သုခကမ္ဘာက ရှီဟောင် - Chapter - 180 တုန်ခါစေခြင်း
Chapter – 180 တုန်ခါစေခြင်း
” မိုးနတ်မင်းကယ်ပါ .. ပါရမီရှင်တွေအားလုံးက ဒီ ထွက်ပေါက်တစ်ခုတည်းကို စုဝေးလာကြတာလား .. ဒီလိုနေရာမှာ လူရာပေါင်းများစွာ စုစည်းနေတယ်ဆိုတာ တစ်ခါမှ မကြုံဖူးခဲ့ဘူး .. အခုရှိနေတဲ့ ကျင်ကြံသူပါရမီ အရေအတွက်က အရင်တုန်းက နယ်မြေခုနှစ်ခုစလုံးက ထွက်လာခဲ့တဲ့ လူတွေနဲ့တောင် ကျော်လွန်နေတာပဲ ..။”
နတ်နန်းကျောင်းတော်ကြီးရဲ့ အကြီးအကဲရှောင်ဖေးရဲ့ မျက်နှာပေါ်မှာ အပြုံးတွေဖြစ်ပေါ်လာပြီး ခေါင်းညိတ်လိုက်တယ်။
” အမှန်ပဲ .. ဒီတကြိမ်က ပိုကောင်းနေတယ် ..။”
အင်အားကြီးကလန်တွေက အကြီးအကဲတွေကလည်း သူတို့ထင်သလောက် အခြေအနေတွေ မဆိုးရွားသေးတာကြောင့်လည်း အနည်းငယ်စိတ်သက်သာယာ ရသွားတယ်။
” အားယိုး .. အဲ့ဒါ ထန်ထန်မန် ပဲ .. သူက လေးကြိမ်အထိ ကျရှုံးခဲ့ရတာကြောင့် ဒီနှစ်မှာ သူအောင်မြင်မယ်လို့တောင် ငါ မထင်ထားမိဘူး ..။”
ကလန်အကြီးအကဲတစ်ယောက်က တဟားဟားရယ်မောလိုက်တယ်။
” ဟေ့ .. ငါ့ကလန်ရဲ့ ချင်းဟူလည်း အောင်မြင်သွားပါတယ်ကွ .. သူ့ရဲ့ စွမ်းအင်အော်ရာတွေကိုလည်း ကြည့်ဦး .. သူ့ စွမ်းအားတွေက်ို အများကြီး မဖြုန်တီးခဲ့ပုံပဲ .. သူက တကယ့်ကို လူငယ်သူရဲကောင်းတစ်ယောက်လို့ ပြောလို့ရတယ် ..။”
ကလန်အကြီးအကဲတွေအားလုံးဟာ ပျော်ရွှင်နေကြတာကြောင့် တစ်ယောက်ကို တစ်ယောက် အပြန်အလှန်စိတ်လှုပ်ရှားမှုတွေကို ဖော်ပြနေကြတယ်။ တစ်ခါတစ်ရံမှာတော့ သူတို့တွေဟာ သူတို့ရဲ့ ကလန်ထဲက ကလေးတွေကို ရာပေါင်းများစွာသော လူတွေကြားမှာ ရှိနေတာကို တွေ့ရှ်ိလိုက်ကြတယ်။
အစပိုင်းမှာတော့ အကြီးအကဲ ရှောင်ဖေးဟာ သူ့ရဲ့ မျက်နှာပေါ်မှာ အပြုံးတွေ တွဲခိုနေပြီး ခေါင်းတညိတ်ညိတ် ဖြစ်နေခဲ့တယ်။ ပါရမီရှင်တွေ အများအပြားကလည်း ပထမအဆင့်မှာပဲ ထွက်ခွာသွားကြရတာကြောင့် ထိုဟာက အရမ်းကို ကြောက်စရာကောင်းလွန်းတယ်လို့ သူခံစားရနေတယ်။ သို့သော် သူဟာ တဖြည်းဖြည်းနဲ့ တစ်ခုခု မူမမှန်လာသလိုလည်း ထငမလာခဲ့တယ်။ လူတွေ ဘာလို့ဒီလောက်များများ ထွက်လာကြတာလဲ။ လူများစွာဟာ ထွက်လာကြပေမဲ့လည်း ဒါဟာ ဘယ်တော့မှ အဆုံးမသတ်တော့မတတ် ဖြစ်လာပါပြီ။
” တစ် .. နှစ် .. နှစ်ရာ့လေးဆယ်လေး ..”
အကြီးအကဲရှောင်ဖေးဟာ ရိုးရိုးရေတွက်နေပြီးနောက် သူ့ရဲ့ နဖူးကြောတွေ တွန့်လာခဲ့တယ်။ လူတွေ ဘာကြောင့် ထိုမျှလောက် ရုတ်တရက် ထွက်လာရတာလဲ။ ထို အတားအဆီးအကာအရံတွေဟာ မယုံနိုင်လောက်အောင် ခက်ခဲပေမဲ့လည်း လုံး၀ထိရောက်မှု မဟုတ်တာမျိုးတော့ မဟုတ်ခဲ့ပါဘူး။
“ လေးရာ .. လေးရာ့တစ်ဆယ် ..”
အကြီးအကဲ ရှောင်ဖေးဟာ ဆက်လက်ရေတွက်နေခဲ့တယ်။ သူဟာ စိတ်ပျက်စပြုလာခဲ့ပြီး တီးတိုးညီးတွားလိုက်တယ်။
” ရိုးရိုးသားသား ပြောရရင် ပါရမီရှင်တွေ အများကြီးရှိပါတယ် .. ဒီလို အဖြစ်ကတော့ တကယ်ကို ရှားပါးလွန်းတယ် ..။”
” အမ် .. ဒါက မမျှော်လင့်တာတွေ ဖြစ်လာခဲ့တာပဲ .. အတိတ်တုန်းကထက် သာလွန်နေတာပဲ .. ဘာပဲဖြစ်ဖြစ် ဒါက ကောင်းပါတယ် ..”
အကြီးအကဲ ကျောင်းရန်ဟာ ကျေနပ်စွာ ခေါင်းကို ညိတ်လိုက်တယ်။
မျိုးဆက်သစ်လူငယ်ပေါင်း တစ်ထောင်ကျော်လာတဲ့အခါမှာတော့ အကြီးအကဲရှောင်ဖေးဟာ မီးခဲဖင်ခုထိုင်ထားရသလို ထိုင်မရ ထမရဖြစ်နေပြီး နောက်ဆုံးမှာ လုံး၀မတ်တပ်ရပ်သွားရတယ်။
အကြီးအကဲ ကျောင်းရန်လည်း အနည်းငယ်အံ့သြသွားခဲ့တယ်။
“ဒီနေရာမှာ ပါရမီရှင်တွေ အများကြီး ရှိနေတာလား .. ဒီအဆင့်က အမှန်တကယ် ပြောရရင် အဲ့လောက်အထိ မလွယ်ဘူးလေ ..။”
တခြားအကြီးအကဲများဟာလည်း မျက်မှောင်ကြုတ်သွားကြပြီး တိတ်ဆိတ်စွာ ဆွေးနွေးနေကြတယ်။ ထိုအချိန်မှာ တစ်ယောက်က စတင်ပြောဆိုလာခဲ့တယ်။
” လူတွေ အရမ်းများနေတယ် .. ဒါက အတော်လေးကို အဆင်မပြေဘူး .. သူတို့ကို နောက်တစ်ခါ စမ်းသပ်စစ်ဆေးခြင်း ပြန်လုပ်ရမယ်ထင်တယ် .. အဲ့ဒီလိုမှ မဟုတ်ရင် ကျောင်းတော်ထဲကို ၀င်လာမဲ့ သူတွေက ငါတို့ ထင်ထားတာထက် အဆမတန် များနေတော့မှာ ..။”
” ငါလည်း ဒီလောက် ကြောက်စရာကောင်းလိမ့်မယ်လို့ မထင်ထားမိဘူး .. ငါတို့ တစ်ခုခု အပြောင်းအလဲ လုပ်လိုက်ရင် အင်အားကြီးကလန်တွေက အကြီးအကဲတွေက မကျေနပ်ပဲ တိုင်ကြားမှုတွေ လုပ်လာနိုင်တယ် .. ပြီးတော့ ငါတို့တွေ ဒီနှစ် အတားအဆီးကို အတော်လေး မြင့်ထားခဲ့ကြတာ ..။”
အကြီးအကဲတစ်ယောက်က အကူအညီမဲ့စွာ ပြောလိုက်တယ်။
ကျောင်း၀င်ခွင့် အောင်မြင်လာသူတွေဟာ နှစ်ထောင်ကျော်လာတဲ့အခါမှာတော့ အကြီးအကဲ ရှောင်ဖေးရဲ့ မျက်နှာဟာ အစိမ်းရောင် ပြောင်းလာခဲ့တယ်။
” ဘယ်လိုတွေတောင် ပါရမီရှင်တွေ ဒီလောက် များနေရတာလဲ ..။”
အကြီးအကဲ ကျောင်းရန်ရဲ့ စိတ်ပျက်လက်ပျက် စကားသံတွေ ပေါ်ထွက်လာခဲ့တယ်။ သူဟာ ဘာပြောရမှန်းကို မသိတော့ဘူး ဖြစ်နေတယ်။
“ ဒါ…”
နတ်နန်းကျောင်းတော်ကြီးရဲ့ တခြားအကြီးအကဲအနည်းငယ်ကလည်း မူးဝေသလို ခံစားနေရတယ်။
လူပေါင်း သုံးထောင်အထိ ရောက်လာတဲ့အခါမှာ အကြီးအကဲတွေအားလုံးဟာ မငြိမ်မသက်ဖြစ်လာကြပြီး သူတို့ရဲ့ မုတ်ဆိတ်တွေကို ပြန်ဆွဲနှုတ်တော့မလို ဖြစ်လာတယ်။ ထိူ့နောက်မှာ သူတို့တွေဟာ အေးအေးဆေးဆေးမနေနိုင်ကြတော့ပဲ မျက်နှာတွေဟာ စိမ်းမှောင်သထက် စိမ်းမှောင်လာခဲ့တယ်။
ကျောင်းတော်ကြီးက အကြီးအကဲတွေနဲ့ ဆန့်ကျင်ဘက်ပျော်ရွှင်အူမြူ းနေကြသူတွေကတော့ ကလန်အကြီးအကဲတွေပါပဲ။ သူတို့အားလုံးဟာ သူတို့ရဲ့ ကလန်သားတွေဟာ ကြီးကျယ်မြင်မြတ်သူတွေလို ခံစားနေရပြီး သူတို့ထဲက တ၀က်လောက်က ၀င်ခွင့်အောင်လာခဲ့ကြတယ်။
” ကလေး .. မင်းက တကယ်ကို မဆိုးဘူးပဲ .. မင်း ငယ်ငယ်တည်းက ကျင့်ကြံထားတဲ့အတွက် ၀င်ခွင့်စစ်ဆေးခြင်းကို ခံယူနိုင်ခဲ့တာ …”
” အားဟိန် .. မင်းရဲ့ အနှစ် ၂၀ကြာ ကြိုးစားအားထုတ်မှုတွေက အလာဟသဖြစ်မသွားဖူးပဲ .. နောက်ဆုံးတော့ မင်း အောင်မြင်သွားခဲ့ပြီ ..။”
ကလန်အကြီးအကဲတွေရဲ့ အူမြူ းနေတဲ့ အသံတွေကို ကြားရပြီးနောက်မှာ နတ်နန်းကျောင်းတော်ကြီးရဲ့ အကြီးအကဲတစ်ချို့ဟာ အရမ်းကို ဒေါသထွက်လာကြတယ်။ သူတို့တွေဟာ အစတုန်းက အခြေအနေတွေနဲ့ လုံး၀ကို ဆန့်ကျင်နေတဲ့ မြင်ကွင်းတွေကိုကြည့်ပြီး သေလုမတတ် စိုးရိမ်သွားခဲ့တယ်။
“ငါ … ငါ ဘာပြောရဦးမှာလဲ .. အိုး .. အမှန်ပဲ .. ! အဲဒီ ကလေးလေးက နို့စို့နေတုန်းပဲ ..။ ပြီးတော့ သူဘယ်လိုလုပ်ပြီး အတာအဆီးတွေကို ဖြတ်သန်းသွားနိုင်ခဲ့တာလဲ .. ?”
အကြီးအကဲ ရှောင်ဖေဟာ ရူးသွပ်တော့မလို ဖြစ်လာခဲ့ပြီး သူ့ရဲ့ ခေါင်းဟာချာလပတ်ရမ်းလာတဲ့အထိ စိုးရိမ်စိတ်တွေ ကြီးစိုးလာခဲ့တယ်။
” အခုလို ချီးကျူ းတဲ့ အတွက် အကြီးအကဲကို ကျေးဇူးတင်ပါတယ် ..။”
ခြောက်နှစ် ခုနှစ်နှစ်အရွယ် ကလေးလေးတစ်ယောက်ဟာ ထွက်ပေါ်လာပြီး အကြီးအကဲရှောင်ဖေးကို ဂါ၀ရပြုလိုက်တယ်။ ထို့နောက်မှာ သူဟာ သူ့ရဲ့ နှာခေါင်းထဲက နှပ်တွေကို ပြန်နှိုက်လိုက်ပြီး အကြီးအကဲ ရှောင်ဖေးရဲ့ ခန္ဓာကိုယ်ပေါ်ကို သုတ်လိုက်တယ်။
” ဒါက ဘယ်လုိ ငရဲလဲဟ .. ဒီမှာ တစ်ခုခု မှားယွင်းနေတာ ဖြစ်လိ့မ်မယ် ..။”
လက်ရှိအချိန်မှာ နတ်နန်းကျောင်းတော်ကြီးက အကြီးအကဲတွေဟာ မျက်လုံးတွေပြာလာကြပြီး မြန်ဆန်စွာ ထွက်လာစေချင်နေကြတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ မျက်စိရှေ့က မြင်ကွင်းက အရမ်းကိုကြောက်စရာကောင်းနေတာကြောင့် ဖြစ်တယ်။ ၀င်ခွင့်အောင်မြင်လာသူတွေဟာ တဖြည်းဖြည်းနဲ့ လေးထောင်ကျော်လာခဲ့တယ်။ ထို့ထက်မက သူတို့တွေကို ခွင့်မလွှတ်ချင်စရာကောင်းနေတဲ့အချက်က ထိုကလေးတွေဟာ အုပ်စုလိုက်ကြီး ပခုံးချင်းယှဉ်ကာ သက်သောက်သက်သာ ထွက်လာကြတာကြောင့်ဖြစ်တယ်။
သူတော်စင်တစ်ယောက်က လက်ရှိခေတ်အထိ အသက်ရှင်နေဦးမယ်ဆိုရင် ရှေးခေတ်ဟောင်းတုန်းကတောင် အခုလောက် များပြားသော ပါရမီရှင်တွေကို မြင်ဖူးခဲ့မှာ မဟုတ်ပါဘူး။
ဘယ်လိုတွေများ စမ်းသပ်စစ်ဆေးမှုတွေကို ကျော်ဖြတ်ခဲ့ကြတာလဲ .. ထိုကလေးတွေ အားလုံးဟာ အုပ်စုလိုက်ကြီး ချီတက်လာကြပြီး အားလုံးကလည်း ပြုံးရွှင်နေကြတယ်။ ထိုအရာက အရမ်းကို ထိတ်လန့်ဖွယ်ကောင်းသောကြောင့် အကြီးအကဲတော်တော်များများက မေပြင်ပေါ် ဖင်ထိုင်ကျသွားခဲ့တယ်။
အကြီးအကဲတဝ်ချို့ရဲ့ မျက်နှာကတော့ အစိမ်းရောင်ကနေ စိမ်းပုတ်ပုတ်ရောင် ဖြစ်လာခဲ့တယ်။ နောက်ဆုံးမှာ သူတို့တွေဟာ သည်းမခံနိုင်တော့ပဲ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြတယ်။
” စုံစမ်းစမ်း .. အခုချက်ချင်း စုံစမ်းကြ .. ဒီပြဿ နာကို ဘယ်ကောင်လုပ်တာလဲဆိုတာ အောက်ခြေကနေ လိုက်ကြ..။”
ကျောင်းတော်ကြီးရဲ့ အကြီးအကဲတွေ အသံမှာ မယုံနိင်လောက်အောင် စိတ်ဆင်းရဲနေပြီး နတ်နန်းကျောင်းတော်ရဲ့ မြင့်မားတဲ့စွမ်းအားပုံရိပ်ကိုတောင် ထိခိုက်သွားစေမတတ်ပါပဲ။ လူအားလုံးကလည်း ထိုအသံကို ကြားလိုက်ရချိန်မှာ တုန်လှုပ်ခြောက်ချားသွားခဲ့တယ်။ သူတို့တွေဟာ ရှေးဟောင်းမျိုးဆက်က ဆင်းသက်လာသူ တစ်ယောက်ဟာ တိုက်ခိုက်ခံနေရတာ ဒါမှမဟုတ် တစ်ခုခုဖြစ်နေတယ်လို့ ထက်လိုက်ကြတာပါ။
လေးနာရီခန့်ကြာပြီး နောက်ဆုံးမှာတော့ ကလေးတွေအားလုံး ထွက်လာကြပါပြီ။ လူတိုင်းကလည်း ဂရုတစိုက်ရေတွက်ပြီး စစ်ဆေးထားလိုက်ကြတယ်။
” ရှစ်ထောင် ကိုးရာ နှစ်ဆယ့် ခုနှစ်ယောက် … ၈,၉၇၂ ..”
ထိုအရေအတွက်ဟာ အရမ်းကို ဂုဏ်ကျက်သရေ မြင့်မားတဲ့ နတ်နန်းကျောင်းတော်ကြီးကိုတောင် အံ့အားသင့်သွားစေခဲ့ပြီး သူတို့ရဲ့ မျက်နှာတွေကို အစိမ်းပုတ်ရောင် ပြောင်းလဲသွားစေတယ်။ ထိုအရာက အရင်တုန်းက ရှိခဲ့တဲ့ ဘယ်လိုမှတ်တမ်းတွေထက်မဆို ကျော်လွန်နေပြီး ထူးခြားတဲ့အဖြစ်အပျက်တစ်ခုဖြစ်တယ်။
လူတစ်သောင်းကျော်ဟာ တိုက်ပွဲမြေပြင်ထဲ ၀င်ရောက်သွားခဲ့ကြပြီး လူတစ်ထောင်ခန့်သာ ကျဆုံးခဲ့ကာ တခြားသူတွေအားလုံး ၀င်ခွင့်အောင်မြင်သွားခဲ့ကြတယ်။
တစ်နာရီခန့်အကြာမှာ ထွက်ပေါက်မှာရှိနေတဲ့ အကြီးအကဲတွေဟာ တားဆီးမရအောင် ဒေါသထွက်နေခဲ့ကြပါပြီ။ အကြီးအကဲ ရှောင်ဖေးနဲ့ ကျောင်းရန်တို့ဆိုရင် ပါးစပ်ကနေ သွေးစတွေတောင် ထွက်ကျလာခဲ့တယ်။
” သောက်လခွမ်းတဲ့မှပဲ .. ဒါကို ဘယ်ကောင်လုပ်သွားတာလဲ ..။”
နတ်နန်းကျောင်းတော်ကြီးရဲ့ အကြီးအကဲတွေဆီကနေ ဒေါသတကြီးအော်ဟစ်နေတဲ့ အသံတွေကို ကြားလိုက်ရချိန်မှာတော့ ကလန်အကြီးအကဲတွေဟာ တစ်ယောက်ကို တစ်ယောက် စိုးထိတ်စွာ ကြည့်လိုက်ကြတယ်။ ထို ကျောင်းတော်အကြီးအကဲတွေဟာ ဘာကြောင့် ဒေါသထွက်နေကြတာလဲဆိုတာကို ဘယ်သူမှ မသိခဲ့ကြပါဘူး။
သိပ့်မကြာခင်မှာပဲ နတ်နန်းကျောင်းတော်ကြီးရဲ့ အင်အားကြီးမားမှုကို သိရှိလိုက်ကြတယ်။ ကျောင်းတော်က အကြီးအကဲတွေအားလုံးဟာ ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးကြပါတယ်။
“ ဘာဖြစ်သွားတာလဲ ..” အင်အားကြီး ကလန်အကြီးအကဲတွေအားလုံးဟာ သတိရှိရှိနဲ့ ဂရုတစိုက်မေးမြန်းလိုက်တယ်။
ထို့နောက်မှာ ကျောင်းတော်ကြီးရဲ့ အကြီးအကဲတွေဟာ လှည့်ထွက်သွားကြတယ်။ လူအားလုံးဟာ သူတ်ုိ့ကို လှမ်းမျှော်ကြည့်လိုက်ကြပေမဲ့လည်း သူတို့ရဲ့ စိတ်အခြေအနေကို ခန့်မှန်းလို့ မရခဲ့ပါဘူး။
” ရှစ်ခုမြောက်တည်ဆောက်ထားတဲ့ ပထမအဆင့် နယ်မြေထဲမှာ အတားအဆီး အကာအရံတွေကို အဓိကထောက်ပံ့ပေးထားတာ အဖိုးတန်အရိုးတွေပဲ .. အဲ့ဒီအရိုးတွေကို ခိုးတူးသွားတဲ့ သူခိုးကောင် ရှိနေပြီလေ ..။”
နောက်ဆုံးမှာတော့ ထိုသတင်းက ပေါက်ကြားလာခဲ့ပြီး အင်အားကြီးကလန်က အကြီးအကဲတွေကိုတောင် ကြောက်ရွံ့သွားစေခဲ့တယ်။ သူတ်ုိ့တွေဟာ ရူးသွပ်သွား မတတ်ဖြစ်သွားကြပါတယ်။ သူတို့ဟာ စကားတစ်ခွန်းမှ မပြောကြတော့ပေမဲ့လည်း နှုတ်ခမ်းတွေကတော့ တဆတ်ဆတ် တုန်နေခဲ့တယ်။
ကလန်အကြီးအကဲ တစ်ယောက်က ရုတ်တရက် မေးလာခဲ့တယ်။
” ဘယ်သူပြောတာလဲ .. အဲ့ဒါကို ဘယ်သု
ူလုပ်တာတဲ့လဲ ..။”
” သူက ဘယ်သူဖြစ်ရမှာလဲ .. ဟို နတ်ဆိုးလေးပဲ ဖြစ်ရမယ် .. ဘယ်သူမှတော့ သူရောက်လာတယ်လို့ မပြောကြဘူး .. ခုပုံအတိုင်းဆို သူလုပ်တယ်ဆိုတာ သေချာနေပြီ .. သူ့လို နတ်ဆိုးကောင်ပဲ အခုလို လုပ်မှာ သေချာတယ် …။”
ထို နတ်ဆိုးလေးဟာ လူတွေကို ဘယ်လိုလှည့်ပတ်ကစားရမလဲဆိုတာကို သေချာသိနေပုံရတယ်။ အကြီးအကဲရှောင်ဖေးကတော့ မျက်နှာပေါ်ကို မျက်ရည်တွေ စီးကျလာခဲ့တယ်။
” အဲ့ဒီ သောက်သူခ်ိုးကောင်လေးကို ငါ မတွေ့စေနဲ့ .. သူသာ နတ်နန်းကျောင်းတော်ထဲကို ၀င်လာရင် ငါ ပထမဆုံးလုပ်မှာ သူ့ခြေထောက်ကို အချက်ရှစ်ဆယ်လောက် ရိုက်ပစ်မယ် ဆိုတာပဲ ..။”
အကြီးအကဲ ကျောင်းရန်ကလည်း ပြင်းထန်စွာ အော်ဟစ်လိုက်တယ်။
သို့သော် တခြားသူ တစ်ယောက်ကတော့ ချက်ချင်းပဲ အော်ဟစ်လာခဲ့တယ်။
” မောင်ငယ်လေး .. နင် ဘယ်မှာလဲ .. ကျူ းလုအကယ်ဒမီရဲ့ ကျောင်းတော်တံခါးတွေက နင့်အတွက် အမြဲတမ်း ဖွင့်ထားပေးတယ် ..။”
ထိုစကားတွေကို ၀င်ရောက်ပြောဆိုလာသူက ကျု းလု အကယ်ဒမီကျောင်းတော်က စစ်နတ်ဘုရားမဖြစ်ပါတယ်။ သူမရဲ့ လှပလွန်းတဲ့ ခန္ဓာကိုယ် အချိုးအဆက်ကောက်ကြောင်းတွေ တလျောက်မှ ရွှေရောင်တွေ တလက်လက်တောက်နေခဲ့တယ်။ သူမရဲ့ ချစ်စဖွယ်ကောင်းလှတဲ့ ဖြူ ဖွေးနေတဲ့ မျက်နှာလေးဟာ ကျောက်စိမ်းရောင်လင်းလက်နေတယ်။ သူမရဲ့ လှပချောမွေ့တဲ့ မျက်နှာလေးပေါ်မှာ အပြုံးပန်းလေးတွေ ပွင့်နေခဲ့တယ်။
အကြီးအကဲ ကျုးလုဟာ ချက်ချင်းပဲ ချွေးစေးတွေ ပျံထွက်လာတယ်။
တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင် နတ်ဘုရားကမ္ဘာသည် ထိုသတင်းအချက်အလက်များကို ရရှိသည်နှင့် တစ်ပြိုင်နက် ရူးသွပ်သွားသလို ခံစားလိုက်ကြရတယ်။
” အဲ့ဒီမှာလည်း နတ်ဆိုးလေး ပေါ်လာပြန်ပြီလား ..?”
” သူက ဘာလို့ သိုသိုသိပ်သိပ် မနေနိုင်ရတာလဲ .. ကံမကောင်းစွာနဲ့ပဲ နတ်နန်းကျောင်းတော်လည်း စတင်ခြင်းနယ်မြေလို အဖြစ်မျိုး ကြုံသွားခဲ့ရပြီ ..။”
“ ဟား .. ဟား .. ဒီထူးဆန်းတဲ့ကလေးက ကိုယ်ကျင့်တရားတွေ ပျက်စီးချင်တိုင်း ပျက်စီးနေတာပဲ ..!”
” သူရောက်သွားတဲ့ နေရာတွေကတော့ အရမ်းကို သနားစရာကောင်းသွားကြပြီ .. နတ်ဆိုးလေးက လူတွေကို တကယ်ပဲ စကားမပြောနိုင်အောင် လုပ်ပေးနိုင်တယ် .. ထင်ထားတဲ့အတိုင်းပဲ .. သူက ကောင်းကင်ကိုတောင် ဒေါသထွက်စေနိင်တဲ့ ပြဿ နာအကြီးကြီးကို ထပ်ပြီး လုပ်လိုက်ပြန်တယ် .. ”
” အဲ့ဒါတော့ အမှန်ပဲ .. သူနဲ့ အဆက်အဆံလုပ်တဲ့သူတိုင်း သူ ကောင်းကင်ကို ဒေါသထွက်အောင်လုပ်ထားခဲ့တဲ့ အကျိုးဆက်တွေကို ခံစားသွားရစေနိုင်တယ် .. ဟင်းလင်းပြင် နတ်ဘုရားကမ္ဘာတောငမ သူ့ကို သည်းမခံနိုင်တာသာ ကြည့်ပေတော့ .. မြင့်မြတ်တဲ့ နတ်နန်းကျောင်းတော်ကလည်း သူ့ကို မနှင်ထုတ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ ..”
ထိုအချိန်မှာတော့ ဟင်းလင်းပြင် နတ်ဘုရားကမ္ဘာတစ်ခုလုံး ဆူညံပွက်လောရိုက်နေပြီး လူအားလုံးက ထိုအခြေအနေကိုသာ ဆွေးနွေးပြောဆိုနေကြတယ်။
” ဒီကလေးက လူတွေက်ို ဘယ်လို နှိပ်စက်ရမလဲဆိုတာ ကောင်းကောင်းသိနေတာပဲ .. သူက နည်းနည်းလေးလောက်ပဲ ဆိုးရွားနေတာ မကတော့ဘူး .. သူ သွားလေရာက ဘယ်တော့မှ ငြိမ်းချမ်းတယ်ဆိုတာ မရှိဘူး .. ကံကောင်းတာက အခုသူက ငါတို့နဲ့ ဝေးဝေးမှာ ရှိနေတာပဲ ..။”
တူ ဦးလေးဟာ ထွက်ကျလာတဲ့ ချွေးစေးတွေကို ပြန်သုတ်လိုက်တယ်။
အကြွေစေ့ အကြီးအကဲက ဘာမှ မပြောတော့ပါဘူး။ သူဟာ လှုပ်ရှားမှုတွေဟာ အရမ်းကို ရိုးရှင်းပြီး ချောမွေ့နေခဲ့တယ်။ သူတို့တွေ စကားပြောနေတဲ့ နေရာမှာ ကျောက်ပြားကြီးတစ်ခုရှိနေပြီး စာလုံးတစ်ချို့ကလည်း ခပ်မှိန်မှိန် ထွက်ပေါ်နေတယ်။
” မင်း နို့ဗူးလေးရဲ့ လျှို့ဝှက်ချက်ကို သိချင်ရင် ဝိညာဉ်အပိုင်းအစတစ်ခု ပေးပါ ..။”
ငှက်အဘိုးအိုကြီးရဲ့ လှုပ်ရှားမှုကလည်း နှေးကွေးမနေခဲ့ပါဘူး။ သူက ချက်ချင်းပဲ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုကို ပစ်ပေးလိုက်တယ်။
သိပ်မကြာခင်မှာပဲ နတ်ဆိုးလေးနဲ့ ပတ်သက်တဲ့အချက်အလက်တွေ ဖြစ်ပေါ်လာတယ်။
” 1 •• ရွာလေးတစ်ရွာက သာမန်ကလေးတစ်ယောက် မဖြစ်နိုင်ပါ ..
” 2 ••ရှေးဟောင်း သားရဲမျိုးဆက်ရဲ့ သားလား .. ဒါမှမဟုတ် ရှေးခေတ်ဟောင်း တိုင်းပြည်က ဆင်းသက်လာခဲ့သူလား .. ဟုတ် မဟုတ် မသေချာသေးပါဘူး ..။”
***
အတွဲ – ၉ ပြီး၏။