပြည်ကို ဖြစ်စေ၊ နတ်ဘုရားတိုင်းပြည်ကိုဖြစ်စေ လုံးဝပေါက်ကွဲစေတဲ့ သတင်းတစ်ခုဖြစ်ခဲ့တယ်။
***