သုခကမ္ဘာက ရှီဟောင် - Chapter - 177 သန့်စင်သော နယ်မြေ
Chapter – 177 သန့်စင်သော နယ်မြေ
တောင်တန်းတွေဟာ အနိမ့်အမြင့်အတက်အကျများနဲ့ အပြင် အိုမင်းတဲ့သစ်ပင်ကြီးတွေကလည်း နေရာအနှံ့အပြားတွေ့ရပြီး မြူခိုးမြူငွေ့တွေမှိုင်းနေတယ်။
သူတို့ နတ်နန်းကျောင်းတော်ကို နီးလာတာနဲ့အမျှ အရာရာကပိုပြီးသာယာလာတယ်။
တောင်တန်းတွေကို ဖြတ်ကျော်ရတာက မခက်ခဲတော့ပါဘူး။ ပြီးတော့ အရောင်စုံမြူခိုးမြူငွေ့တွေကြားမှာ သားရဲတိရိစ္ဆာန်ပေါင်းစုံဟာ ကျက်စားနေကြတာကို တွေ့ရတယ်။
လမ်းတစ်လျှောက်မှာ ရေသန့်ရှင်းစင်ကြယ်တဲ့ကန်တွေကိုလဲတွေ့ခဲ့ကြတယ်။
ကန်ထဲမှာရှိတဲ့ နတ်ငါးတွေရဲ့အကြေးခွံကအရောင်တွေဟာ ရေကန်မျက်နှာပြင်ကို ထင်ဟပ်ပြီးလင်းလက်တောက်ပလောက်အောင်ရေကန်တွေကသန့်ရှင်းစင်ကြယ်ကြတယ်။
လူတစ်ယောက်က “ဒီနေရာက တကယ်ကိုအတော်ကိုကောင်းတဲ့နေရာပဲ.. ။ နတ်နန်းကျောင်းတော် အနီးပါတ်ဝန်းကျင်ပဲရှိသေးတယ်ဆိုပေမဲ့ ဒီလောက်ဝိညာဉ် စွမ်းအားများလိမ့်မယ်လို့ မထင်ထားမိဘူး … တစ်ကယ်ကိုလေ့ကျင့်ဖို့ သင့်တော်တဲ့နေရာမျိုးပဲ… ” ရေရွတ်လိုက်တယ်။
” ဟူး ,သူတို့ရဲ့ အမွေအနှစ်တွေကို ဟိုးရှေးဟောင်းခေတ်ကနေ အခုထိ သယ်ယူနိုင်တာလဲမပြောနဲ့… ဒီ မြင့်မြတ်တဲ့မြေကိုပဲ ကြည့်ပြီး ဒီနေရာက သန့်ရှင်စင်ကြယ်တယ်မြင့်မြတ်တယ်ဆိုတာသိနိုင်တယ် … ။”
လမ်းတစ်လျှောက်မှာ လူတွေကို ပိုပိုပြီး တွေ့လာရတယ်။ လမ်းမကြီးကလည်း တောင်တန်းတွေကြားမှာ ကျယ်ပြန့်ပြီးထွက်သွားတယ်။ သားကောင်ကြီးတွေကိုမတွေ့ရတော့ပဲ သွားရလာရတာပိုပြီး အန္တရယ်ကင်းလာတယ်။ ယှဉ်ပါးနေပြီ ဖြစ်တဲ့ငှက်တွေနဲ့ သားကောင်တွေကိုပဲ တွေ့ရတော့တယ်။
လီ ၁၀၀ ကျော်ရှေ့တည့်တည့်ကို ဖြတ်ကျော်လာပြီးတဲ့အခါမှာ မြေကြီးပေါ်မှာစိုက်ထားတဲ့ကျောက်တိုင်ကြီးမှာ စကားလုံးသုံးလုံးကို ထွင်းထားတာကို တွေ့လိုက်ရတယ်။
“နတ်နန်းကျောင်းတော်” … ။
(Direct translation didn’t work for me , So I use my word XD ,Heaven Mending Pavilion)
ထိုးထွင်းထားတဲ့စာလုံးတွေက ထင်းလင်းပြတ်သားပြီး မြင်ရုံနဲ့သိသာလောက်တဲ့ကြီးမားတဲ့စွမ်းအားကို လူတိုင်းရဲ့အမြင်အာရုံကို မထင်တထင် ပြသထားတယ်။ အင်မတန်ကြီးမားလွန်းတဲ့ကျောက်တိုင်ကြီးက လူတိုင်းအပေါ်ကို အထင်သေးအမြင်သေးစွာ စိုက်ကြည့်နေသကဲ့သို့ တည်ရှိနေတယ်။
ဒီကိုရောက်လာတာက နတ်နန်းကျောင်းတော်ကို ချဉ်းကပ်လာကြောင်းကိုသာပဲပြချင်းဖြစ်ပြီး ဂိတ်မကြီးမဟုတ်သေးပဲ ဒီနေရာက အပြင်ပိုင်းကျသေးကြောင်း ပြနေပါတယ်။
“လူတွေအများကြီးပဲ …။”
ရှီချင်ဖန်းက တအံ့တဩ ရေရွတ်လိုက်တယ်။ ဒီကို ရောက်လာတာနဲ့ပဲ ထောင်ပေါင်းများစွာသော လူတွေဟာ စောင့်ဆိုင်းနေကြပြီးဖြစ်တယ်ဆိုတာကို သူသိလိုက်ရတယ်။ နေရာတစ်ခုလုံးလူတွေနဲ့ပြည့်နှက်နေတာပဲဖြစ်တယ်
” ဘာဖြစ်လို့လူတွေ အဲ့လောက်များရတာလဲ …” ဆိုပြီး တစ်ခြားလူတွေလည်း သူ့အတိုင်းပဲ အံ့ဩနေကြတယ်။
ဘေးကလူတစ်ယောက်က ” နည်းနည်းလေးတွေး ကြည့်ဦးလေ .. နတ်နန်းကျောင်းတော်က လူသစ်ခေါ်တာကို ဘယ်သူက မဝင်ချင်ပဲနေမဲ့သူရှိပါ့မလဲ … ။ ဒီနေရာက မြင့်မြတ်တဲ့ နယ်မြေ … မျိုးနွယ်စုကြီးတွေတောင်မှ ဒီနေရာမှာ နာမည်ကောင်းရဖို့ဆိုရင် အတော်ကြိုးစားယူရတာ..” ဆိုပြီး ပြောလိုက်တယ်။
လူထောင်ပေါင်းကျော်က ရောက်လာတာကြာပြီး စောင့်ဆိုင်းနေတာ ရက်ချီနေပြီဖြစ်တယ်။ ကျောက်တိုင်အရှေ့နားလေးမှ တောင်ကုန်းတွေက လူတွေနဲ့ ပြည့်ကျပ်နေပြီဖြစ်တယ်။ တစ်ချို့လူတွေက သားရဲအရေခွံတွေကို ခင်းပြီးထိုင်နေကြတယ်။
“ကမ္ဘာကြီးက ကျယ်ပြန့်ပြီး ဝေးကွာလွန်းလှပါတယ်… အဲ့မှာပဲ သွားရလာရခက်ခဲလှတဲ့နယ်မြေတွေက အများကြီး … လူအများစုက လီ ၁၀၀,၀၀၀ ကျော်ကိုဖြတ်ပြီး လာဖို့မတတ်နိုင်ကြဘူး … မဟုတ်ရင် ဒီမှာ လူကပိုများဦးမှာ ..။” ဆိုပြီး လူကြီးတစ်ယောက်က သက်ပြင်းချကာ ပြောလိုက်တယ်။
ထိုလူကြီး ပြောလိုက်တာလဲ မှန်တယ်။ မျိုးနွယ်စုအသေးတွေအတွက်က လီထောင်ကျော်ဖြတ်သန်းလာဖို့ဆိုတာ ခက်ခဲလွန်းတယ်။ သူတို့ရဲ့မျိုးနွယ်စုတစ်ခုလုံး အားကုန်သုံးကာ သူတို့ရဲ့သားသမီးတွေကို ကာကွယ်ပြီးလာမယ်ဆိုရင်တောင် ဒီကိုရောက်လာဖို့ ခက်ခဲတယ်။
အတော်ဆုံးပါရမီရှင်ကိုရွေးချယ်ဖို့ နတ်နန်းကျောင်းတော်က ကိုယ်စားလှယ်တွေကို နယ်မြေရိုင်းကြီး တစ်လျှောက်ကို နှစ်စဉ်စေလွတ်လေ့ရှိတယ်။
ကိုယ်စားလှယ်တွေက လူမျိုးစုတွေအကုန်ဆီကနေ လိုက်လံလှည့်လည်ပြီး ထူးခြားတဲ့ပါရမီရှိတဲ့ ကလေးတွေကို ကိုယ်တိုင်ကိုယ်ကျ လိုက်ရှာပြီး နတ်နန်းကျောင်းတော်ကို တက်ရောက်ဖို့ခေါ်ယူလေ့ရှိတယ်။
ရှေ့မှာရှိတဲ့ လူထောင်ပေါင်းများစွာက မျိုးနွယ်ဝင်တွေရဲ့ အကာအကွယ်နဲ့ရောက်လာတဲ့မျိုးနွယ်စုကြီးတွေပဲဖြစ်တယ်။
ဒီနေရာမှာရှိတဲ့ အခြေအနေက အရမ်းအရမ်းကို အသည်းအသန်ဖြစ်နေတယ်။ မျိုးနွယ်စုကြီးတွေနဲ့သူတို့ရဲ့ အကောင်းဆုံးရွေးချယ်ထားတဲ့ လူငယ်တွေနဲ့ပြည့်နှက်နေတယ်။
“ဒါကနည်းသေးတယ်ပြောရမယ် … နောက်ရက်နည်းနည်းနေလို့ လူရွေးတာ စပြီဆိုရင် ပိုပြီးတောင် လူတွေက ပိုများလာလိမ့်မယ် .. ” ဆိုပြီး အသက်ဆယ့်ခြောက် ဆယ့်ခွန်အရွယ်လူငယ်တစ်ယောက်ကပြောလိုက်တယ်။
သူ ဒီကိုလာတာသုံးကြိမ်မြောက်ရှိပြီ ဖြစ်ပြီး အရင်နှစ်ခေါက်စလုံး အရွေးမခံခဲ့ရပါဘူး။
“အစ်ကိုကြီး.. ကြည့်ဦး .. လူထူလူဆန်းတွေ ဘာတွေလိုက်ရှာနေလဲမသိဘူး .. အစ်ကိုလေးကိုတော့ လိုက်ရှာနေတာမဟုတ်လောက်ပါဘူးနော် ..။”
ရှီချင်ဖန်းက တိတ်တိတ်လေးမေးလိုက်တယ်။
“အင်း ..။”
ဟောင်က ခေါင်းပြန်ညိတ်ပြလိုက်တယ်။
သူ နတ်နန်းကျောင်းတော်ကို သွားနေတဲ့အကြောင်းကို နတ်ဘုရားကမ္ဘာမှာ လွန်ခဲ့တဲ့လအနည်းငယ်က ပြန့်နှံ့နေတာဖြစ်တယ်။
တော်ဝင်မျိုးနွယ်စုတွေက အစပါဝင်တဲ့ အင်အားကြီးအဖွဲ့တွေ အကုန်လုံးက စစ်သူကြီးတွေကိုစေလွတ်ပြီး သူ့ကို စောင့်ကြည့်ဖို့စေလွတ်ခံထားရတာဖြစ်တယ်။
မနီးမဝေးမှာပဲ ဝတ်ရုံနက်ဝတ်ထားတဲ့ လူတစ်စုက အကြောက်အရွံ့မရှိတဲ့ မျက်လုံးတွေနဲ့ လျှောက်လာတာကိုတွေ့ရတယ်။ ကြည့်ရုံနဲ့ပဲ သေချာလေ့ကျင့်ထားတဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းကမှန်း သိသာပြီး တစ်စုံတစ်ခုကိုလိုက်ရှာနေတယ်ဆိုတာကို သိနိုင်တယ်။
ဒါပေမဲ့ လူထောင်ပေါင်းများစွာထဲမှာ ဆိုတော့ လူတွေကို ဘယ်သူလဲဆိုတာ သေချာအောင်လုပ်ရုံနဲ့ပဲ ခေါင်းကိုက်နိုင်တယ်။
အဲ့တာရဲ့တစ်ဖက်မနီးမဝေးမှာပဲ ဆွတ်ဆွတ်ဖြူ နေတဲ့ငှက်မွှေးလေးတွေ ကျရောက်လာတယ်။ သူတို့တွေ အကုန်လုံးမိန်းကလေးတွေဖြစ်ပြီး တစ်ယောက်ယောက်ကိုရှာဖွေနေတဲ့အလား မျက်လုံးတွေကို လှည့်လည်ကစားနေကြတယ်။
အဲ့လိုလူစုတွေ အများကိုရှိတာကို တွေ့ရတယ်။ ဟောင်က အနီးအနားမှာရှိတဲ့ လူတွေကိုဖြတ်ခနဲကြည့်လိုက်ပြီး အဲ့လိုလူတွေ အယောက်တစ်ရာလောက်ရှိမှန်း သိသွားတယ်။
ရည်ရွယ်ချက်တူတဲ့လူတွေ အယောက်တစ်ထောင်နီးပါးရှိပြီး အကုန်လုံးဟာ အခုလိုမျိုးတပ်သားတွေကိုစီစဉ်နိုင်တဲ့ အကြီးပိုင်းတွေက နေလာကြတာဖြစ်တယ်။
“မွှေးထူ .. သေယောင်ဆောင်နေတာရပ်ပြီး မြန်မြန်ထစမ်း .. ” ဆိုပြီး ဟောင်က သူ့ပုခုံးပေါ်မှာ သမ်းဝေနေတဲ့မျောက်လေးကို ကောက်ကိုင်လိုက်တယ်။
မျောက်လေးက ဝဝဖြိုးဖြိုးနှင့် အမွှေးကရွေရောင်ဖြစ်ရမှာဖြစ်သော်လဲ ဟောင်တို့အဖွဲ့က ညစ်ပတ်ပေပွနေပြီး မျောက်လေးရဲ့အမွှေးတွေက သားရိုင်းတစ်ကောင်ရဲ့ သွေးတွေနဲ့ညစ်မဲနေတာပဲဖြစ်တယ်။
“မင်းရဲ့ ပုံမှန်အသွင်ပြန်ပြောင်းစမ်း… လူတွေကို မင်းမှန်းမသိစေနဲ့..။”
ဟောင်က သတိပေးလိုက်တယ်။ ဒီနေရာက သာမန်နေရာမဟုတ်တော့ သူ့ကို ရွှေရောင်ကျူ ရန်မှန်းသိသွားရင် အကြီးအကျယ်တွေ ဖြစ်ကုန်မှာပဲ ဖြစ်တယ်။
မွှေးထူက မကျေမနပ်နဲ့ရေရွတ်လိုက်တာနဲ့ပဲ သူ့အမွှေးတွေကအဖြူရောင်ဖြစ်သွားပြီး သူ့ရဲ့မျက်လုံးကြီးတွေကလည်း ဘာအမူအရာမှမပြတော့ပဲ အသက်မဲ့သွားတယ်။
ပြီးတော့ ဟောင်ရဲ့ ပုခုံးပေါ်မှာ ပြန်လှဲလိုက်ပြီး ပြန်အိပ်ပျော်သွားတယ်။
တစ်ချိန်ထဲမှာပဲ ဟောင်ကလည်း အသွင်ပြောင်းနေတာကိုတွေ့ရတယ်။
သူ့ရဲ့မျက်နှာက တစ်ဖြည်းဖြည်းဝိုင်းဝိုင်းလာပြီး ပန်းသီးတစ်လုံးကဲ့သို့ ချစ်စရာကောင်းလာတယ်။
သူ့မျက်လုံးတွေက သေးသွားပြီး သူ့မျက်နှာက ပိုပြီးပြည့်လာတယ်။
“အင်း .. အသုံးဝင်သားပဲ .. ”
ရှီချင်ဖန်းရဲ့အံ့ဩပြီး ဝမ်းသာနေတာကို သူ့မျက်နှာမှအထင်းသားပေါ်လွင်နေတယ်။
သူ့အစ်ကိုကြီးရဲ့ မျက်နှာက အရင်ကလောက်မချောမောတော့ပေမဲ့ ဘယ်လိုကြည့်ကြည့် အတော်ကြီးကို ချစ်စရာကောင်းနေတယ်။
သူ့ရဲ့မျက်မှာကို ဆွဲဆိတ်ချင်စိတ်ကို မတရားကို ထိန်းထားလိုက်ရတယ်။
ဒီတစ်ခုဟာ ဟောင်က မွှေးထူဆီကနေ သင်ထားတဲ့ အစွမ်းတစ်မျိုးပဲဖြစ်တယ်။
အဲ့တာက မျက်နှာရဲ့ အရိုးပုံစံကိုပြောင်းလဲပစ်ပြီး မျက်နှာအသွင်ကို ပြောင်းတာပဲဖြစ်တယ်။
တော်တော့်ကို အံ့ဩစရာ အစွမ်းတစ်ခုပဲဖြစ်တယ်။
ကျူ ရန်က ရှေးဟောင်းလူဝံမျိုးနွယ်က လာတာလို့ သတ်မှတ်ကြတယ်။ ရှေးပြောစကားတွေအရ သူက အသွင်ပေါင်း၇၂မျိုး ပြောင်းနိုင်တယ်လို့ဆိုကြတယ်။ အဲ့တာက ရှေးခေတ်အခါမှာဆိုရင်တောင် ပြိုင်ဖက်မရှိတဲ့ နည်းစနစ်တစ်မျိုးလို့ဆိုလို့ရတယ်။
ဒါပေမဲ့ ကျူ ရန်ထဲမှာရှိတဲ့အမှတ်အသားတွေဟာ တော်တော်များများကို ဖျက်ဆီးခံထားရပြီး အမှတ်အသား အနည်းငယ်သာကျန်တော့တဲ့ အတွက် သူ့ရဲ့ အသွင်ပြောင်းစွမ်းအင်က လုံးဝဖျက်ဆီးခံရလုနီးပါးလို့ပြောရအောင် နည်းနည်းပဲကျန်ရှိတော့တယ်။ ပြန်ပြီးပြုပြင်လို့ မရသေးဘူး ဖြစ်နေပါတယ်။
ခေါင်းသုံးလုံး လက်ခြောက်ဖက်နည်းကဲ့သို့ ပြိုင်ဘက်ကင်း စွမ်းအင်နှစ်ခုစလုံးဟာ ပြန်လည်ဖန်တီးယူ၍မတော့ဘူးဖြစ်တယ်။
ဟောင်ကလည်း ကျူ ရန်ကို အချိန်အကြာကြီးလေ့လာခဲ့ပေမဲ့ ဘာမှဖြစ်ဖြစ်မြောက်မြောက် မသိရသေးတဲ့အတွက် နောင်တရမိတယ်။
” ချင်ဖန်း .. မင်းကတောင်တန်းမုဒ်ဝကို တောက်လျှောက်ဝင်သွားလို့ရတယ်.. ။ ဒီတံဆိပ်ပြားကို ယူသွားလိုက် …။ အဲ့တာဆို မင်း စမ်းသပ်စာမေးပွဲကို ဖြေစရာမလိုတော့ဘူး… ။ တစ်ခါထဲ နတ်နန်းကျောင်းတော်ရဲ့ တန်ဖိုးအထားရဆုံးတပည့်ဖြစ်လာလိမ့်မယ် … ”
“ကျွန်တော်..”
ချင်ဖန်းက သူ့ခေါင်းကိုငုံ့လိုက်တယ်။ အဲ့ဒီ့ တံဆိပ်ပြားက သူ့အစ်ကိုလေးရထားတဲ့ဟာဖြစ်တယ်။ ဒါပေမဲ့ သူ့ကိုပေးတယ်ဆိုတော့ သူနည်းနည်းတော့အရှက်ရမိတယ်။ လမ်းမှာတုန်းက သူကသူကိုယ်တိုင်စမ်းသပ်တာကိုအောင်မြင်အောင်လုပ်မယ် ပြောပေမဲ့ သူ့အစ်ကိုလေးက လက်မခံပါဘူး။
“ငါတို့က ညီအစ်ကိုတွေပဲကို ဘာမှယှဉ်ကျေးနေစရာမလိုပါဘူးကွာ… ”
ဟောင်က ပြန်ပြောလိုက်တယ်။
“အစ်ကိုလေး … ထွက်တော့မသွားပါဘူးနော် …။”
ချင်ဖန်းက စိတ်ပူစွာနဲ့ မေးလိုက်တယ်။
“စိတ်မပူနဲ့.. ငါထွက်မသွားဘူး .. ဒီ မြင့်မြတ်တဲ့မြေကိုရောက်လာပြီးမှတော့ .. ဘာဖြစ်ဖြစ်တစ်ခုခုကို မသင်မနေကို သင်သွားရဦးမှာ.. ဒီလိုနေရာကို ရောက်လာပြီးမှ လက်ဗလာနဲ့ပြန်ထွက်သွားလို့ ဘယ်ဖြစ်ပါ့မလဲ … ”
“အဲ့တာဆို စမ်းသပ်တာမဖြေခင်အထိ အတူနေပေးမယ် …။”
ချင်ဖန်းက လူငယ်လေးထွက်သွားကိုစိုးရိမ်၍ပြောလိုက်တယ်။
“လူတစ်ယောက် တံဆိပ်ပြားပြပြီး ဝင်နေတယ်ဟ .. ”
အဝေးမှာရှိတဲ့ လူတွေအော်တာနဲ့ ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ လူတွေအတော်များများက အဝေးကနေ မနာလိုတဲ့အကြည့်တွေနဲ့ကြည့်ကုန်ကြတယ်။
“ဒါက ဆယ့်ငါးယောက်မြောက်ပဲ .. အရင်နေ့တွေက ဆယ်ယောက်ကျော်လောက် တံဆိပ်ပြား သုံးပြီးဝင်သွားကြတယ် … ”
ဟောင် နဲ့ ချင်ဖန်းဟာ လူတွေဟာ ကျကျနနကို သေချာလိုက်လံစုံစမ်းထားကြမှန်းကို တအံ့တဩ သိလိုက်ရတယ်။
“ဒါက အဲ့လောက်ကြီးမဟုတ်သေးဘူး .. ဒီ့ထက်ကြီးကျယ်ခန်းနားတာတွေရှိသေးတယ် … ဟိုက တော်ဝင်အဖွဲ့အစည်းက လူတွေတွေ့လား … သူတို့ဆို အမြင့်ဆုံးပညာသင်ယူဖို့အတွက် တံဆိပ်ပြား လုံးဝမလိုတဲ့အပြင် သူတို့ရဲ့အခွင့်ထူးခံ သားသမီးတွေကို ပို့ကြတယ် … ”
လူတစ်ယောက်က နန်းဆောင်တွေအစီအရီရှိနေတဲ့ လှပလှတဲ့တောင်တန်းတွေဘက်ကိုလက်ညိုးညွန်ပြလိုက်တယ်။ လူကြီးလူကောင်းလို့ ထင်ရတဲ့လူတွေနဲ့ပြည့်နေပြီး မြင့်မြတ်တဲ့ သားရဲတွေဟာ တောင်ဝန်းကျင်မှာ နားနေတာကိုတွေ့ရတယ်။
လူတွေ အကုန်တုန်လှုပ်သွားတယ်။ အဲ့မှာရှိတဲ့သူတွေက အနောက်ကောင်းကင်မှ ဧကရာဇ်တွေရဲ့သမီးတော်တွေပဲ ဖြစ်တယ်။
ရှေးမျိုးနွယ်တွေရဲ့ မျိုးနွယ်ဆက်တွေလဲဖြစ်တယ်။ ရှီရီလိုမျိုး ထူးဆန်းလျှို့ဝှက်တဲ့ လူထက်တောင် ပိုပြီးစွမ်းအား ကြီးတဲ့ လူတွေဖြစ်တယ်။
ရက်တော်တော်များများအကြာမှာ ဤနှစ်အတွက် ပညာသင်ကျောင်းသားရွေးချယ်ခြင်းကို နတ်နန်းကျောင်းတော်က စတင်ပါတယ်။
ထင်ထားတဲ့အတိုင်းပဲ လူတွေကပိုပြီး များလာပြီး ကျောင်းပတ်ဝန်းကျင်မှာ လူကိုးသောင်းနီးပါးဟာ ကြပ်သိပ်နေပါတယ်။
နောက်ဆုံးမှာ အမှတ်တွေနဲ့ပြည့်နေတဲ့လူတစ်ဖွဲ့တောင်တန်းတွေဆီက နေရောက်ရှိလာပြီး တစ်ချို့က သားရဲအရိုးပေါ်တွင်ထိုင်ပြီး တစ်ချို့ကထူးဆန်းတဲ့ကျောက်တုန်းတွေပေါ်မှာထိုင်နေကြတယ်။
လေပေါ်မှာ ရှ်ိနေပြီး လူတိုင်းကိုကြည့်နေပါတယ်။
နတ်နန်းကျောင်းတော်ရဲ့ အဓိကအရေးအကြီးဆုံးပုဂ္ဂိုလ်တွေရောက်လာပြီလို့ ဆိုလို့ရပါတယ်။
သူကဘာမှမပြောပဲ လူတွေကိုတောင်တန်းမုဒ်ဝဆီသို့ ဦးဆောင်သွားပါတယ်။
လမ်းတစ်လျှောက်တွင်တောင်တန်းကြီးကား ဦးချိုမရှိသည့် နဂါးတစ်ကောင်လှဲလျောင်းနေသည့်အလားရှိပါသည်။ တောင်တန်းကြီးရဲ့ ကြီးမားလှတဲ့ စွမ်းအားထုတ်လွင့်မှုကြောင့် လမ်းတွင် ရှားပါးဆေးဖက်ဝင်အပင်များကို ကမ်းပါးစွန်းများတွင်တွေ့ရသော်လဲ မည်သူမျှ မခူးမဆွတ်ဝံ့ကြ။
တစ်ချို့သည် ရှေးဟောင်း စင်ကြယ်သောနယ်မြေရဲ့အနည်းငယ်ကိုမြင်ရ၍ အံ့ဩမဆုံးဖြစ်နေကြသည်။
“Yi , ဒီ ခွေးရွက်နွယ်က မျိုးသုဉ်းတော့မယ်လို့ ကောလဟာလတွေကြားနေရပေမဲ့ ဒီ အပင်ဟာဆို ဒီနေရာမှာပေါက်နေတာ နှစ်ရာကျော်နေပြီ”ဆိုပြီး တစ်ယောက်က ပြောလိုက်ပါတယ်။
မနီးမဝေးမှာရှိတဲ့ တောင်ကုန်းတွင် နက်မှောင်သော ထူးဆန်းသောပုံစံရှိတဲ့ နွယ်ပင်က ပေါက်ရောက် တွယ်ကပ်နေတာကို တွေ့ရတယ်။အပင်ကသန်ပြီး အရွက်တွေက နက်မှောင်၍ခွေးပုံစံနဲ့တူနေသည်ကို တွေ့ရသည်။
ကြီးလဲမကြီး ထူလဲမထူပဲ လက်ကောက်ဝတ်မျှသာရှိပြီး မီတာ အနည်းငယ်သာ ရှည်သည်။
“ပေါက်တတ်ကရတွေ တွေးမနေနဲ့ ..။ နတ်နန်းကျောင်းတော်က ဒီဆေးပင်တွေအကုန်သေချာကြည့်ထားတာ .. ။ အဲ့အပင်တွေက တစ်ကယ့်ဝိညာဉ်ဆေးဝါးမဖြစ်လာသည်အထိ သေချာစိုက်ထားတာ .. ။ နှစ်ပေါင်းထောင်ပေါင်းများစွာကြာရင်တောင် နောက်လာမဲ့မျိုးဆက်တွေအတွက် ထားထားတာ ..”တစ်ယောက်ကသတိပေးလိုက်တယ်။
လမ်းတစ်လျှောက် ရှားပါးအဖိုးတန်ဆေးပင်တွေကိုတွေမြင်ခဲ့ကြသည်။ တစ်ခြားသော နေရာမှသာဆိုရင်ဖြင့် ကောက်ယူခူးဆွတ်ပြီးဖြစ်သည်။ သို့သော် ဤနေရာတွင်ကား တောင်တန်းတွေပေါ်မှာ ပေါက်ရောက်ကြီးပြင်းနေသော်လည်း ပိုင်ဆိုင်ထားသူရှိသောကြောင့် မည်သူမှမထိဝံ့ပေ။
” ဟိုဘက်မှာ ဝိညာဉ်ဆေးပင်တွေ စုနေတယ်ဟ .. ” တစ်ယောက်က အလန့်တကြားထအော်လိုက်သည်။
လမ်းဘေးတစ်လျှောက်တွင်ကား တောအုပ်တစ်ခုတည်ရှိပြီး ထိုတောအုပ်အလည်တွင်ကားရေအေးကန်တစ်ခုတည်ရှိနေသည်။ ခရမ်းရောင်ရှိသောစွမ်းအင် အငွေ့တွေသည်ကန်မျက်နှာပြင်မှထွက်နေသည်။ ရေကန်မှ အလှမ်းဝေးသော်လဲ ကျက်သီးထဖွယ်ဖြစ်စေသည်။ကန်ဘေးတွင် ကန်ထဲတွင်အမြစ်တွယ်နေသည့် အရွက်လေးရွက်ရှိသည့်အပင်ပေါက်ရောက်နေသည်။ အပင်တစ်ပင်လုံး
ခရမ်းရောင်ဖြစ်ပြီး အရွက်တွင်ကြယ်ပုံကဲ့သို့အကွက်များက ချွင်းချက်မရှိလှပစေသည်။
“ဒီ ကြယ်ဆေးမြက်က အရွက်လေးရွက်တောင်ထွက်နေပြီ… ဒီဟာက ဝိညာဉ်ဆေးဝါးဆိုတာအသေအချာပဲ..။”
နတ်နန်းကျောင်းတော်ကြီးရဲ့အနက်ကိုလူတွေထပ်ပြီးကြုံတွေလိုက်ရပြန်တယ်။
ရှားပါးဆေးပင်တွေ နေရာအနှံ့ပေါက်ရောက်နေသော်လည်း ခိုးယူခံရမှာကိုမပူရ။
“အစ်ကိုလေး ကျွန်တော်တို့ ခူးခဲ့တဲ့ ဝိညာဉ်ဆေးပင်တွေက ဒီတစ်ခုနဲ့ယှဉ်ရင်ဘာမှဟုတ်မှာမဟုတ်ဘူး …” လို့ ချင်ဖန်းက အံ့ဩတဲ့ပုံစံနဲ့ တိတ်တိတ်လေး ပြောလိုက်တယ်။
ဟောင်က ခေါင်းညိတ်လိုက်တယ်။ သူတို့ လီပေါင်းများစွာ ဖြတ်သန်းလာတဲ့ကြားက အန္တရယ်ရှိလှပါတယ်ဆိုတဲ့ နေရာတွေက ခူးလာခဲ့သောဆေးပင်တွေထဲက သုံးခုလေးခုမျှသာ ဝိညာဉ်ဆေးဝါးဖြစ်သည်ဟု သတ်မှတ်လို့ရသည်။ အကုန်လုံးကလဲ ချင်ဖန်း သုံးလို့ကုန်ပြီဖြစ်သည်။
ပြောရရင်ဖြင့် ချင်ဖန်း သွေးဆင့်ကဲပြောင်းလဲခြင်း နယ်ပယ်ကို ဖောက်ထွက်နိုင်သည်မှာလည်း ထိုဝိညာဉ်ဆေးဝါးကြောင့်ဟု ဆိုရမည်ဖြစ်သည်။
“နောက်တစ်ခါပြန်လာပြီး နည်းနည်းလောက်လေ့လာကြရအောင် .. ။အင်း..မွှေးထူကို ပြီးရင် ပိုးမွှားတွေနဲ့ ပေါင်းပင်နည်းနည်းရှင်း ခိုင်းကြည့်လို့ရမလားပဲ .. ပြီးရင် ဆေးပင်နည်းနည်း ခူးကြည့်လို့ရမယ်ထင်တယ် ..။”
ဟောင်က ပြောလိုက်တယ်။
ရှီချင်ဖန်း ထခုန်လောက်အောင် ချက်ချင်းထိတ်လန့်သွားပြီး နောက်အဲ့အကြောင်းမပြောရဲလောက်အောင် ပါးစပ်ပိတ်ပြီး နေလိုက်ရတယ်။
နောက်ဆုံးမှာ ကြီးမားလှတဲ့တောင်တန်း မုဒ်ဝကိုရောက်လာကြတယ်။ တောင်တန်းနှစ်ခုသဘာဝအတိုင်းယှဉ်လျက်တည်ရှိနေပြီး မုဒ်ဝသဖွယ်ဖြစ်နေသည်။
မုဒ်ဝကြီးကား ကြီးမားမြင့်မားလှပြီး မြူ ခိုးများဝေသော လေထုဖြင့် လွှမ်းခြုံထားသည်။
“လူတွေအများကြီးလာကြပေမဲ့ အနည်းငယ်သာနေခွင့်ရတယ်… ။နောက်ထပ် လူ နည်းနည်း ထပ်ပြီး ဝင်သွားဖို့မျှော်လင့်ရတာပဲ …။”
အင်မော်တယ်ကဲ့သို့ အသွင်ရှိသော လူကြီးတစ်ယောက်ကပြောလိုက်သည်။
သူက တောင်တန်းမုဒ်ဝအပေါ်ရှိ ထုံးကျောက်တုံးအထက်တွင် ထိုင်၍ မြေပေါ်ရှိလူတွေအားကြည့်နေသည်။
” ချင်ဖန်း … သွားတော့ …”
ဟောင်က ပြောလိုက်သည်။
“အင်း …”
နောက်ဆုံးတွင် ရှီချင်ဖန်း တံဆိပ်ပြားကိုယူပြီး တောင်တန်းမုဒ်ဝဆီသို့သွားလိုက်သည်။
“နောက်ထပ် ပါရမီရှင်ဟ..၊ ဒီတစ်ယောက်နဲ့ဆို ဆယ့်ခြောက်ယောက်ရှိသွားပြီ”
လူတိုင်း ရေရွတ်လိုက်ပြီး အံ့ဩမနာလို ဖြစ်ကုန်ကြသည်။
ကြီးမားလှတဲ့ ငှက်ကြီးပေါ်လာပြီး ကောင်းကင်ယံတွင် တောင်ပံကိုခတ်ကာ မြေပြင်ကိုတိမ်စိုင်ကဲ့သို့ကွယ်၍ ဖြတ်သန်းပျံလာသည်။
ထိုမှ ထုတ်လွင့်နေသောစွမ်းအင်မှာ ကြောက်စရာကောင်းလှအောင်ကြီးမားလှသည်။ လူတစ်ချို့သည်ကား လဲပင်လဲကျ ကုန်သည်။
“အဲ့တာရှေးဟောင်းမျိုးနွယ်စုရဲ့ ဆက်ခံသူတွေပဲ … ဘယ်လိုမိသားစုကများ အဲ့လို သတ္တဝါမျိုးကို ကလေးတွေနဲ့ထည့်လွတ်လဲမသိဘူး ..။ ”
လူတိုင်း အံ့ဩထိတ်လန့်ကုန်သည်။
ငှက်ကြီးကား အလွန်ကြောက်ရွံ့ဖွယ်ကောင်း ပြီးကြီးမားလှသည်။ ငှက်ကြီးမှ ကျရောက်သည့်အရိပ်ကား လူတိုင်းကို အသက်ရှုကြပ်မတတ်ဖြစ်စေသည်။ ငှက်ကြီးပေါ်တွင် မတ်တပ်ရပ်နေသာ လူကြီးတစ်ချို့နှင့်လူငယ်တစ်ချို့ကို မျှမျှမြင်ရသည်။
လူတိုင်း အံဩနေကြသည်။ သူတို့ရဲ့သားသမီးတွေကို တကယ်ကြီး ဒီကိုလွတ်နေကြသည်။
“အဲ့တာ သိုင်းဘုရင်(Martial King’s Mount)ရဲ့စီးတော်မလား … အဲ့ကလေးရောက်လာပြီပဲဖြစ်မယ် ..။”
“ဘယ်သူလဲ??”
” ရြီ ရီ .. !!”
ငှက်ကြီးကို ဘယ်ကလာတယ်ဆိုတာကိုသိပြီးသိုင်းဘုရင်ရဲ့စွမ်းအားနဲ့ စိုးမိုးမှုကို ပြသနေတာကို သိတဲ့လူရှိခဲ့တယ်။
ရှေးဟောင်းမျိုးနွယ်ဝင်တွေရဲ့ ဆက်ခံသူအစစ်အမှန် ဖြစ်ပြီး လွန်ခဲ့တဲ့ရက်တွေက တောင်တန်းတွေနားက ဂုဏ်သရေရှိ လူကြီးမင်းတွေ ရှိတဲ့နေရာမှာပဲ နားနေပြီး ဒီနေ့မှာသူ့ရဲ့ပွဲထွက်ပြတာပဲဖြစ်တယ်။
“ဖြတ်ခိုင်းလိုက်”ဟု အကြီးအကဲတွေထဲမှ တစ်ယောက်က အော်လိုက်ကာ လူတစ်ယောက်မျှကိုမှ မတားဆီးစေပဲ နားခွင့်ပြုလိုက်သည်။
“အမှန်ပဲဟ .. ရှီရီ နတ်နန်းကျောင်းတော်ကို ဝင်မှာဟ.. ။သေချာတာကတော့ ရှေးသူတော်စင်တွေနဲ့ပုခုံးချင်းယှဉ်ဖို့ပဲဖြစ်မယ်… ။”
လူတိုင်းက အံ့ဩပြီး သေချာကြောင်းမှတ်လိုက်ကြတယ်။
ဒီသတင်းကိုသာ သေချာသွားရင် ရုတ်ရုတ်သဲသဲ ဖြစ်သွားမှာသေချာတယ်။
ရှီချင်ဖန်းက တံဆိပ်ပြားသုံးပြီး ဝင်ရောက်သွားသော်လည်း မည်သူကမှ သတိမထားမိတော့ပဲ လုံးဝကို ရှီရီရဲ့ လောင်းရိပ်မိသွားတော့တယ်။
***